Tuesday, November 27, 2012

Ph Internet သုံးစွဲခကို ဒီဇင်ဘာလမှစ၍ Volume နဲ့ပြောင်းလဲကောက်ခံမည့် ယာယီဈေးနှုန်း -

1024 kb ဟာ 1 MB နဲ့ညီမျှပါတယ်
သီချင်းတစ်ပုဒ် သို့မဟုတ် ရုပ်ထွက်အရမ်းကောင်းတဲ့ ပုံတစ်ပုံရဲ့ size ဟာ 3MB သို့ 4 MB အထိရှိပါတယ်။ တစ်ချို့သီချင်းတွေဆိုရင် 6 MB လောက်ထိရှိပါတယ်။
ရန်ကုန် ၊ မန္တလေးမြို့ထဲမှာ မိုဘိုင်းအင်တာနက် Speed ဟာ ပုံမှန် (သို့မဟုတ်) ကောင်းတယ်လို့ဆိုရပါမယ် ။
ကွန်နက်ရှင်ကောင်းနေရင် ခုနကပြောခဲ့တဲ့ 3 MB နှုန်းကို စက္ကန့်သုံးဆယ်ထဲနဲ့လည်း ပြီးစီးအောင် download လုပ်နိုင်ပါတယ်။
သို့မဟုတ် ဖုန်းနဲ့ facebook သုံးရင်း facebook ထဲမှာသူများတင်ထားတဲ့ပုံတွေကို ဟိုကြည့်ဒီကြည့်လုပ်လိုက်တာ တစ်မိနစ်အတွင်း ပုံ ဆယ်ပုံလောက်ကြည့်ပြီးသွားတယ်ဆိုပါစို့ ။
ပုံတစ်ပုံရဲ့ size ဟာ ပျှမ်းမျှအားဖြင့် 300 KB လောက် ရှိပါတယ်။
အခုပြောသွားတဲ့ပုံစံမျိုးနဲ့ မိုဘိုင်းအင်တာနက်သုံးလိုက်မယ်ဆိုရင် တစ်မိနစ်ကို အင်တာနက်သုံးခ ၁၂၀ ကျပ်လောက်ကျပါလိမ့်မယ်။
ဒါဟာ မြန်မာဆက့်သွယ်ရေးက ယာယီသတ်မှတ်ထားတဲ့ မိုဘိုင်းအင်တာနက်အသုံးပြုခဈေးနှုန်းနဲ့တွက်ချက်ပြထားခြင်းသာဖြစ်ပါ
တယ်။ဖုန်းအင်တာနက်ကိုအသုံးပြုပြီး Viber အသုံးပြုမယ့်သူများသိရှိထားဖို့ပါ။
ဖုန်းအင်တာနက်ကိုအသုံးပြုပြီး Viber ပြောမယ်ဆိုရင် တစ်မိနစ်ကို 240 Kb နှုန်း data သုံးမှာဖြစ်ပါတယ်။ လက်ရှိ MPT ကယာယီသတ်မှတ်ထားတဲ့နှုန်းနဲ့ဆို ဖုန်းအင်တာနက်နဲ့ Viber ပြောလိုက်ရင် တစ်မိနစ်ကို 5 ကျပ်ကျမှာဖြစ်ပါတယ်။

ဖုန်းအင်တာနက်ကိုအသုံးပြုပြီး
Skype အသုံးပြုမယ့်သူများ သိရှိထားဖို့ပါ။
ဖုန်းအင်တာနက်နဲ့ Skype နဲ့ video call ပြောမယ်ဆိုရ
င် တစ်မိနစ်ကို 6 MB နှုန်း data သုံးမှာဖြစ်ပါတယ်။ လက်ရှိ MPT ကယာယီသတ်မှတ်ထားတဲ့နှုန်းနဲ့ဆို
ဖုန်းအင်တာနက်နဲ့ Skype ပြောလိုက်ရင် တစ်မိနစ်ကို 120 ကျပ်ကျပါလိမ့်မယ်။
Ph Internet သုံးစွဲခကို ဒီဇင်ဘာလမှစ၍ Volume နဲ့ပြောင်းလဲကောက်ခံမည့် ယာယီဈေးနှုန်း -
(မြန်မာ့ဆက်သွယ်ရေးမှလျာထားဈေးနှုန်း)
100 Kb - 2 ကျပ်
1 MB - 20 ကျပ်
100 MB - 1500 - 1800 ကျပ် ဒီအတိုင်းဆိုရင်တော့ ယောယော ချစ်သူနဲ့တော့  လွမ်းနေရတော့မယ်ထင်ပါရဲ့ ကိုရီးယားမှာရှားထားတဲ့ ငွေက မြန်မာ့ဆက်သွယ်ရေးအတွက် ရှာပေးသလိုဖြစ်နေတော့မယ် ထင်တယ် ယောယော ချစ်သူရေ အဟီး   

No comments:

Post a Comment