Wednesday, December 14, 2011

myanmar internet news

ပည်တွင်းအင်တာနက် ဆက်သွယ်မှုစနစ်အား မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၃ ဆီးဂိမ်း(အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ) မတိုင်မီအတွင်း လက်ရှိအနေအထားထက် အသုံးပြုရာ တွင် ပိုမိုမြန်ဆန်လာအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ သတင်းအချက် အလက်နှင့် အွန်လိုင်းဌာနမှ အင်ဂျင်နီယာချုပ်က 7 Day News သို့ပြောသည်။


ထိုကဲ့သို့ အင်တာနက် ဆက်သွယ်မှုအမြန်နှုန်းများအား လက်ရှိအနေအထားထက် ပိုမိုမြန်ဆန် လာအောင် ဆောင်ရွက်ရာတွင် အင်တာနက်ဂိတ်ဝေး (Internet Gateway) တစ်ခုနှင့် ပုဂ္ဂလိက အင်တာနက် ၀န်ဆောင်မှုကုမ္ပဏီ (ISP-Internet Service Provider) များကို ၂၀၁၃ ဆီးဂိမ်းမတိုင်မီ ကာလအတွင်း ထပ်မံ တည်ဆောက်တိုးချဲ့ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူကဆိုသည်။

အစိုးရအနေဖြင့် ၂၀၁၃ ဆီးဂိမ်းကာလမတိုင်မီ အချိန်အတွင်း ပြည်တွင်း အင်တာနက်စနစ် များ ပိုမိုကောင်းမွန်လာစေရန် ဆောင်ရွက်ရခြင်းမှာ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ဆီးဂိမ်း သည် အာဆီယံအဆင့် အားကစားပြိုင်ပွဲဖြစ်ခြင်းနှင့် ယခုအစိုးရလက်ထက်အတွင်း အာဆီယံအဆင့်နှင့် နိုင်ငံ တကာအဆင့် အစည်းအဝေးများ၊ ပြိုင်ပွဲများကို ဆက်တိုက်လက်ခံကျင်းပလာခြင်းတို့ကြောင့် ဖြစ်ကြောင်းသိရ သည်။

" အာဆီယံအဆင့်အစည်းအဝေးတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပလာရတာတွေအပြင် လက်ရှိအင်တာနက်မြန်နှုန်းကိုလည်း ပိုမြန်လာအောင် ပိုကောင်းလာအောင် လုပ်ပေးသွားပါမယ်။ ၂၀၁၃ ဆီး ဂိမ်းမတိုင်ခင်အတွင်း အင်တာနက်ဆက်သွယ်မှု မြန်နှုန်းတွေ ပိုပြီးကောင်းလာအောင် လုပ်ပေးပါမယ်။ အာဆီယံ နိုင်ငံများနဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်" ဟု အထက်ပါတာဝန်ရှိသူက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းထိုင်းနိုင်ငံတွင် အင်တာနက် ဂိတ်ဝေးငါးခုခန့်နှင့် ISP စုစုပေါင်း ၁၅ ခု ခန့်ရှိကြောင်း နိုင်ငံတကာအတွေ့အကြုံ နိုင်ငံတကာအတွေ့အကြုံရှိ ကွန်ပျူတာလုပ်ငန်းရှင်နှင့် ပညာရှင်များထံမှ သိရသည်။

ပြည်တွင်း၏ အင်တာနက်ဆက်သွယ်မှု အခြေအနေမှာ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းနယ်ပယ် တွင် နှေးကွေးကျဆင်းခြင်းအများဆုံး ဖြစ်ပေါ်နေကြောင်း 7 Day News ဂျာနယ်မှာ ရေးသားဖော်ပြထားပါသည်။

No comments:

Post a Comment