Sunday, November 11, 2012

မထင်မှတ်တဲ့ စိတ်ခေါ်သံ

အန္တရာယ်ခေါ်သံများနှင့် ၁၁ ရက် ၁၁ လ

မည်သည့်အချိန်တွင် လှုပ်မည်ကို အတိအကျ ပြော၍ မရသော ငလျင်က ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် ရုတ်တရက်ရောက်ရှိလာသည်။

မထင်မှတ်ထားသောဖြစ်ရပ်။ မန္တလေးမြို့ ၏ မနက်ခင်းမှာ ငလျင်ကြောင့်

ကြောင် အမ်းသွားခဲ့သည်။ စစ်ကိုင်းပြတ်ရွေ့ ပေါ်မှ လှုပ်သွားသော ငလျင်။ ငလျင်ပြင်းအားမှာ ၆.၈။ ငလျင်ကြီးအတွက် အစပျိုး ငလျင်ဖြစ်နိုင်သည်ဟု
ငလျင်ပညာရှင် ဦးစိုးသူရထွန်းက ကောက်ချက်ချသည်။

စစ်ကိုင်းပြတ်ရွေ့ အပေါ် လေ့လာမှုများ အရ လာမည့် ၁၅ နှစ်နှင့် ၂၀ နှစ်
ကြား ငလျင်ကြီးလှုပ်နိုင်သည်ဟု ခန့် မှန်းခဲ့သည်။ ယနေ့ ငလျင်လှုပ်ခပ်မှု
ကြောင့် ခန့် မှန်းနှစ်ထက်စော၍ ငလျင်ကြီးလှုပ်နိုင်သည်ဟု ဦးစိုးသူရထွန်း
ကခန့် မှန်းသည်။

မည်သည့် အချိန်တွင် ငလျင်ထပ်လှုပ်မည်ကို မည်သူကမှ အတိအကျ
မပြောနိုင်။ သို့ သော် လှုပ်နိုင်ချေရှိသည်ဆိုသော ကြိုတင်ပြင်ဆင်မှုများ လည်း ရှိဖို့ လိုပြီ။ အထူးသဖြင့် လူနေထူထပ်သော မြို့ ကြီးများ။ ငလျင်ဒဏ်
ခံနိုင်ရည်မရှိသော တိုက်တာ၊ အဆောက်အအုံများ။

ကျွန်တော်တို့ မည်သို့ ကြိုတင်ပြင်ဆင်ကြမည်နည်း။ ၁၁ ရက် ၁၁ လတွင် အန္တရာယ် ၏ ခေါ်သံကို စတင်ကြားရပြီ

No comments:

Post a Comment