Wednesday, December 28, 2011

ကိုရီးယားနှစ်သစ်ကူး မြန်မာ ရှိုးပွဲ

ကိုရီးယားနှစ်ကူးပွဲတော်ကာလ ၊ အင်ပါယာတီးဝိုင်း ဂီတပွဲတော်ကျင်းပမည်

လာမည့် ဇန္နဝါရီလ ၂၂ မှ ၂၄ ရက်အတွင်း ကျရောက်မည့် ကိုရီးယားနှစ်ကူးပွဲတော်အတွင်း ၊ ကိုရီးယားရောက် မြန်မာများ စိတ်လက်အပမ်းဖြေမှုရှိစေရေး နှင့် ကိုရီးယား မြန်မာ ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေရေး ၊ ရည်ရွယ်ချက်များဖြင့် မြန်မာ ဂီတပွဲတော် ကျင်းပမည်ဖြစ်ကြောင်း သိရသည် ။
အဆိုပါဂီတပွဲတော်မှာ ကိုရီးယားမြန်မာယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း နှင့် ၊ ပွဲတော်တွင် အင်ပါယာတီးဝိုင်းနှင့်အတူ နာမည်ကျော် ဆူပါ တေးသံရှင်များဖြစ်ကြသည့် ဇော်ဝင်းထွဋ် ၊ နောနော် ၊ မယ်လိုဒီ နှင့် ချမ်းချမ်းတို့ ပါဝင်သီဆို ဖျော်ဖြေကြမည်ဟု ပွဲတော်စီစဉ်သူများက ပြောပါသည် ။
ယခုနှစ်တွင်လည်း ဂီတပွဲတော်ကို ဘူချောန်းမြို့တော် ပြည်သူ့ခမ်းမ (Bucheon Citizen Hall) တွင် ကျင်းပမည်ဖြစ်ပြီး ၊ ရုံဝင်ခမှာ ဝမ် ခြောက်သောင်းဖြစ်ကြောင်း ၊ ကြိုတင်လက်မှတ် ကိုမူ ဝမ် ၅ သောင်းဖြင့်ရောင်းချမည်ဖြစ်ကြောင်း ၊ မကြာမှီ အသေးစိတ်အစီအစဉ်များကို ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်းလည်း သိရသည် ။

No comments:

Post a Comment