Thursday, December 29, 2011

ရန်ကုန်မြို့မီးလောင်မှု နောက်ဆက်တွဲ

ညနေ (၁၅း၀၀) အချိန်အထိ အတည်ပြုချက်အရ ဤပေါက်ကွဲမှု၌ အရပ်သား (၈၉) ဦး ထိခိုက် ဒါဏ်ရာရှိပြီး၊ သံလွင်မီးသတ် တပ်ဖွဲ့ဝင် (၃၀)နှင့် အရန် (၄) ဦး ဒါဏ်ရာရရှိခဲ့ပါ သည်။ သေဆုံးသူများမှာ အရပ်သားထဲမှ အမျိုးသား (၈) ဦး၊ အမျိုးသမီး (၅)ဦး၊ တာမွေမြို့နယ် မီးသတ်တပ်ဖွဲ့ ဝင် (၅)

ရန်ကုန်မြို့မီးလောင်မှု

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကူးတို့ဆိပ်ရပ်ကွက်၊ ကူးတို့ဆိပ်လမ်း၊ ပုဇွန်တောင်ချောင်း အနီးမှာ ရှိတဲ့ ဂိုထောင်တွေ မီးလောင် ပေါက်ကွဲမှု ဖြစ်ပါတယ်။

Wednesday, December 28, 2011

လတ်တလောသတင်းတွေ နိုင်ငံရေးတွေ ကြည့်ချင်သူများအတွက်

လတ်တလော သတင်းမျိုးစုံကြည့်လိုပါက ဒါလေးကိုကလစ်ပါhttp://drlunswe.blogspot.com/

ကိုရီးယားနှစ်သစ်ကူး မြန်မာ ရှိုးပွဲ

ကိုရီးယားနှစ်ကူးပွဲတော်ကာလ ၊ အင်ပါယာတီးဝိုင်း ဂီတပွဲတော်ကျင်းပမည်

လာမည့် ဇန္နဝါရီလ ၂၂ မှ ၂၄ ရက်အတွင်း ကျရောက်မည့် ကိုရီးယားနှစ်ကူးပွဲတော်အတွင်း ၊ ကိုရီးယားရောက် မြန်မာများ စိတ်လက်အပမ်းဖြေမှုရှိစေရေး နှင့် ကိုရီးယား မြန်မာ ချစ်ကြည်ရင်းနှီးမှုပိုမိုရရှိစေရေး ၊ ရည်ရွယ်ချက်များဖြင့် မြန်မာ ဂီတပွဲတော် ကျင်းပမည်ဖြစ်ကြောင်း သိရသည် ။
အဆိုပါဂီတပွဲတော်မှာ ကိုရီးယားမြန်မာယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း နှင့် ၊ ပွဲတော်တွင် အင်ပါယာတီးဝိုင်းနှင့်အတူ နာမည်ကျော် ဆူပါ တေးသံရှင်များဖြစ်ကြသည့် ဇော်ဝင်းထွဋ် ၊ နောနော် ၊ မယ်လိုဒီ နှင့် ချမ်းချမ်းတို့ ပါဝင်သီဆို ဖျော်ဖြေကြမည်ဟု ပွဲတော်စီစဉ်သူများက ပြောပါသည် ။
ယခုနှစ်တွင်လည်း ဂီတပွဲတော်ကို ဘူချောန်းမြို့တော် ပြည်သူ့ခမ်းမ (Bucheon Citizen Hall) တွင် ကျင်းပမည်ဖြစ်ပြီး ၊ ရုံဝင်ခမှာ ဝမ် ခြောက်သောင်းဖြစ်ကြောင်း ၊ ကြိုတင်လက်မှတ် ကိုမူ ဝမ် ၅ သောင်းဖြင့်ရောင်းချမည်ဖြစ်ကြောင်း ၊ မကြာမှီ အသေးစိတ်အစီအစဉ်များကို ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်းလည်း သိရသည် ။

Sunday, December 25, 2011

၂၅ ၊၁၂.၂၀၁၁ ယောသူ ရဲ့ ခရီး





FACEBOOK WILL END ON MARCH 15th, 2012!

