Wednesday, December 14, 2011

ရန်ကုန်မြို့က ဂုန်းတံတား

ရန်ကုန်မြို့မှာ ဂျပန်နိုင်ငံလုပ်ငန်း ခုံးတံတားလေးစင်းကို ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အဖွဲ့က လေးလအတွင်း အပြီးတပ်ဆင် ဆောက်လုပ်သွားမယ်လို့ သိရတယ်။ “ခုံးတံတားတွေရဲ့ အစိတ်အပိုင်းတွေ အကုန်လုံးကို ဂျပန်နိုင်ငံက မှာယူသွားမှာ၊ ပြည်တွင်းမှာ ခုံးကျော်တံတားတွေ တည်ဆောက်တဲ့နေရာမှာလဲ အရင်ကလို ခက်ခက်ခဲခဲ ဆောက်တော့မှာ မဟုတ်ဘဲ မှာယူထားတဲ့ အစိတ်အပိုင်းတွေကိုသာ ဆက်ပြီး ဆောက်သွားမှာ” လို့ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောပါတယ်။ ခုံးတံတားတွေ တည်ဆောက်သွားမယ့် နေရာတွေက ကမာရွတ်မြို့နယ်၊ လှည်းတန်းမီးပွိုင့်အနီးမှာ တစ်ခု၊ တာမွေအဝိုင်းအနီးမှာ တစ်ခု၊ ရွှေဂုံတိုင်မှာ တစ်ခုနဲ့ ဘုရင့်နောင်တံတားအနီးမှာ တစ်ခု တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ ခုံးတံတားတွေ တည်ဆောက်ရာမှာ ဂျပန်နိုင်ငံကလာတဲ့ တံတားအစိတ်အပိုင်းတွေကို ပြည်တွင်းမှာ အဆင်သင့် တပ်ဆင်ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။ ခုံးတံတား လေးစင်းလုံးကို ၂၀၁၂ ခုနှစ် မတ်လအပြီး ဆောက်လုပ်သွားမှာ ဖြစ်ပြီး လူရော ကားပါ သွားလို့ရမှာ ဖြစ်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment