Sunday, December 18, 2011

EPS စနစ်ဖြင့် ကိုရီးယားသို့

အခု ယောသူတို့ မြန်မာနိုင်ငံမှာ ကိုရီ.ယားဆိုပြီး နာမည်တွေကြီးနေကြပါတယ် ဒီတော့ ယောသူ အားလုံးကိုပြောပြချင်ပါတယ် သိတဲ့တဲ့သူတွေရှိသလို မသိတဲ့သူတွေကလဲ ပြောသံကြားတွေနဲ့ အိမ်မက်တွေမက်နေကြပါတယ် အော်မက်လဲမက်ချင်စရာလေ မြန်မာနိုင်ငံမှာက ဘယ်အချိန်ကြည့်ကြည့် ကိုရီးယားဇာတ်လမ်းတွဲတွေက ၂၄ နာရီလေ ပြီးတော့ကိုရီးယားမှာက ငွေတွေအများကြီးရှာလို့ရတယ်ထင်ထားကြတယ် ဟုတ်ပါတယ် တို့မြန်မာနိုင်ငံနဲ့နှိုင်ယှဉ်ရင်တော့ တောတော်ကြီးသာပါတယ်ဗျာ ဒါပေမဲ့မှားနေတာတခုက တို့မြန်မာနိုင်ငံမှာကြားနေရတဲ့သတင်း ဂျာနယ်တွေမှာပါတဲ့သတင်းတွေက မှားနေသလားလို့လေ ဘာလဲဆိုတော့ ကိုရီးယားမှာမြန်မာငွေ ကျပ် ၁၀ သိန်းအထက်ရမယ်ဆိုတာပေါ့ ယောသူပြောချင်ပါတယာ် ကိုရီ.ယားကိုလာတဲ့သူတိုင်းဟာ စာချုပ်ထဲမှာ လစာပါပြီးသားပါဗျာ ကိုရီးယာဝမ် ၉သိန်းမှ ၁၀ သိန်းပါနော် ဒါက မြန်မာငွေနဲ့ဆိုရင်  ၆ သိန်း ကျော်ဘဲရပါတယ်စားတာသောက်တာနဲ့ဆိုရင်  ၅သိန်းဘဲကျန်တယ်လေ  ယောသူဆိုလိုတာက အိမ်မက်တွေ တအားကြီး မပေးဖို့ပါ ဒီမှာ လစာ သိန်း၂၀ အထက်ရတဲ့သူဆိုတာရှားပါတယ် ၁၅ သိန်းအထက်ရတဲ့သူဆိုတာလဲရှားပါတယ် ဒီကလူတွေက အလဘုပ်ထဲရောက်ရင် နွားလိုလုပ်ရတယ်နော် ဒါတော့သတိထားစေချေင်ပါတယ် အဆင်မပြေဘူးပြောတာမဟုတ်ပါဘူး ကိုရီးယားကလူတွေက ဇာတ်လမ်းထဲကလိုသိမ်သိမ်မွေ့မွေ့ မထင်ပါနဲ့ ကူညီတတ်တယ် ဆဲတတ်တယ် လစာတွေကလဲကောင်းတော့ တို့မြန်မာတွေကလဲ လာချင်တာကိုး ဒီရောက်တော့ မလုပ်နိုင်ဘူး ပြီးတော့ လစာပိုရတဲ့ဆီကိုသွားချင်တယ် လောဘတွေလေ  တို့မြန်မာတွေသွားနေကြတဲ့ မလေး စင်ကာပူ ဒူဘိုင်း ကာတာ  ထိုင်း စတဲ့နိုင်ငံတွေထက်တော့ သာပါတယ် ဒါပေမဲ့ ကြံကြံခံနိုင်မှ လာစေချင်ပါတယ် အေးတာကလဲ ကြောက်စရာပါဘဲဗျာ ဒီကိုလာတဲ့သူတိုင်းက အလုပ်ကြမ်းနော် ပြီးတော့ ဒီရောက်တော့ ဆေးက ချက်ချင်းစ်တယ် ဒါကိုလဲသိထားစေချင်ပါတေယ် နောက် ဒီရောက်တာနဲ့ သင်တန်းကျောင်းကိုချက်ချင်းပို့တယ် သင်တန်းကျောင်းမှာကျွေးတာက တို့မြန်မာနိုင်ငံက ရဲဘက်တွေကိုကျွေးတာနဲ့တူတယ် ဟဟဟ မြန်မာတွေကိုသတိပေးရအုံးမယ် ကိုရီယယားကိုလာရင် တော့ ကင်မချီ စားတတ်အောင်ကျင့်လာခဲ့ပါနော်  တချို့ဆိုရင်  ၁၁ လပိုင်း ၁ရက်နေ့ရောက်လာတဲ့သူပြောပြတာပါ စာချုပ်လုပ်လာတာက ရာဘာနဲ့ ပလပ်စတစ် ဒီရောက်တော့လုပ်ရတာက ပရိဘောဂတွေပါ ပြီးတော့ စာချုပ်ထဲမှာထမင်းကျွေးမယ်ပြောပြီးဒီရောက်တော့ မကျွေးတာတွေရှိနေတယ် ဟဟဟဟ ယောသူအထင်တော့ ကိုရီးယားတွေကလဲ မြန်မာတွေလာချင်မှန်းသိတော့ လစာတွေကော လူမှုရေးတွေကော နှိမ်ကြပြီပေါ့ အခုလဲ မြန်မာမိန်းကလေးတွေ ခေါ်ဖို့ ကမ်းလှမ်းနေပြကီပြောနေကြတယ်မြန်မာမိန်းကလေးတွေ အိပ်မက် မှာပျော်နေကြပြီပေါ့ ဟဟဟဟ ကဲပါ ယောသူပြောချင်တာက ကိုရီးယားကိုလာချင်တယ်ဆိုရင် တော့ eps စာမေးပွဲကိုဖြေဖို့ မြန်မာနိုင်ငံမှာ မေးခွန်း ၂၀၀၀ ဆိုတာကို အခြေခံကနေတက်ရတယ်  ပြီးခဲ့တဲ့ ၂၀၀၈ နဲ့ ၂၀၁၁ မှာခြေခဲ့တဲ့ ပထမအကြိမ်နဲ့ ဒုတိယ အကြိမ် စေားမေပွဲကတော့ အောင်မှတ်က ၈၀ အထက်သတ်မှတ်ပါတယ် အခု ၂၀၁၁ ၁၀ ပိုင်းမှာဖြေတာကတော့ အမှတ် ၁၈၀ အထက်လို့သတ်မှတ်တယ်ကြားရပါတယ် ဒါကလဲ ကိုရီးယားကခေးတဲ့ လူအရေအတွက်နဲ့ ဖြေတဲ့သူအရေအတွက်ကို ချိန်ကိုက်ရတဲ့သဘောပါ ဖြေတဲ့သူကများပြီး ခေါ်တဲ့ လူအအရေအတွက်ကနည်းနေရင် အောင်တဲ့ သူကနည်းမှာပါ အမှတ်များတဲ့သူကဘဲအောင်သွားမှာပေါ့ စာမေးပွဲဖြေဖို့ ဆိုရင်တော့ ၃ လလောက်တော့အချိန်ပေးရမယ်ထင်တယ် ကိုရိးယားကိုလာမယ်ဆိုရင်တော့ ကိုရိးယားဘာသာစကားတတ်ထားတာ အကောင်းဆုံးပါဘဲဗျာ ပြီးတော့ နယ်ကလူတွေကို အသိပေးချင်ပါသေးတယ် ဘာလဲဆိုတော့ ကိုရိးယားကို ဘယ်က ပွဲစားကမှလုပ်ပေးလို့မရပါဘူး အစိုးရ company ကဘဲကိုင်တွယ်တာဆိုတော့ ၀န်ဆောင်ခကလဲ ၈ သိန်းတိတိပါ ဘာမှပိုပေးစရာမလိုပါဘူး ဒီကိုလာရင်  ဒေါ်လာ  ၂၀၀ လောက်ယူခဲ့ရင်ပိုကောင်းပါလိမ်ကမယ် ထပ်ပြီး ဖြည့်စီးပေးပါမည် ယောမြေ

No comments:

Post a Comment