Thursday, November 8, 2012

Korean Air Lines မှ အင်ချွှန်း~ရန်ကုန် နေ့စဉ် ပျံသန်းတော့မည်

ကိုရီယားနိုင်ငံ အင်ချွှန်းလေဆိပ်နှင့် ရန်ကုန်လေဆိပ်သို့ စက်တင်ဘာလမှ စတင်၍ တပတ်လျှင် (၄)ကြိမ် တိုက်ရိုက်ပြေးဆွဲခဲ့သော ကိုရီးယား လေကြောင်းလိုင်း(KE)မှ လာမည့် ဒီဇင်ဘာလ (၂၁)ရက်နေ့မှ စတင်၍ တပတ်လျှင် (၇)ကြိမ်နှုန်းဖြင့် နေ့စဉ်ပြေးဆွဲသွားမည် ဖြစ်ကြောင်း နိုဝင်ဘာလ (၇)ရက်နေ့က ထုတ်ဖော် ပြောကြားလိုက်သည်။ အသုံးပြုသည့် ခရီးသည်ဦးရေ များပြားလာပြီး ပိုမိုများပြားလာဖွယ် ရှိသည့်အတွက် ယခုလို ခရီးစဉ်တိုးချဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ယခင် ပျံသန်းပြေးဆွဲသည့် ခရီးသည် (၁၃၈)ဦး စီးနင်း လိုက်ပါနိုင်သည့် B737-800 လေယာဉ်များအစား ခရီးသည် (၂၇ဝ)ဦး စီးနင်းလိုက်ပါနိုင်သည့် A330-300 လေယာဉ်များဖြင့် ပြောင်းလဲ ပြေးဆွဲသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တခြား ကိုရီးယားနိုင်ငံ လေကြောင်းလိုင်း တခုဖြစ်သော ASIANA AIRLINES ကလည်း မြန်မာနိုင်ငံသို့ တိုက်ရိုက်ပြေးဆွဲရန် စီစဉ်လျှက်ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment