Sunday, November 4, 2012

ပည်ပဖုန်း ခေါ်ဆိုမှုအတွက် MEB Cheap International Calling System ကိုအသုံးပြုနိုင်ပြီ…

  • ယခုအခါမှာ ကျနော်တို့ အနေနဲ့ ပြည်ပ ရောက် သူငယ်ချင်းတွေ၊ မိတ်ဆွေတွေနဲ့ Internet မှတစ်ဆင့် ဆက်သွယ်ပြောဆိုကြမယ်ဆိုရင် Viber ၊ Tango အစရှိသည့် App များကို အသုံးပြုပြီး ခေါ်ဆိုလေ့ရှိကြပါတယ်။  ဒီပို့စ်ကတော့ Skype ကို အသုံးပြုသလိုပါပဲ….Mebtalk2 ကိုသုံးပုံသုံးနည်းကိုတင်ပြပေးသွားမှာပါ။  ဈေးနှုန်းအားဖြင့် သက်သာ ပါတယ်။ ဒီ app ကို သုံးမယ်ဆို၇င်တော့ သက်ဆိုင်ရာ ဆိုဒ်မှာ Register လုပ်ဆောင်ပြီး ငွေဖြည့်ပေးထားရပါတယ်။ ဒီ app က Windows, IOS, Android,Symbian တို့အတွက် အဆင်ပြေစွာ အသုံးပြုနိုင်ပါတယ်။ သူ့ရဲ့ မူရင်း ဆိုဒ်မှာ သက်ဆိုင်ရာ နိုင်ငံအလိုက် ခေါ်ဆိုခ နှုန်းထားများကို လည်း ဖော်ပြပေးထားပါတယ်။ အောက်ပါ ပုံမှာ လေ့လာကြည့်နိုင်ပါတယ်။

  • ဒီ App ကို အသုံးပြုချင်တယ် ဆို၇င်တော့ သူ့ရဲ့ မူရင်းလင့် ….. ဒီလင့် မှာ Register လုပ်ပေးရပါတယ်။ အောက်ပါပုံမှာ ပြပေးထားပါတယ်။

  • အထက်ပါအတိုင်း Register လည်း လုပ်ပြီး…  မိမိအသုံးပြုမယ့် Device အလိုက် လိုအပ်သော Software ကို ဒေါင်းပြီးသွားပါ ငွေဖြည့်ပေးဖို့တော့ လိုပါတယ်။ ငွေဖြည့်ကတ် ကိုတော့ ရန်ကုန်မှာ ဆို ၀ယ်ယူရတာ အဆင်ပြေနိုင်ပါတယ်။

No comments:

Post a Comment