Saturday, June 30, 2012

ကိုရီးယား.......မြန်မာ တိုက်ရိုက်လေယဉ်ဆွဲတော့မည်

ကိုေ၇ွှမြန်မာတို့ရေ........၀မ်းသာစရာသတင်းလေးနော်.....ဈေးနှုန်းတော့မသိရသေးပါ    ကိုရီးယားနိုင်ငံ အင်ချွှန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့အား တိုက်ရိုက် လေယာဉ်များ ပြေးဆွဲတော့မည် ဖြစ်ကြောင်း သိရှိရသည်။ ကိုရီးယား လေကြောင်းလိုင်း(KAL)မှ

Monday, June 25, 2012

ကလေးမြို့......NLD ရုံး..ဆိုင်းဘုတ်တင်ပွဲ


ကလေးမြို့၊ အောင်မင်္ဂ လာနှင့် အောင်မြေ မာန်ရပ်ကွက် ပူးပေါင်း၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဆိုင်းဘုတ် တင်ပွဲ နှင့်ရုံးဖွင့်ပွဲ အခမ်းအနားကို ဇွန်လ(၁၉)ရက်နေ့တွင် အဆိုပါ ရုံးခန်းဖွင့် လှစ်ထားသည့် ဗိုလ်ချုပ်လမ်းနှင့် ဝေဇယန္တာ လမ်းထောင့် တွင်ကျင်း ပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နံနက်(၈း၀၀)နာရီတွင် စတင်ဖွင့်လှစ်ခဲ့ပြီး အခမ်းအနားမှူးမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အလံ၏ အဓိပ္ပါယ်ကို ဖွင့်ဆိုရှင်းပြသည်။

ထို့နောက် ဆရာကြီး သမုတိသစ္စာမှ အဖွဲ့ချုပ်ဆိုင်းဘုတ်ကို အောင်သပြေပန်းဖြင့် မင်္ဂလာရေချမ်း ဆွတ်ဖျန်းပေးပြီး ငွေခရုသင်းမှုတ်ကာအဖွဲ့ချုပ်ဆိုင်းဘုတ်ကို ဖွင့်လှစ်ပေးခဲ့သည်။

ထိုနောက် နိုင်ငံတော်အလံအား အလေးပြုခြင်း၊ အဖွဲ့ချုပ်အလံအား အလေးပြုခြင်း၊ ကျဆုံးခဲ့ပြီးသော
အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊မြန်မာ့ဒီမိုကရေစီကြိုးပမ်းမှုတွင် ကျဆုံးခဲ့ကြသော
ရဟန်းရှင်လူကျောင်းသားပြည်သူအပေါင်းတို့အား အောက်မေ့ငြိမ်သက်ခြင်းများပြုလုပ်ခဲ့ပြီး သဘာပတိဦးစိုးလှိုင်မှအဖွင့်အမှာစကားပြောခဲ့ပါသည်။

ထို့နောက် အဖွဲ့ချုပ်ဥက္ကဌဟောင်း ဦးကာ မှအမှတ်တရစကားပြောကြားခြင်း၊ ကလေးမြို့နယ် အဖွဲ့ချုပ်တာဝန်ခံ ဦးဘမင်းနှင့်မြို့နယ်စည်းရုံးရေးတာဝန်ခံ ဦးလှတို့မှ ဆွေးနွေးပြောကြားခြင်း၊ ၈၈-ရဲဘော်ဟောင်းများကိုယ်စား ဦးမိုက်ကယ်ဝင်းကျော်မှအမှတ်တရစကားပြောကြားခြင်း၊ အမျိုးသမီးနှင့် နိုင်ငံရေးများအကြောင်းကိုမသန့်ဝေကျော်နှင့် မရတနာအေးတို့မှ ပြောကြားခြင်း၊ မြို့ခံ စာပေအဖွဲ့မှဂုဏ်ပြုကဗျာများရွတ်ဆိုခြင်းများ ပြုလုပ်ခဲ့ကြပြီး နံနက်(၁၀း၀၀)နာရီတွင်
ကြွေးကြော်သံများဖြင့် အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ကြကြောင်းသိရသည်။


 

ဦးပိန်တံတားသို့ ......


အမရပူရမြို့နယ်အတွင်းရှိ တောင်တမန်အင်းကို ဖြတ်ကျော်ကာ အမရပူရမြို့ဟောင်းနှင့် ရတနာပုံတက္ကသိုလ်ကို ဆက်သွယ် တည်ဆောက်ထားသည့် ဦးပိန်တံတားသည် မြန်မာနှင့် ကမ္ဘာကျော် ရှုခင်းကောင်းတစ်ခု၊ အပန်းဖြေလေ့လာရန်နေရာတစ်ခုအဖြစ် ကျော်ကြားပေသည်။ ဦးပိန်တံတားသည် ၁.၂ ကီလိုမီတာ (သို့မဟုတ်) တစ်မိုင် ၏ ၄ ပုံ ၃ ပုံ ရှည်လျား ၍ ကမ္ဘာ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘမှာ အရှည်ဆုံး

Sunday, June 24, 2012

ဇူလိုင် လ ၁ ရက်နေ့ ကိုရီးယားဘာသာ..EPS.TOPIKဖြေမဲ့ သူများသို့

ဖြည့်စွက်ရေးသားချင်း....အထက်ပါ ဖြေဆိုမည့် လုပ်သားလောင်းများသည် ကိုရီးယာနိုင်ငံသို့ ရောက်လာရင်...ညီလေးတို့ အကိုကြီးတို့ လုပ်ရမည်မှာ...အရမ်းပင်ပမ်းမည်ဖြစ်ပါတယ်...မိတ်ဆွေတို့ဟာ...စိုက်ပျူး.မွေးမြူ.ဆောက်လုပ်ရေးဖြစ်ပါသောကြောင့်
အခြားသော...ကုန်ထုတ်လုပ်ငန်းသို့ ပြောင်းလို့ရမည်မှာ....မသေချာတော့ပါ...ဒီနိုင်ငံဟာ....ရာသီဥတုက မြန်မာနဲပ မတူပါ....အခု ဖြေဆိုရမည့်သူများသည်....အရိပ်တွင်လုပ်ရမည်မဟုတ်ပါ....ကိုရီးယာကိုလာချင်စောနဲ့ ဖြေလိုက်တာတော့ဟုတ်ပါတယ်...
.ဒါပေမဲပ သေသေချာချာစဉ်းစားလိုပါသည်....ဒီရောက်ပြီးမှ ကိုယ့်မြန်မာတွေ ဒုက္ခရောက်တာကို မတွေ့ချင်လို့ ပြောပြလိုက်ရချင်းပါ....ရောက်ရင်ပြီးရောဆိုပြီးလာရင်တော့ တမျိုးပေါ့နော်....ဟုတ်ပါတယ်....ကိုရီးယားမှာ ဗီဇာနဲ့ မဟုတ်လဲ နေလို့ရပါသေးတယ်......မလေးရှား စင်ကာပူနိုင်ငံလိုမဟုတ်ပါ.....ဒါပေမဲ့

