Thursday, December 29, 2011

ရန်ကုန်မြို့မီးလောင်မှု

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ ကူးတို့ဆိပ်လမ်း၊ ပုဇွန်တောင်ချောင်း အနီးမှာ ရှိတဲ့ ဂိုထောင်တွေ မီးလောင် ပေါက်ကွဲမှု ဖြစ်ပါတယ်။

၂၉-၁၂-၂၀၁၁ နေ့ ၀၁း၁၅ နာရီခန့်မှာ စတင်လောင်ကျွမ်းခဲ့ပြီး ၀၂း၀၀ နာရီမှာ ကျယ်လောင်တဲ့ ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။ ၎င်းပေါက်ကွဲသံဟာ ရန်ကုန်မြို့ မြို့နယ်
အတော်များများ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ တာမွေ၊ ဗဟန်း၊ ရန်ကင်း၊ တောင်ဥက္ကလာ၊ ကမာရွတ်၊ စမ်းချောင်း၊ သာကေတ၊ ဒေါပုံ၊
သင်္ကန်းကျွန်း စတဲ့ မြို့နယ်က တိုက်ခန်းတွေ လှုပ်ခါခဲ့ပါတယ်။
ပေါက်ကွဲလွင့်စင် ထွက်လာတဲ့ အရာတွေ ထိမှန်ပြီး အနည်းဆုံး ၄၀ ဦးထက် မနည်း သေဆုံးတယ်လို့
ကယ်ဆယ်ရေး လုပ်နေသူ ကြက်ခြေနီ တပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။ ပုဇွန်တောင် ချောင်းအတွင်း ဆိုက်ကပ်ထားတဲ့ စက်လှေ၊ သမ္မာန်တွေပေါ်က လူတွေကော၊
လှေတွေပါ တော်များများ ထိမှန်ခဲ့ပါတယ်။ ပေ ၁၀၀၀ ၀န်းကျင်ခန့် မှာရှိတဲ့ အိမ်များလည်း မီးမလောင်ပေမယ့် ပေါက်ကွဲတဲ့ အရှိန်ကြောင့် ပျက်စီးကုန်ပါတယ်။ မီးလောင်ရာသို့
မီးသတ်ကား အစီး ၇၀ ခန့် လာရောက် ငြိမ်းသတ်နေပါတယ်။ နံနက် ၀၃း၀၀ နာရီလောက်မှာ မီးညွန့်ကျိုးသွားပါတယ်။ မီးလောင်ပေါက်ကွဲတဲ့ ဂိုထောင်တွေဟာ
အစိုးရပိုင်လား၊ပုဂ္ဂလိကပိုင်လား၊ ဦးပိုင်က ပိုင်တာလား ဆိုတာ မသိရသေးသလို ဘယ်က စလောင်တာလည်း ဆိုတာလည်း မသိရသေးပါဘူး။

No comments:

Post a Comment