"Facebook က ထိန်းလို့မရတော့ပါဘူး" လို့ Palo Alto ရုံးမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ Zuckerberg မှတစ်ဆင့်ပြောခဲ့တာပါ ။ "နောက်ပြီးတော့ Facebook ကို လုပ်နေရတာ ကျွန်တော့်အတွက် စိတ်ဖိစီးမှု အရမ်းများနေတာကြောင့် ကျွန်တော် ဒီဟာကို အဆုံးသတ်ဖို့ လိုအပ်နေပါပြီ လို့ ပြောခဲ့တာပါ ။

Saturday, December 24, 2011

မြန်မာအမျိုးသမီးများ ပြည်ပနိုင်ငံသို့အလုပ်ဖြင့်စေလွတ်ချင်းခွင့်ပြုလိုက်ပြီ


တောင်ကိုရီးယား စက်ရုံတခုမှ မြန်မာအမျိုးသမီးအလုပ်သမားများ
မြန်မာအမျိုးသမီးများအနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံမှအပ အလုပ်သမားဈေးကွက် လိုအပ်ချက်ရှိသော မည်သည့်နိုင်ငံတွင်မဆို တရားဝင် အလုပ်လုပ်ခွင့်ပြုလိုက်ပြီဟု အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်းက ပြောသည်။ ဝန်ကြီးက ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေးကော်မတီ အနေဖြင့် ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများတွင် အလုပ်လုပ်ကိုင်လိုသော အမျိုးသမီးများ၏ အခွင့်အရေး မဆုံးရှုံးစေရန်အတွက် အမျိုးသမီးများ ပြည်ပတွင် အလုပ်လုပ်ကိုင်နိုင်သည့် မူဝါဒတစ်ရပ်ကို ဒီဇင်ဘာလ ၉ ရက်နေ့က ချမှတ်ခဲ့ကြောင်း၊ ထိုမူဝါဒအရ အမျိုးသမီးများသည် အလုပ်သမား ၅ ဦးနှင့်အထက်ရှိသော ပြည်ပအလုပ်အကိုင် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများတွင် သွားရောက် အလုပ်လုပ်ကိုင်နိုင်ပြီး အိမ်ဖော်၊ ဖျော်ဖြေရေးနှင့် သန့်ရှင်းရေး စသည့်အလုပ်များကို လုပ်ကိုင်ခွင့်မပြုကြောင်း၊ လတ်တလောအားဖြင့် ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်လိုသည့် အမျိုးသမီးများအား ထိုင်း၊ မလေးရှား၊ စင်ကာပူနှင့် ဂျပန်နိုင်ငံများသို့သာ စေလွှတ်ရန် ရည်ရွယ်ထားကြောင်း ပြောသည်။ ထိုသို့ စေလွှတ်လုပ်ကိုင်ရာ၌ သက်ဆိုင်ရာနိုင်ငံ အလုပ်သမား ဥပဒေအရ ရရှိခံစားနိုင်စေရေးနှင့် သက်ဆိုင်ရာနိုင်ငံ မြန်မာသံရုံးများ၊ အလုပ်သမားအရာရှိများက အကာအကွယ်ပေးနိုင်ရေးအတွက် အမျိုးသမီးအလုပ်သမားများ အနေဖြင့် လက်ခံသည့်နိုင်ငံဘက်မှ ကမ်းလှမ်းလာသော အလုပ်ခေါ်စာကို နားလည်သိရှိရန် လိုအပ်သည့်အပြင် အလုပ်ရှင်၊ အလုပ်သမား နှစ်ဦး သဘောတူညီမှုဖြင့် ချုပ်ဆိုသော စာချုပ်ကို အသေးစိတ် ဖတ်ရှုရန် လိုအပ်ပြီး စာချုပ်ပါ အချက်အလက်များအား နားလည်သဘောပေါက် လက်ခံနိုင်မှသာ လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုရန်လိုကြောင်း၊ စာချုပ်ချုပ်ဆိုပြီး ပါသော အမျိုးသမီးအလုပ်သမား အနေဖြင့် စာချုပ်မိတ္တူ တစ်စောင်ကို ရယူ၍ မိမိနှင့်မကွာ ထားရှိရန် လိုအပ်ပြီး အဆိုပါ စာချုပ်အား မိမိမှ ချိုးဖောက်ခြင်း မပြုရန် လိုအပ်သည့်အပြင် အလုပ်ရှင်ဘက်မှ ချိုးဖောက်ပါက မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာန၊ သက်ဆိုင်ရာနိုင်ငံ မြန်မာသံရုံးနှင့် Labour Attaches အလုပ်သမား အရာရှိတို့ထံ တိုင်ကြားနိုင်ပြီး စာချုပ်ချိုးဖောက်ခံရသူအား အပြည့်အဝ ကာကွယ်ပေးသွားမည်ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။ “အရင်က အမျိုးသမီးတွေကို ပြည်ပမှာ အလုပ်လုပ်ခွင့် မပြုဘူး။ ဟိုတုန်းက ကြားပေါက်အနေနဲ့ နာ့ပ်စ်တွေ လွှတ်တာတော့ရှိတယ်။ ဒါကလည်း တော်တော်နည်းတယ်။ ဘာကြောင့် မလွှတ်တာလဲဆိုတော့ သူတို့သွားလုပ်တဲ့ တိုင်းပြည်မှာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်မှာစိုးလို့ပါ။ အခု အလုပ်လုပ်ခွင့်ပြုတဲ့ နိုင်ငံတွေထဲမှာတော့ ဆော်ဒီကိုတော့ သွားခွင့်မပြုဘူး။ ဒါက အမျိုးသားရော၊ အမျိုးသမီးရောပဲ။ ဘာကြောင့်လဲဆိုတော့ မြန်မာအလုပ်သမားတွေအနေနဲ့ အကြမ်းဖျင်းအားဖြင့် အဲဒီနိုင်ငံရဲ့ ရာသီဥတု၊ ယဉ်ကျေးမှုတွေ၊ ဥပဒေတွေနဲ့ ဘယ်လိုမှ မကိုက်ညီဘူး။ နိုင်ငံတော်ပိုင်း အနေနဲ့ကတော့ ဆော်ဒီနဲ့ ပြဿနာမရှိပါဘူး။ အေးဂျင့်တွေနဲ့ သူတို့ဘာသာ ပြဿနာဖြစ်နေတာ” ဟု ဦးမြင့်နိုင်က ထပ်မံပြောကြားခဲ့ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

