Thursday, December 15, 2011

ရန်ကုန်မြို့ အင်းစိန် တွင် ကားတိုက်မှု

အင်းစိန်မြို့နယ် ဘိုခြံမှတ်တိုင်အနီးတွင် မထသ (၄၄) ယာဉ်လိုင်းမှ ယာဉ်တစ်စီးက လမ်းဘေး လျှောက်နေသူ နှစ်ဦးအားတိုက်မိ၍ တစ်ဦးသေဆုံးခဲ့သော ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ဒီဇင်ဘာ ၃ ရက်နံနက် ၉ နာရီမိနစ် ၅၀ အချိန်တွင် အောက်မင်္ဂလာဒုံလမ်းအတိုင်း တောင်မှ မြောက်သို့ မောင်းနှင်လာသော ၆ခ/၇၁၃၄ ဖူဆိုဘတ်စ်အနီ (၄၄) မထသ ယာဉ်တစ်စီးက ယာဘက်လမ်းစပ်မှ လမ်းလျှောက်သွားနေသူ ကိုလွမ်းယုနှင့် ကိုစန်းလွင်ဦးတို့ကို တိုက်မိခဲ့ခြင်းဖြစ်သည်။

" ယာဉ်မောင်းတွေက စည်းကမ်းမလိုက်နာဘဲ မောင်းချင်တိုင်းမောင်းတယ်။ ပြီးရင် တာဝန်မ ယူချင်ဘဲ ထွက်ပြေးကြတယ်။ အစကတည်းက ဆင်ခြင်သင့်တယ်။ ပြီးမှ ထွက်မပြေးသင့်ဘူး" ဟု ကြိုးမဲ့ကြေး နန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယာဉ်တိုက်မှုကြောင့် ၂၉ နှစ်အရွယ်ရှိ ကိုလွမ်းယမှာရင်ဘတ်ဖူးရောင်၊ ယာဘက်ပေါင် စုတ်ပြဲ ဒဏ်ရာဖြင့် အင်းစိန်ဆေးရုံးတွင် သေဆုံးခဲ့ပြီး ၃၆ နှစ်အရွယ်ရှိ ကိုစန်းလွင်ဦးမှာ ၀ဲဘက်ပခုံးဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်နေခဲ့သော်လည်း ဒီဇင်ဘာ ၄ ရက် ၁၂ နာရီ ၁၀ မိနစ် တွင် အောင်ဆန်း အထက (၃)အင်းစိန်ကျောင်းရှေ့၌ ကားနှင့်အတူ ဖမ်းမိခဲ့သည်ဟု အထက်ပါပုဂ္ဂိုလ် ကပြောကြောင်း 7 DAY NEWS Journal မှာရေးသားဖော်ပြထားပါသည်။

No comments:

Post a Comment