Tuesday, December 20, 2011

ထိုင်းတွင် လိမ်တူ လပ်ထပ်ကြသော


လွန်ခဲ့သော ဒီဇင်္ဘာလ ၄ ရက် တနင်္ဂနွေနေ့က ၊ သြစတြေးလျ အမျိုးသား တစ်ယောက်က ထိုင်းအမျိုးသားတစ်ယောက်ကို ဘတ်သန်း ၄၀ ထက်မနည်း (ဒေါ်လာ တစ်သန်းကျော်) အကုန်အကျခံပြီး လက်ထပ်လိုက်ကြောင်း သိရသည် ။

အဆိုပါ အမျိုးသား ၂ ဦးတို့၏ မင်္ဂလာဧည့်ခံပွဲကို ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၊
သြစတြေးလျ သတို့သား Mr Chaiyanon က အသက် ၆၀ ဖြစ်ပြီး ၊ Chachoengsao ခရိုင်မှ ထိုင်းအမျိုးသား (သတို့သမီး)က အသက် ၂၇ ဖြစ်ကြောင်း ၊ သတို့သားက ခန့်မှန်းချေ ဘတ်သန်း ၄၀ (ဒေါ်လာ တစ်သန်းကျော်) ထက်မနည်း တန်သော အိမ်ခြံမြေပိုင်ဆိုင်မှု ၊ ငွေသား၊ လက်ဝတ်ရတနာများကို သတို့သမီး (ယောက်ျားလေး) လက်ထဲ ထည့်လိုက်ချိန်မှာ နှုတ်ခမ်းနှစ်ဘက် ပါးချိတ်အောင် ပြုံးလိုက်ပါသည်ဟု သတင်းက ဆိုပါသည် ။

သတို့သားသည် ထိုင်းတွင်ရှိသည့် ပိုင်ဆိုင်သမျှကို ရောင်းချပြီး ၊ မင်္ဂလာမောင်နှံ နေကြရန် Doi Saket အရပ်၌ ရေကူးကန်ပါသော ဇိမ်ခံအိမ်ကြီးတစ်လုံးဝယ်လိုက်ကြောင်း ၊ သတို့သားသည် ဘွဲ့ရပြီးကတည်းက ချင်းမိုင်မှာ နေခဲ့ကြောင်း ၊ ဧည့်ခံပွဲတွင် လန်းနား (Lanna) ဒေသ ရိုးရာ မင်္ဂလာဆောင် အဝတ်အစား ကို နှစ်ဦးသား ဝတ်ထားကြကြောင်း ၊ ၄င်းတို့၏ မင်္ဂလာပွဲကို နှစ်ဘက် ဆွေမျိုး မိတ်ဆွေများက ထောက်ခံ သဘောတူကြကြောင်း သတင်းများက ဆိုပါသည် ။
အဆိုပါ အမျိုးသားအချင်းချင်း လက်ထပ်ကြသည့်ကိစ္စကို မည်သို့ပင် သဘောတူကြစေကာမူ ၊ သြစတြေးလျနိုင်ငံရော ထိုင်းနိုင်ငံပါ ၂ နိုင်ငံစလုံးက တူညီသောလိင် အမျိုးအစားချင်း ထိမ်းမြားလက်ထပ်ခြင်းကို ဥပဒေအရ ခွင့်မပြုသေးသောကြောင့် ၊ တရားဝင် လင်လင် (လင်မယား) ဖြစ်ရေးက ခရီးဝေးပါသေးသည်ဟု လည်း သတင်းက ဝေဖန်ထားပါသည် ။

No comments:

Post a Comment