Wednesday, December 14, 2011

ကိုရီးယားတွင် မြန်မာတဦးသေဆုံးမှု

ကိုမင်းသူ(ခ)ကိုမြသောင်းထွန်း အသက် (၃၂) နှစ် သည် သူငယ်ချင်း ကိုထင်ကျော်နှင့်အတူ အူဆန်းမြို့ 울산관역시 울주군 웅촌면 고연리 520-6 တွင် ၁၄.၇.၂၀၁၁ နေ့တွင် စတင် အလုပ်လုပ်ခဲ့ပါသည်။ ပြီးခဲ့သည့် တနင်္လာနေ့ ၅.၁၂.၂၀၁၁ နေ့ နံနက် ၈ နာရီ အလုပ်မဆင်းမှီ အချိန်တွင် ကိုမင်းသူက မိမိနှင့် အလုပ်အတူလုပ်နေသူ ကိုထင်ကျော်အား ရင်ဝမှ တအားအောင့်သည်ဟု ပြောပြီး ဆေးရုံသို့ပို့ပေးရန် ရုံးခန်းသို့ သတင်းပို့ခိုင်းခဲ့သည်။ ကိုထင်ကျော်လည်း ရုံးခန်းသို့ အလျှင်အမြန် သတင်းပို့ပြီး အခန်းသို့ပြန်ရောက်သောအခါ ကိုမင်းသူမှာ သတိလစ်မေ့မျောနေကြောင်းတွေ့ရသည်။ ရုံးခန်းတာဝန်ရှိသူများမှ အရေးပေါ်လူနာတင်ယာဉ်ခေါ်ပြီး ဆေးရုံလို့ ပို့ဆောင်ခဲ့ပါသည်။ ဆေးရုံရောက်ပြီး မကြာမီပင် ကွယ်လွန်ခဲ့ပါသည်။

ရုံးခန်းတာဝန်ရှိသူများနှင့် ကိုထင်ကျော်က ဆေးရုံ ထောက်ခံစာယူခြင်း သံရုံးသို့ ဆက်သွယ်ခြင်း ရဲစခန်းသို့ သတင်းပို့ခြင်း လုပ်ငန်းများကို ပြုလုပ်ခဲ့ရာ ကြာသာပတေးနေ့ ၈.၁၂.၂၀၁၁နေ့ ညနေ ၇ နာရီတွင် အားလုံးပြီးစီးသွားပါသည်။ ၉.၁၂.၂၀၁၁ သောကြာနေ့ နံနက် ၁၀ နာရီတွင် ကျန်ရှိနေသော ရုပ်ကလပ်ကို အူဆန်ဆေးရုံတွင် ဘူဆန်းမြိှု့ ပြည်တော်ဦးဆရာတော် ဦးပဏ္ဍိစမှ သရဏဂုံ တင်ပေးပြီး စက်ရုံတာဝန်ရှိသူ၊ ကိုထင်ကျော်နှင့် သူငယ်ချင်းများမှ မီးသင်္ဂြိုလ်စက်သို့ ပို့ဆောင် မီးသင်္ဂြိုလ်ပြီး အရိုးပြာများကို အူဆန်း မြို့အနီး မြစ်အတွင်းသို့ မျှောချပေးခဲ့ပါသည်။

၁၀.၁၂.၂၀၁၁နေ့တွင် ကိုမင်းသူ အလုပ်လုပ်ခဲ့သော စက်ရုံအတွင်းရှိ ကိုမင်းသူနေထိုင်ခဲ့သောအခန်းတွင် ပြည်တော်ဦးဆရာတော်အား ပင့်ဖိတ်၍ အူဆန်းမြို့ ကျန်ရစ်နေသော သူငယ်ချင်းများမှ ဆွမ်းသွပ်တရားတော်နာပြုလုပ်ကြမည်ဖြစ်ကြောင်း အဝေးနေမိသားစု နှင့်သူငယ်ချင်းတစ်စုအား အသိပေးအကြောင်းကြားအပ်ပါသည်။

ကိုမင်းသူ သည် မြန်မာပြည် မြစ်ကြီးနားမြို့မှ လာရောက်အလုပ်လုပ်ကိုင်သူဖြစ်ပြီး ဇနီးသည်နှင့် ၂နှစ်အရွယ်သမီးငယ်လေး ကျန်ရှိနေခဲ့ကြောင်းသိရပါသည်။

No comments:

Post a Comment