အလုပ်ကိုသွားနေစဉ် ကိုရီးယားမှ


ရွှေပြည်သာဆရာတော်

ယောသူကတော့ ဘာဘဲဖြစ်ဖြစ်ပေါ့ အများ ကောင်းကြိုးကိုလုပ်နေတာဘုလို့ထင်တယ် အခုဆရာတော်က လက်ခံလိုက်တာလဲကောင်းပါတယ် ယောသူကတော့ ဆရာတော် ရဲ့ တရားတွေ ပရဟိတာတွေကို အားကျတယ်ဘုရား

ပြည်ပအလုပ်အတွက် မြို့နယ်အလုပ်သမားရုံးများတွင် တိုက်ရိုက်မှတ်ပုံတင်နိုင်

ရန်ကုန်ဒီ ၊ ဇင်ဘာ ၂ဝ
ပြည်ပတွင် အလုပ်သွားရောက် လုပ်ကိုင်လိုသူများသည် လူမှောင်ခိုကူးခံရမှုများ၊ နယ်ဒေသများမှ

ယောသူ ရဲ့ ကိုရီးယား လတ်တလော






Thursday, December 22, 2011

ပြည်ပရောက် မြန်မာအလုပ်သမားများကို ၀င်ငွေခွန် ကင်းလွတ်ခွင့်ပြု

ရန်ကုန်၊ ဒီဇင်ဘာ - ၂၂

ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများက အစိုးရသို့  ပေးဆောင်ရသော ၀င်ငွေခွန်ကို လာမည့် ဇန်န၀ါရီ ၁ ရက်မှစတင်၍ ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က တရားဝင်ကြေညာသည်။

