Saturday, December 17, 2011

GSM ဖုန်းများ တွေအတွက် မြန်မာပြည်တွင်

ဂျီအက်စ်အမ်ဖုန်း အင်တာနက်စနစ် ပြန်လည်လျှောက်ထားခွင့်ပြု

နေပြည်တော်၊ ဒီဇင်ဘာ- ၇
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လအတန်ကြာလျှောက်ထားခွင့် ရပ်ဆိုင်းထားခဲ့သည့် ဂျီအက်စ်အမ်မိုဘိုင်းဖုန်းများပေါ်တွင် အသုံးပြုနိုင်သည့်  EDGE  ( En-hanced Data rates for GSM Evolution )  စနစ်ကို  ပြန်လည် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ယင်းလုပ်ငန်း၏ မိုဘိုင်းဌာနမှ တာဝန်ရှိသူတစ်ဦးက   7Day News သို့ ပြောသည်။
    ကျပ်တစ်ဆယ့်ငါးသိန်းတန်နှင့် ကျပ်ငါးသိန်းတန် မိုဘိုင်းဖုန်းများပေါ်တွင် အသုံးပြုနိုင်သည့်အဆိုပါ  EDGE  အင်တာနက်စနစ်ကို ယခုလ ၅ ရက်နေ့ကစတင် ၍ ပြန်လည် လျှောက်ထားနိုင်ခဲ့ခြင်းဖြစ်သည်။  EDGE  စနစ်ကို လျှောက်ထားရာတွင် ရန်ကုန်နှင့် နေပြည်တော်တို့ ပထမဦးဆုံး လျှောက်ထားနိုင်ဦးမည်ဖြစ်ပြီး မန္တလေးမြို့၏ ဂျီအက်စ်အမ်သုံးစွဲသူများအတွက်မကြာမီအချိန်အတွင်း လျှောက်ထားခွင့်ပေးသွားမည်ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
    အဆိုပါ ဂျီအက်စ်အမ်ဖုန်းများအတွက် အင်တာနက် ဆက်သွယ်မှုစနစ်အသုံးပြုနိုင်ရန် လျှောက်ထားမှုတွင်နှုန်းထားများမှာယခင်ကကဲ့သို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း သို့ ငွေကျပ်တစ်သောင်းသာထပ်မံပေးသွင်းရမည် ဖြစ်သည်။
    အဆိုပါအင်တာနက်စနစ်ကို လျှောက်ထားရာတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအပြင်  Asia Mega Link  နှင့်  Elite  Tech အစရှိသည့် ပုဂလိကကုမ္ပဏီများ၌ မှတ်ပုံတင်ပြသရန်မလိုဘဲ ဖုန်းနံပါတ်ပြသရုံဖြင့် လျှောက်ထားနိုင်သည်။ ထိုစနစ်ကို ယခုနှစ်ဆန်းပိုင်းက   လျှောက်ထားခွင့်ပြုခဲ့ပြီး မကြာမီတွင်ပြန်လည်ရပ်ဆိုင်းလိုက်ရ ခြင်း မှာ အဆိုပါအင်တာ နက်စနစ်နှင့်ပတ်သက်သည့် နည်း စနစ်များကို အဆင့်မြှင့်တင်ခြင်းများပြုလုပ်နေခြင်းကြောင့်ဟု မိုဘိုင်းဌာနမှတာဝန်ရှိသူက ဆက်လက်ပြောသည်။
     EDGE  အင်တာနက်စနစ် သည် စတင်အသုံးပြုခွင့်ပေးခဲ့သည့်အချိန်မှ နောက်ဆုံးလျှောက်ထားအသုံးပြုနိုင်ခဲ့သည့် အချိန်အထိ ၎င်း၏ အင်တာနက်မြန်နှုန်းများသည် သုံးစွဲသူများအတွက် ဆက်သွယ်မှုအဆင်ပြေလောက်သည့် ပမာဏအထိ မရရှိသေးဘဲ CDMA 800 Mhz  ဖုန်းများ၏  EVDO  စနစ်ထက် မြန်နှုန်းအနည်းငယ် နှေးကွေးသည်။

No comments:

Post a Comment