ပခုက္ကူသို့ အလည်တခေါက်.........Visit to Pakokku....video


Saturday, June 23, 2012

မြန်မာနိုင်ငံတွင် ကိုရီးယားအမျိုးသမီးအသတ်ခံရ


ဗဟန်းမြို့နယ်၊ အနောက် ရွှေဂုံတိုင်လမ်းရှိဟိုတယ် တစ်ခု၌ ဇွန်-၂၀ နေ့နံနက် ၃ နာရီ ခန့်က ကိုရီးယားနိုင်ငံသူ အမျိုးသမီးတစ်ဦး ရက်စက်စွာ အသတ်ခံခဲ့ရကြောင်း သိရ သည်။
အဆိုပါ အမျိုးသမီးမှာ အသက် ၅၀ ကျော်ခန့်အရွယ်ရှိပြီး ထိုဟိုတယ်၌ အခန်းငှား ရမ်း နေထိုင်နေ သူတစ်ဦးဖြစ်ပြီး ထိုနေ့ ညက ¤င်း၏ ခင်ပွန်းဖြစ်သူ အသက် ၅၀ ကျော်အရွယ်ရှိ ကိုရီးယားနိုင်ငံသားနှင့် စကားများရန် ဖြစ်ရာမှ ၄င်း၏ ခင်ပွန်းဖြစ်သူက ဓားနှင့်ထိုးသတ်ခဲ့ခြင်းဖြစ်သည်ဟု ဟိုတယ်အနီးနေထိုင်သူများထံ မှ သိရသည်။

အမေစုနဲ့ ဒေါ်မာမာအေးတို့တွေ့ဆုံပြီ

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ အဆိုတော် ဒေါ်မာမာအေး ၊လူရွှင်တော်ဦးဇာဂနာတို့ကို ယနေ့(ဇွန် ၂၂) ရက်တွင်လန်ဒန်မြို့အလယ်ပိုင်းရှိတော်ဝင်ပွဲတော်ခန်းမတွင်ကျင်းပသော လန်ဒန်ရောက်မြန်မာမိသားစုများနှင့်တွေ့ဆုံပွဲတွင်အတူတကွတွေ့ရစဉ်။

မကြာမှီ ကာလအတွင်း.......SIM ကတ်ဈေးများလျှေ့ချပေးတော့မည်


၂၀၁၂ ခုနှစ်မကုန်မီ ကျပ် (၂) သိန်းထက် တန်ဖိုးနည်းသည့်ဖုန်းများ ချထားပေးနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း နေပြည်တော်ရှိ မြန်မာ့ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ တာဝန်ရှိသူတစ်ဦးက ဇွန် ၁၅ ရက်တွင် ပြောကြားခဲ့သည်။ ယင်းတာဝန်ရှိသူမှ

Saturday, June 16, 2012

အမေစု နိုဘလ်ဆု ရုပ်သံ... DAW SUU KYI`s Nobel prize video


ပကာသနဇာတ်ပျက်သမား.........video




ဗုဒ္ဓဘာသာတို့အတွက် သိသင့်သိထိုက်တဲ့ ဗုဒ္ဓ၀င်အကျဉ်း(ABOUT BUDDHA)

ဗုဒ္ဓဘာသာတို့အတွက် သိသင့်သိထိုက်တဲ့ ဗုဒ္ဓ၀င်အကျဉ်း (သို့)
ဗုဒ္ဓဘာသာအကြောင်း သိကောင်းစရာအကျဉ်းလေးပါ။ သိလိုသူများအတွက် ရည်ရွယ်ကာ
ရေးသား ပူဇော်လိုက်ပါသည်။

ဘုရားအလောင်းတော်သည် -၆၂၄-ဘီစီတွင် (မြန်မာလလို-၀ါဆိုလပြည့်၊
ကြာသာပတေးနေ့တွင်) မယ်တော်မာယာဝမ်းကြာ တိုက်တွင် သန္ဓေယူပါသည်။
ဘုရားလောင်းသည် -၆၂၃-ဘီစီ၊ (မြန်မာလလို ကဆုန်လပြည့်၊ သောကြာနေ့)တွင်
နီပေါနိုင်ငံ၊ လုမ္ဗိနီဥယျာဉ်၌ မယ်တော်မာယာဒေ၀ီ၊
ခမည်းတော်သုဒ္ဓေါဒနမင်းကြီးတို့
မှ မွေးဖွားခဲ့ပါသည်။ ဘုရားလောင်း နာမည်မှာ
သိဒ္ဓတ္ထဖြစ်ပါသည်။
(၁၆-နှစ်မှ ၂၉)နှစ်အထိ နန်းစည်းစိမ်းကို ခံစားပါသည်။)

ဆရာတော်...ဦးသုမင်္ဂလ ဟောကြားတော်မူအပ်သော.....ယမမင်းစစ်ခန်းတရားတော်

ဆရာတော် ဦးသုမင်္ဂလ ဟောကြားတော်မူအပ်သော.......ယမမင်းစစ်ခန်းတရားတော်
ဆရာတော် ၀ဘ်ဆိုက်.....