Wednesday, December 21, 2011

လှည်တန်းဗုံးပေါက်မှု

ရန်ကုန်မြို့ လှည်းတန်းရှိ အများသုံးအိမ်သာ တခုတွင် ယနေ့နေ့လည်က ဗုံးတလုံးပေါက်ကွဲကြောင်း သတင်းရရှိသည်။ ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသမီး တဦးသေဆုံးကာ၊ အမျိုးသမီးတဦး ဒဏ်ရာရရှိကြောင်း၊ မပေါက်ကွဲသေးသည့် ဗုံးတလုံးကိုလည်း ဖယ်ရှားခဲ့ကြောင်း သိရသည်။ အခင်းဖြစ်ပွားပြီးနောက် လှည်းတန်းလမ်းဆုံမှ ကမာရွတ်ရဲစခန်းအထိ တလျှောက် လမ်းများ ပိတ်ထားခဲ့သည်ဟု သိရသည်။ (ဓာတ်ပုံများ - ဧရာဝတီ)


Tuesday, December 20, 2011

ထိုင်းတွင် လိမ်တူ လပ်ထပ်ကြသော


လွန်ခဲ့သော ဒီဇင်္ဘာလ ၄ ရက် တနင်္ဂနွေနေ့က ၊ သြစတြေးလျ အမျိုးသား တစ်ယောက်က ထိုင်းအမျိုးသားတစ်ယောက်ကို ဘတ်သန်း ၄၀ ထက်မနည်း (ဒေါ်လာ တစ်သန်းကျော်) အကုန်အကျခံပြီး လက်ထပ်လိုက်ကြောင်း သိရသည် ။

အဆိုပါ အမျိုးသား ၂ ဦးတို့၏ မင်္ဂလာဧည့်ခံပွဲကို ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၊
သြစတြေးလျ သတို့သား Mr Chaiyanon က အသက် ၆၀ ဖြစ်ပြီး ၊ Chachoengsao ခရိုင်မှ ထိုင်းအမျိုးသား (သတို့သမီး)က အသက် ၂၇ ဖြစ်ကြောင်း ၊ သတို့သားက ခန့်မှန်းချေ ဘတ်သန်း ၄၀ (ဒေါ်လာ တစ်သန်းကျော်) ထက်မနည်း တန်သော အိမ်ခြံမြေပိုင်ဆိုင်မှု ၊ ငွေသား၊ လက်ဝတ်ရတနာများကို သတို့သမီး (ယောက်ျားလေး) လက်ထဲ ထည့်လိုက်ချိန်မှာ နှုတ်ခမ်းနှစ်ဘက် ပါးချိတ်အောင် ပြုံးလိုက်ပါသည်ဟု သတင်းက ဆိုပါသည် ။

သတို့သားသည် ထိုင်းတွင်ရှိသည့် ပိုင်ဆိုင်သမျှကို ရောင်းချပြီး ၊ မင်္ဂလာမောင်နှံ နေကြရန် Doi Saket အရပ်၌ ရေကူးကန်ပါသော ဇိမ်ခံအိမ်ကြီးတစ်လုံးဝယ်လိုက်ကြောင်း ၊ သတို့သားသည် ဘွဲ့ရပြီးကတည်းက ချင်းမိုင်မှာ နေခဲ့ကြောင်း ၊ ဧည့်ခံပွဲတွင် လန်းနား (Lanna) ဒေသ ရိုးရာ မင်္ဂလာဆောင် အဝတ်အစား ကို နှစ်ဦးသား ဝတ်ထားကြကြောင်း ၊ ၄င်းတို့၏ မင်္ဂလာပွဲကို နှစ်ဘက် ဆွေမျိုး မိတ်ဆွေများက ထောက်ခံ သဘောတူကြကြောင်း သတင်းများက ဆိုပါသည် ။
အဆိုပါ အမျိုးသားအချင်းချင်း လက်ထပ်ကြသည့်ကိစ္စကို မည်သို့ပင် သဘောတူကြစေကာမူ ၊ သြစတြေးလျနိုင်ငံရော ထိုင်းနိုင်ငံပါ ၂ နိုင်ငံစလုံးက တူညီသောလိင် အမျိုးအစားချင်း ထိမ်းမြားလက်ထပ်ခြင်းကို ဥပဒေအရ ခွင့်မပြုသေးသောကြောင့် ၊ တရားဝင် လင်လင် (လင်မယား) ဖြစ်ရေးက ခရီးဝေးပါသေးသည်ဟု လည်း သတင်းက ဝေဖန်ထားပါသည် ။