Tuesday, November 27, 2012

ကျွန်စနစ်ကို RM 900 နဲ့ စိန်ခေါ်လိုက်တဲ့ မလေးရှား

ကဲကဲ မလေးရှားရောက် ကိုကိုညီညီ မမ တို့နဲ့ မလေးသွားမည့် သူများသိစေရန်ပေါ့ဗျာ     အခုလက်ရှိအချိန်ထိ မလေးရှားက အလုပ်သမား အခြေခံလစာဟာ တရက်ကို 21RM..........22RM        23RM     ပုံမှ ဒီလောက်ဘဲရရှိနေကြတာပါ.....ဒါပေမဲ့လဲ အခြေအနေမပေးသေးတဲ့ တို့ နိုင်ငံက ပညာတတ်တွေ လူတန်းစားမျိုးစုံတို့ဟာ သွားရလွယ်ကူတဲ့ မလေးရှားမှာ.
..၀ဲခိုသလို စုနေကြပါတယ်.....ဘယ်လိုမှ ဘ၀တိုးတက်မှုမရှိနိုင်သေးတဲ့ လစလေးနဲ့ ကျွန်တော် မက်ခဲ့ဖူးပါတယ်.....အခု လက်ရှိလစာနဲ့ ဆိုရင် စားတာနဲ့ အသုံးဆောင်ဝယ်တာနဲ့ အိမ်ပို့ဖို့ဆိုတာ တော်တော် စုနေကြရပါတယ်....ဒါကိုသိနေတဲ့ ကိုရွှေမြန်မာတွေကကလဲ မလေးရှားကို ခြေဦးမလှည့်ဘဲ ထိုင်းကို စိတ်ဝင်စားနေကြပါတယ်.....မလေးရှားမှာနေပြီး.....အနောက်နိုင်ငံတွေ သြစီတွေကို ခြေလှမ်းနေတဲ့ .....တိုင်းရင်သားလူမျိုးတွေအတွက်တော့ တမျိုးပေါ့........အခုဆိုရင် တို့မြန်မာနိုင်ငံကြီးကလဲ တဖြေးဖြေးနဲ့ သူများနိုင်ငံလို......တိုးတက်စပြုနေပါပြီ.......ဘယ်နိုင်ငံသွားသွား မြန်မာနိုင်ငံမဟုတ်တဲ့ အတွက် ကိုယ်က ဧည့်သည်ပါဘဲဗျာ........ကိုယ့်နိုင်ငံ ကိုယ့်ရပ်ရွာကို အကျိုးပြု တိုးတက်အောင် လုပ်ဖို့အတွက် အချိန်တန်တဲ့ သူတွေ စဉ်းစားဖို့တော့လိုမည်ထင်ပါတယ်.......နိုင်ငံတကာက မျက်စိကျနေတဲ့ မြန်မာနိုင်ငံကို မလေးရှားအစိုးရကလဲ တင်းကျပ်မှုတွေလျှော့ပေါ့ပြီး....အလုပ်သမားများစွာကို ကမ်းလှမ်းနေပါတယ်....လွယ်ကူစွာဝင်ခွင့်ပေးနေပါတယ်......အံ့သြစရာကောင်းတာက အခု ၂၀၁၃ ဇန်န၀ါရီမှစပြီး အလုပ်သမားအားလုံးကို အခြေခံလစာ RM 900 သတ်မှတ်ပေးလိုက်ပါပြီဗျာ.....၀မ်းသာစရာသတင်းတခုပေါ့........ကျွန်တော်တို့ကိုရီးယားမှာတောင် ၀မ် ၅သောင်းဘဲတိုးပါတယ်......ကဲ မလေးရှားကိုကို မမ တို့ရေ ၀မ်းသာစရာဘဲပေါ့နော်.......မြန်မာပြည်ကြီးကိုတော့ မေ့မထားကြပါနဲ့အုံး......အချိန်တန်ရင်တော့ ကိုယ့်အိမ်ပြန်ကြပါ......ကြာလာရင် မြန်မာပြည်က နေရာတိုင်းမှာ တိုင်းတပါးသား နဲ့ ဘင်္ဂလီတွေ ခြေထပ်နေလိမ့်မယ်.......မလေးရှားက ကိုကို မမတို့ရေ လိုရာပန်းတိုင်ကို ရောက်အောင် သွားနိုင်ကြပါစေဗျာ.......လေးစားစွာဖြင့်.......ယောမြေ

No comments:

Post a Comment