Wednesday, June 13, 2012

င်္ဘဂလီအခြေအနေ သုံသပ်ချက်များ.........

 မေသင်္ကြန်ဟိန် (မြစ်မခ) ဇွန် ၁၃၊ ရန်ုကုန်မြို့။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရဲ့ အခြေအနေ

ဇွန်လ ၁၃၊ ၂၀၁၂

ယနေ့ နံနက် ၈နာရီခွဲ ၀န်းကျင်ခန့်အချိန်မှစပြီး စစ်တွေမြို့တွင်းတွင် လူငါးဦးစသော လူစုလူဝေးဖြင့် အပြင်မထွက်ရဟူသော အမိန့်ကို စစ်တပ်မှ ထုတ်ပြန်ခဲ့ကြောင်း စစ်တွေမြို့ခံ မြစ်မခ သတင်းထောက်ကသတင်းပို့ပေးပါတယ်။

အမေစု ဥရောပ ခရီးစတင်ပြီ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်
သည်၂၀၁၂ခု၊ဇွန်လ(၁၃)ရက်နေ့နံနက်၁၀နာရီကဥရောပခရီး
စဉ်ထွက်ခွာသွားခဲ့သည်။
သတင်း-ဓါတ်ပုံ National League for Democracy

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန်လ(၁၃)ရက် ဗုဒ္ဓဟူးနေ့ မနက်က (TG)လေ ကြောင်းလိုင်းနဲ့  ထိုင်းနိုင်ငံကနေတဆင့် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ ကို ထွက်ခွာသွားပြီလို့ NLD-ဗဟိုက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ရွှေလုပ်သားများ နေပြည်တော်ကို ချီတက်ဆန္ဒပြ

ရွှေလုပ်သားများ နေပြည်တော်ကို ချီတက်လာစဉ် (ဓါတ်ပုံ-သစ်ထူးလွင် အွန်လိုင်း မီဒီယာ)
ရမည်းသင်းခရိုင် မိုးထိမိုးမိတောင်ပေါ်တွင် ရွှေလုပ်သားများက အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ၏ ပေးထားသောကတိဖောက်ဖျက်မှု လက်ရှိလုပ်ကိုင်နေသော လုပ်ကွက်များကို ဆက်လက် လုပ်ကိုင်ခွင့်မပြုတော့သောကြောင့် ယခုလ ဇွန်လ ဆန်းပိုင်းမှစတင်ကာ မိုးထိမိုးမိတောင်ပေါ်တွင် လူအင်အား တစ်သိန်းဝန်းကျင်ခန့် ဖြင့် တောင်းဆိုချက် ခြောက်ချက်တောင်းဆိုကာ  ဆန္ဒပြခဲ့ကြသည်။

စစ်တွေက ...update မြင်ကွင်းအချို့

အင်ဘာလာရွာမှ ဓားဒဏ်ရာရထားတဲ့ ရခိုင်အမျိုးသားတဦး
ယနေ့ ၁၂-၆-၂၀၁၂နေ့ နေ့လည် ၃း၀၀ နာရီအချိန်ခန့် စစ်တွေမြို့ပေါ် အင်ဘာလာဘင်္ဂါလီရွာမှ ဘင်္ဂါလီများသည် မိမိနေအိမ်များအားကိုယ်တိုင်မီးရှို့လုပ်ကြံထွက်ပြေးရာ အဆိုပါ မီးသည် ကျောင်းကြီးလမ်းဖက်နှင့် ကုန်တန်းရွာဖက်သို့အရှိန်အဟုန်ပြင်းထန်စွာဖြင့်
ချင်းပျံလမ်းတစ်လျှောက် ဆက်လက်လောင်ကျွမ်းနေခဲ့သည်။

