Friday, December 16, 2011

ိုကိုရီ.းယားသို့ မြန်မာ EPS အလုပ်သမား

ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲစစ်ဆေး၍ ကိုရီးယားသမ္မတ နိုင်ငံသို့ မြန်မာနိုင်ငံမှ လုပ်သားများ တရားဝင်စေလွှတ်လျက်ရှိရာ၂၀၁၁ ခုနှစ် ဒီဇင်ဘာ လလယ်ပိုင်းအထိ လုပ်သားပေါင်း ၁၉၆၉ ဦး စေလွှတ်ပြီးဖြစ်ကြောင်း အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီမှ သတင်း ရရှိပါသည် ။
EPS စနစ်ဖြင့်မြန်မာနိုင်ငံမှ လုပ်သားများအား ကိုရီးယားနိုင်ငံသို့ စေလွှတ်ခဲ့ရာတွင် ၊ ပထမအကြိမ် အဖြစ် မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီး ဌာနနှင့် ရွှေအင်းဝ ၀န်ဆောင်မှု အေဂျင်စီတို့ပူးပေါင်း၍ ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့က ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ (EPS-KLT) စစ်ဆေးခြင်း ဖြင့်လည်းကောင်း၊ ဒုတိယအကြိမ် အဖြစ် အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီ၏ ဆောင်ရွက်မှုဖြင့် ၂၀၁၁ ခုနှစ်ဇွန်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့ က ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ (EPS-TOPIK) အား ပြုလုပ်ခဲ့ခြင်းနှင့် ၊ တတိယအကြိမ်အဖြစ်လည်းအစိုးရ ပြည်ပ အလုပ်အကိုင် အေဂျင်စီမှ ထပ်မံဆောင်ရွက်ကာ ၊ အောက်တိုဘာလ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့ တို့တွင် ကိုရီးယားဘာသာ အရည်အချင်းစစ်စာမေးပွဲ (EPS-TOPIK) အား စစ်ဆေးပြီးစီစဉ်ခဲ့ခြင်း ဖြစ်သည်။

ယင်း စာမေးပွဲဖြေဆို အောင်မြင်ခဲ့သူများ (အမှတ် ၈၀ နှင့်အထက် ရရှိသူများ) ကို ကိုရီးယားနိုင်ငံဘက် က ခေါ်ယူခဲ့ရာ ၊ ပထမအကြိမ် စာမေးပွဲ ဖြေဆို အောင်မြင်ကြသူများအနက် လုပ်သားပေါင်း ၁၅၆၁ ဦး ၊ ဒုတိယအကြိမ် စာမေးပွဲ ဖြေဆိုအောင်မြင်ကြသူများ အနက် လုပ်သားပေါင်း ၄၀၈ ဦးတို့ကို လုပ်သားအဖြစ် ရွေးချယ်ခေါ်ယူခဲ့ပြီးဖြစ်ကြောင်း နှင့် ၊ စာမေးပွဲ အောင်မြင်ပြီးသူများအတွက် အလုပ်ခေါ်စာများရရှိရန် ကျန်ရှိနေသေးကြောင်းလည်း သိရသည်။

EPS စာမေးပွဲစစ်ဆေး၍ ကိုရီးယားနိုင်ငံသို့ အလုပ်သမားစေလွှတ်မှုသည် G to G ဖြင့်စေလွှတ်ခြင်း ဖြစ်၍ အလုပ်ရရှိမှု ခိုင်မာမှုရှိကာ ၊ သွားရောက် အလုပ်လုပ်သူတစ်ဦးသည် တစ်လလျှင် မြန်မာငွေကျပ် ၁၀ သိန်း အနည်းဆုံးရရှိနိုင်ကြောင်း ၊ ကိုရီးယား EPS စနစ်သည် အလုပ်ရှင်၏ ဆန္ဒအရ အလုပ်သမားအား စိတ်ကြိုက်ရွေးချယ်ခေါ်ယူသည့် စနစ် ဖြစ်သောကြောင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ရွေးချယ်ခေါ်ယူပေးရန် တောင်းဆို၍ရသည့်စနစ် မဟုတ်ကြောင်း လည်း သိရှိရပါသည်။

No comments:

Post a Comment