Thursday, November 29, 2012

ဆေးပေါင်းခညရဲ့ နောက်ဆက်တွဲ


ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်သားများသမဂ္ဂအဖွဲ့၊ အထက်ဗမာပြည် လုပ်ငန်းကော်မတီမှ ကိုရဲရင့်အောင် (မနက်က ဖြစ်စဉ်မှာ မျက်မြင်သက်သေ) ၏ ပြောကြားချက်။

မီးသတ်ကားပေါ်ကနေ ရေနဲ့ပက်တဲ့ရဲက ပက်တယ်၊ တချို့က ကားပေါ်ကနေပဲ မီးလောင်ဗုံးတွေနဲ့ ထုတယ်။ ၀မ်ပေါင်ရှေ့က အကြီးဆုံး သပိတ်စခန်းမှာဆိုရင် မီးလောင်ဗုံး ၁၁ လုံးပစ်တယ်။ အကျော်ရွာစခန်းမှာက ဗု
ံး ၁၂ လုံးမိတယ်။ လူတွေက ကြောက်လွန်းလို့ ထွက်ပြေးနေကြတယ်။ ဘုန်းကြီးတွေကတော့ မပြေးဘဲနဲ့ မေတ္တာသုတ် ထိုင်ရွတ်နေကြတယ်။ မနေ့က ၁၄၄ ထုတ်ထားတဲ့ နေရာတွေတင်မကဘူး တချို့နေရာတွေမှာပါ သွားခွင့်ပိတ်ထားတယ်။ လောလောဆယ် ၀မ်ပေါင်နဲ့ ညောင်ပင်ကြီးလမ်းမှာ ရဲတွေနဲ့ သံဆူးကြိုးတွေ ထပ်ချထားတယ်။ အခုဆိုရင် ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ ပခုက္ကူစတဲ့ မြို့တွေက ဗကသ အဖွဲ့တွေအားလုံး အစုံရောက်နေကြပါပြီ။ ဒေါ်အောင်ဆန်းစုကြည် လာရင် အဖွဲ့အစည်းတွေက အခု အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီးတော့ ပြောဆိုကြမှာပါ။ ဒီလုပ်ရပ်ကိုတော့ ကျနော်တို့ သိပ်ကို မိုက်ရိုင်းတဲ့လုပ်ရပ်လို့ မြင်ပါတယ်။ သူတို့ကို တုန့်ပြန်ချက် ပြင်းပြင်းနဲ့ ပြန်တုန့်ပြန်သွားပါမယ်။

No comments:

Post a Comment