Thursday, December 29, 2011

ရန်ကုန်မြို့မီးလောင်မှု နောက်ဆက်တွဲ

ညနေ (၁၅း၀၀) အချိန်အထိ အတည်ပြုချက်အရ ဤပေါက်ကွဲမှု၌ အရပ်သား (၈၉) ဦး ထိခိုက် ဒါဏ်ရာရှိပြီး၊ သံလွင်မီးသတ် တပ်ဖွဲ့ဝင် (၃၀)နှင့် အရန် (၄) ဦး ဒါဏ်ရာရရှိခဲ့ပါ သည်။ သေဆုံးသူများမှာ အရပ်သားထဲမှ အမျိုးသား (၈) ဦး၊ အမျိုးသမီး (၅)ဦး၊ တာမွေမြို့နယ် မီးသတ်တပ်ဖွဲ့ ဝင် (၅)
ဦး သေဆုံးခဲ့ပါသည်။  စုစုပေါင်း (၁၈) ဦးသေဆုံးပြီး၊ (၁၂၃) ဦး ဒါဏ်ရာ ရရှိခဲ့ ပါသည်။ လူဦးရေ (၁၀၀၀) ခန့် အိုးအိမ်မဲ့ ဖြစ်ခဲ့ရပြီး ဆုံးရှုံးမှု တန်ဖိုး သိန်း ၁၁၃၆ ပျက်စီးအိမ် ၁၂၄ လုံး ဖြစ်ခဲ့ရပါသည်။
ဤပေါက်ကွဲမှုကြောင့် အိမ်ထောင်စု (၁၅၀) ခန့်ကို မဟာဝိဇယရာမကျောင်းတိုက်တွင် စခန်းချထားပြီး၊ မီးဘေးသင့်ပြည် သူများကို ဆက်သွယ်လှူဒါန်းလိုပါက မဟာဝိဇယရာမကျောင်းတိုက်၊ ဖုန်း - ၀၉-၄၉၁၀၀၄၁၁၊ ၀၁-၂၀၉၀၁၉ သို့ ဆက် သွယ်လှူဒါန်းနိုင်သည်ဟုသိရသည်။
ဤပေါက်ကွဲ၌ အဓိက တာဝန်ရှိသူမှာ ဦးပိုင် လီမိတက် ကုမ္ပဏီဖြစ်သည်ဟု  ဒေသခံများက ဆိုကြပါသည်။" အကြောင်းမှာ ဆားသိုလှောင်တဲ့ ဂိုဒေါင်မှာ ဦးပိုင်က တရားဝင် အသိမပေးဘဲ ဆာလ်ဖြူရစ် အက်ဆစ် နဲ့ ယမ်းစိမ်းတွေကို သိုလှောင် ထားတာပါလို့ အတွင်းသိများကဆိုပါသည်။ ထို့ကြောင့် မီးလောင်ပေါက်ကွဲခြင်း ဖြစ်ရပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏ တာဝန်ပေးချက်အရ ဒေါက်တာ မျိုးအောင်ဦးဆောင်သောအဖွဲ့သည် မင်္ဂလာတောင်ညွှန့်ရှိ မီးလောင်ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာသို့ ကူညီမှုများပြုလုပ်နိုင်ရန် သွားရောက်နေပြီ ဖြစ်ကြောင်းနှင့် လိုအပ်လာပါက ဆေးခန်း ဖွင့်လှစ်ပြီး ကူညီကုသမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း NLD မှပြောရေး ဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ယနေ့မွန်းလွဲပိုင်းတွင် အတည်ပြုပြောကြားခဲ့ပါသည်။
Yam
ပေါက်ကွဲသော ဆားဂိုဒေါင်ထဲမှ ယမ်းပုံးများ (ဓါတ်ပုံ - အင်တာနက်)
ထိုမီးလောင်ပေါက်ကွဲမှုတွင် ပွဲချင်းပြီးသေဆုံးခဲ့သော မီးသတ်တပ်ဖွဲ့ဝင် ၅ ဦး၏ ရုပ်အလောင်းများကို ယနေ့ညနေ ၅ နာရီ တွင် ရေဝေးသုသာန်တွင် အခမ်းအနားဖြင့် သဂြိုဟ် သွားမည်ဖြစ်ကြောင်းနှင့် အလေးပြုခြင်း၊ အမှတ်တရ ပန်းခွေချခြင်းများကို မွန်းလွဲ ၃း၃၀တွင် စတင်ပြုလုပ်သွားခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။
ဤကိစ္စနှင့် ပါတ်သက်ပြီး၊ အာဏာပိုင်များက မည်ကဲ့သို့ ကိုင်တွယ်သွားမည်ကို နိုင်ငံရေးလောကမှ ပုဂ္ဂိုလိများအပါဝင် ပြည် သူများက စိတ်ဝင်တစားစောင့်ကြည့်နေကြပါသည်။သို့သော်  ဤ မင်္ဂလာ တောင်ညွန့် မြို့ နယ် စက်ဆန်း သင်္ဘောကျင်း တွင် ဖြစ်ပွားခဲ့သည့် ဓါတုဗေဒ ကုန်လှောင် ရုံပေါက်ကွဲမှု၏ အကျိုးဆက်အဖြစ် ရန်ကုန်တိုင်း မြို့  နယ်အချို့တွင် ဓါတု ဗေဒ အဆိပ်သင့် မှုများဖြစ်နေသည်ဟု သတင်းများ ထွက်ပေါ်နေပါသည်။

No comments:

Post a Comment