ကုန်တမ်းရပ်ကွက်တွင်။ ကုန်တန်းရပ်ကွက်သူရပ်ကွက်သားများမှ မီးလောင်ကျွမ်းမှုကို တားဆီးကာကွယ်နေစဉ်တွင် ဘင်္ဂါလီများနှင့် ရပ်ကွက်နေ ရခိုင်များအဓိကရုဏ်း လည်းတပြိုင်တည်းဖြစ်ပေါ်ခဲ့သည်။

ထိုအချိန်တွင် ရဲတပ်ဖွဲ့မှရောက်ရှိလာပြီး ဗလာကျည်များနှင့် သေနပ်ဖေါက်ခြင်း၊ မိုးပေါ်သို့သေနပ်ဖြင့်ခြိမ်းခြောက်ထောင်ပစ်ခြင်းများပြုလုပ်ကာလူအုပ်စုကိုဖြိုခွင်းခဲ့သည်။

အင်ဘာလာရွာမှ ဒဏ်ရာရထားသူတဦး

Wednesday, June 6, 2012

အလွမ်းသင့်ပန်းချီ............


ဝန်ခံပါ....................


နင်လိမ်လည်းငါချစ်တယ်.............


သတိနဲ့ ကိုယ်စိတ်ကို ကိုယ်သိ........အပိုင်း၂

သတိနဲ့ နေတဲ့ အကျင့်ကိုများများ လုပ်လာတဲ့အခါမှာ    မေ့တိမေ့မေ့လျော့နေချင်းသည်တကယ်အသက်မင်ဘူးဆိုတာ သိလာတယ်.သတိနဲ့ နေတာ အင်မတန် အသက်ဝင်တယ်။ကိုယ့်ဟာကိုတကယ်ခံစားလို့ရတယ်နော်။

မလေး၇ှားမှ .........ရွှေမြန်မာများသို့.......အသိပေးချက်........

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ဆလာယန်း မှ အထူးသတင်းပေးပို့ချက်
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ဆလာယန်းမှ ကုလားအချို့သည် ယနေ့(5-6-2012)မှစ၍ ယခုလက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသောအကြောင်းရပ်များနှင့်ပတ်သက်၍ မြန်မာနိုင်ငံသား အယောက် 20 ထက်မနည်းသော ဦးရေအားသတ်ဖြတ်မည်ဟု ကြွေးကြော်လျက်ရှိကြောင်း ဆလာယန်းတွင် အလုပ်လုပ်နေသော မြန်မာနိုင်ငံသားတစ်ဦးမှ ဖုန်းဖြင့် သတင်းပေးပို့ထားပါသည်။ မလေးရှားနိုင်ငံ တွင်နေထိုင်ကြသော ဗုဒ္ဓဘာသာလူမျိုးများအထူးသတိထားစေလိုပါသည်။

Tuesday, June 5, 2012

ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေများနဲ့ ပတ်သက်ပြီး ဆရာတော် အရှင် “၀ီရသူ” သဘောထား ထုတ်ပြန်ချက်.

ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေများနဲ့ ပတ်သက်ပြီး ဆရာတော် အရှင် “၀ီရသူ” သဘောထား ထုတ်ပြန်ချက်..

“၀ီရသူ” သဘောထား (၃/၇၄

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နှင့် တောင်ကုတ်မြို့တို့တွင် ဖြစ်ပွားခဲ့သော ထူးခြားဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း၊ နာယကဆရာတော်ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ-ရှင်ဝီရသူ(မစိုးရိမ်)၏ သဘောထား အပြည့်အစုံကို အတိအလင်း ထုတ်ဖော်ကြေညာအပ်ပါသည်။

... (က) 28-5-2012- ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ ကျောက်နီမော်ကျေးရွာမှ အသက်(၂၇)နှစ် အရွယ်ရှိ မသီတာထွေး (ရခိုင်လူမျိုး၊ ဗုဒ္ဓဘာသာဝင်) မိန်းကလေးကို မူဆလင် (၃)ယောက်က အဓမ္မပြုကျင့်၍ သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။

(ခ) မသီတာထွေး အကျင့်ခံ အသတ်ခံရမှုနှင့်ပတ်သက်၍ တရားခံအစစ်အမှန် ဖော်ထုတ်ပေးဖို့၊ ဥပဒေ အတိုင်းတိကျစွာ အရေးယူပေးဖို့ ရဲစခန်းရှေ့တွင် ရွာသူရွာသားများက လာရောက်တောင်းဆို ဖိအားပေးခဲ့ကြောင်းနှင့် ထိုသို့ တောင်းဆိုသည့် ရွာသူရွာသူများတွင် မူဆလင်များလည်း ပါဝင်တောင်းဆိုကြကြောင်း သိရပါသည်။

(ဂ) ပြစ်မှုကျူးလွန်သော တရားခံမူဆလင်(၃)ယောက်ကို ရဲစခန်းက ဖမ်းမိခဲ့ကြောင်း၊ အရေးယူ ဆောင်ရွက်ဖို့အတွက် အပူတပြင်းစီစဉ်နေကြောင်းနှင့် တရားခံ(၃)ယောက်ကို ဖမ်းဆီးရာတွင် မူဆလင်များက ဝိုင်းကူဖမ်းပေးခဲ့ကြောင်းလည်း သိရပါသည်။

ကလေးဝမြို့နှင့် ခုနစ်မိုင်အကွာ ချောင်းကျဉ်းကျေးရွာအနီးတွင် ရေနံမှော်အသစ်တွေ့ရှိ

ကလေးဝမြို့နှင့် ခုနစ်မိုင်အကွာ ချောင်းကျဉ်းကျေးရွာအနီးတွင်
မတ်လဆန်းပိုင်းမှ စတင်ကာ ရေနံမှော်အသစ်ပေါ်နေကြောင်း သိရသည်။
ကလေး-ကလေးဝကားလမ်းဘေးရှိ ပိတောက်စိုက်ခင်း၊ သစ်တောကြိုးဝိုင်းအနီး

ဆန္ဒပြမှု ဖြစ်ပွားနေသော အစ္စလာမ် ဘာသာဝင်များကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးက လာရောက် ဖြန်ဖြေပေး

ဆန္ဒပြမှု ဖြစ်ပွားနေသော အစ္စလာမ် ဘာသာဝင်များကို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမြအေးက လာရောက် ဖြန်ဖြေပေးနေစဉ်။
The Voice Weekly
၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ဆူးလေစေတီအနီး ဗလီရှေ့တွင် စုဝေးလျှက်ရှိသည့် အစ္စလာမ်ဘာသာဝင် လူထုကို အမုန်းတရား အခြေ ခံပြီး ပြဿနာကို မရှင်းကြဖို့ ယမန်နေ့က ထုတ်ပြန်သည့် ကြေညာချက်ကို ကိုးကားကာ ပြောဆိုသွားရာတွင် လူမျိုးရေး အဓိကရုဏ်းဖြစ်ပွားခြင်းကြောင့် ဒီမိုကရေစီအရေး လမ်းလွဲသွားမည့် ထောင်ချောက်အတွင်း မသက်ဆင်းမိရန် လည်း ပြောဆိုသွားသည်။

Sunday, June 3, 2012

ယောမြေ ဖတ်မိဖူးသော ဆရာတော် ဦးဇောတိကရဲ့ သတိနဲ့ကိုယ့်စိတ်ကိုယ်သိ အပိုင်း၁...ယောမြေ

လူတိုင်းမှာ တကယ်မလုပ်ဖြစ်တာ အလုပ်တခုရှိတယ် ကိုယ့်အကြောင်းကိုယ် သိဖို့ပါဘဲ...ကိုယ့်အကြောင်းကိုယ် အမှန်တိုင်းသိဖို့ဆိုတာ တကယ်တော့