E 7 (특정활동)
( အထူးလုပ်ဆောင်မှူဗီဇာ)
E7. ဗီဇာက ဘာလဲ . 비전문취업(E 9) ကနေ ဘယ်လိုပြောင်းရလဲ. ဘာတွေလိုအပ်လဲ မေးမေးနေသော ညီအစ်ကိုများအတွက်.
၁။ E-9 .E-10. H-2. ဗီဇာ ရရှိထားသူများဖြစ်ပြီး ၊ ကိုရီးယားတွင် ယခုလက်ရှိ ၄ နှစ် အထက်
အလုပ်လုပ်နေသူ။(제조업.ကုန်ထုတ်လုပ်ငန်း၊
건설업.ဆောက်လုပ်ရေးလုပ်ငန်း ၊ 농축어업.စိုက်ပျိုးရေးလုပ်ငန်းအပါ)
။
၂ ။ အသက် ၃၅. နှစ်အောက်ဖြစ်ရမည်။(ရုံမပြောင်းဘဲ ၄ နှစ် ဆက်တိုက်လုပ်သူ အသက် ၄၀
အောက်)။
၃။ Topik (토픽 한국어 능력시험 .3 급) Level 3 .အောင်လက်မှတ် ရရှိထားသူ။
(လက်ရှိအလုပ်မပြောင်းဘဲ ၄ နှစ် ဆက်တိုက်အလုပ်လုပ်သူ Level 2 အောင်လက်မှတ်)။
(သို့မဟုတ်)
အင်မီဂရေးရှင်းက ကျင်းပပေးသော 사회통합프로그람 အောင်လက်မှတ်ရရှိထားသူ။
၎။ လစာ အနည်းဆုံး လစဉ် ၂၂ သိန်း ၂ သောင်းလောက်ရရှိသူ။ (အဲ့လောက်မရလဲ စိတ်မညစ်ပါနဲ့. 소득세 အခွန်ဌာနမှာ အဲ့လစာလောက်ကိုက်ပြီး အခွန်ဆောင်လို့ရပါသည်)။
(သို့မဟုတ်)
기능사 자격중 လို့ခေါ်တဲ့ လုပ်ငန်းကျွမ်းကျင်အောင်လက်မှတ် (ဂျီဂဲချာ ၊ ဝရိန် စသည်) ရရှိထားသူ။
၅ ။ မိမိ နိုင်ငံတွင် ဘွဲ့ ရ ဖြစ်ရ. (သို့မဟုတ်)
ဒုတိယနှစ် အောင်လက်မှတ် ရရှိထားသူဖြစ်ရမည်။