Sunday, November 11, 2012

မြန်မာပြည်အလည်ပိုင်း မြေငလျင် နောက်ဆက်တွဲ


ငလျင်ဒဏ်သင့် ပြည်သူများ နေအိမ်အတွင်း ပြန်လည်နေထိုင်ရန် အခက်အခဲကြုံ

ရွှေဘို၊ နိုဝင်ဘာ - ၁၁

ရွှေဘိုခရိုင် ကျောက်မြောင်းမြို့နယ်ခွဲဒေသအနီးတစ်ဝိုက် နွယ်ငြိမ်းကျေးရွာ၊ မလားကျေးရွာ၊ မခေါက်ကျေးရွာတို့တွင် နိုဝင်ဘာလ(၁၁)ရက်က ငလျင်ဒဏ်ကြာင့် နေအိမ်များပျက်စီးဆုံးရှုံးမှု ကြုံတွေ့ခဲ့ရသည့်နောက်ပိုင်း နေအိမ်များအတွင်းပြန်လည်နေထိုင်ရန်အခက်အခဲကြုံတွေ့နေရကြောင်းအဆိုပါကျေးရွာ သေခံများပြောကြားသည်။

"ဒီလိုအဖြစ်အပျက်မျိုးလွန်ခဲ့တဲ့နှစ်ပေါင်း(၆၀)ကျော်တုန်းက ပုဂံငလျင်လှုပ်ချိန်ကတစ်ကြိမ်ကြုံတွေ့ခဲ့ရဖူး
တယ်။အဲဒီအချိန်တုန်းက အသံတွေပေးပြီးတုန်ခါတယ် ဒီ့ထက်လည်းပြင်းထန်တယ်။တိုက်တာအဆောက်အဦး
တွေသိပ်မရှိသေးလို့ အပျက်အစီးတိုက်တာအဆောက်အအုံ ကြီးကြီးမားမားမရှိသေးဘူး။လူနေအိမ်တွေအားလုံး
နီးပါးပြားပြီးပျက်စီးသွားတယ်။အခုလည်းအိမ်တွေပျက်စီးမှုပိုများတယ်။မြေလွှာအက်ကြောင်းကြီးတွေလည်းပိုကြီးတယ်" ဟု မလားကျေးရွာဒေသခံ(အသက် ၇၄နှစ်အရွယ်)အငြိမ်းစား ကျောင်းအုပ်ဆရာကြီးတစ်ဦးကပြောသည်။

"မလားကျေးရွာမှာ အိမ်ခြေ(၁၆၂)အိမ်၊လူဦးရေ(၆၆၈)ဦးနေထိုင်ပါတယ်။ကျောက်မြောင်းမြို့နယ်ခွဲအနီးတစ်
ဝိုက် ပျက်စီးဆုံးရှုံးမှုအများဆုံးကျေးရွာလို့ပြောလို့ရတယ်။တိုက်တာအဆောက်အအုံ ခြောက်လုံး၊ပျဉ်ထောင်၊ကပ်ကာ
နေအိမ်(၁၁)လုံးက လုံးဝပြားသွားတယ်။လူတွေအားလုံးကတော့ ဘောလုံးကွင်းထဲမှာနေကြတယ်။အိမ်ထဲမှာမနေ
ရဲဘူး" ဟု မလားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးမင်းထွန်းကပြောသည်။

"အိုးထွက်တဲ့နွယ်ငြိမ်းမှာ ငလျင်ကြောင့်အိုးတွေကွဲကုန်လို့သောက်စရာရေအိုးတောင်မရှိတော့ဘူး
နေစရာအိမ်ကလည်းလဲပြိုသွားတော့ နေရေးထိုင်ရေးအခက်အခဲတွေဖြစ်နေပြီ။အစစအရာရာအခက်အခဲတော့
ရှိတာပေါ့" ဟု မလားကျေးရွာတွင် နေအိမ်လဲပြိုသွားသူတစ်ဦးကပြောသည်။

နိုဝင်ဘာလ(၁၁)ရက်နေ့နံနက်(၇)နာရီ(၄၅)မိနစ်အချိန် ငလျင်လှုပ်ခတ်ပြီးသည့်နောက်ပိုင်
နေ့လယ် (၂)နာရီခွဲတွင် တစ်ကြိမ် ညနေ(၅)နာရီ မိနစ်(၂၀)တွင်တစ်ကြိမ် အင်အားအသင့်အတင့်ရှိ နောက်ဆက်တွဲမြေငလျင်များ
ထပ်မံလှုပ်ခဲ့သဖြင့် ဒေသခံများစိုရိမ်စိတ်ဖြင့် လမ်းမကြီးများ ဘောလုံးကွင်းများနှင့် ကွင်းပြင်များတွင် ခတ္တ
နေထိုင်လျက်ရှိသည်။

အဆိုပါ နောက်ဆက်တွဲ မြေငလျင်မှာ အင်အား ရစ်ခ်ျတာစကေး ၅ ဒသမ ၈ ရှိကြောင်း မိုးဇလက သတင်းထုတ်ပြန်သည်။

No comments:

Post a Comment