Wednesday, November 7, 2012

အီးနိုင်း လုပ်သားများ သိရှိထားရန် အချက်များအား ပြန်လည်မျှဝေခြင်း


EPS စနစ်အရ ကိုရီးယားသမ္မတနိုင်ငံတွင် အလုပ်လုပ်ကိုင်လျှက်ရှိသော နိုင်ငံခြားသား လုပ်သားများ အနက် အလုပ်လုပ်ကိုင်ခွင့် သဘောတူ ထားသည့် ကာလ အနည်းဆုံး(၄)နှစ် (၁ဝ)လ ရှိပြီး ၊ အလုပ်ဋ္ဌာနပြောင်းလဲခြင်း မရှိသည့် လုပ်သားများ အတွက် ကိုရီးယား သမ္မတနိုင်ငံသို့ အလုပ်ပြန်လည် ဝင်ရောက်လုပ်ကိုင်နိုင်သည့် အခွင့်အရေးတစ်ရပ်ကို ၂ဝ၁၂ခုနှစ် ဇူလိုင်လ (၂)ရက်နေ့မှ စ၍
သတ်မှတ်ဆောင်ရွက်လျှက် ရှိပါသည်။

ထိုစနစ်အရ သတ်မှတ်ချက်နှင့် အကျုံးဝင်သည့် နိုင်ငံခြားသား အလုပ်သမားသည် ကိုရီးယားသမ္မတနိုင်ငံမှ မိမိဆန္ဒအလျှောက် မိခင်နိုင်ငံသို့ တရားဝင် ပြန်လည်ထွက်ခွာရပါသည်။

မထွက်ခွာမီ မိမိအလုပ်လုပ်ကိုင်နေသော အလုပ်ရှင်နှင့် အလုပ်အကိုင်ဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုခဲ့ရပါသည်။ စာချုပ်မိတ္တူရယူခဲ့ရန် သတိပြုရပါမည်။


မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရာတွင် အင်ချွှန်းလေဆိပ် ၊ ကိုရီးယားလူဝင်မှုကြီးကြပ်ရေးဋ္ဌာန၌ မိမိ၏ လက်ရှိနိုင်ငံခြားသား အလုပ်သမားကတ်ပြားကို အပ်နှံခဲ့ရန် လိုပါသည်။ မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိသည်နှင့် ရက်သတ္တ တစ်ပတ်အတွင်း ရန်ကုန်တိုင်း ဒေသကြီး ၊ မရမ်းကုန်းမြို့နယ် ၊ အမှတ်(၅)ရပ်ကွက် ၊ နဂါးရုံဘုရားလမ်းရှိ အစိုးရပြည်ပ အလုပ်အကိုင် အေဂျင်စီ(POEA)သို့ လူကိုယ်တိုင် သတင်းပေးပို့ရပါမည်။


ထိုသို့ သတင်းပေးပို့ရာတွင် နိုင်ငံကူးလက်မှတ်အမှတ် ၊ မိမိအလုပ်ရှင်နှင့် ချုပ်ဆိုခဲ့သော အလုပ်အကိုင်ဆိုင်ရာ သဘောတူစာချုပ်( Labour Contract) ၊ နိုင်ငံသားစီစစ်ရေးကတ် ၊ အိမ်ထောင်စုစာရင်း မူရင်း/မိတ္တူ ၊ ပတ်စပို့အရွယ် ဓါတ်ပုံ(၂)ပုံ စသည့် စာရွက်စာတမ်းများ ယူဆောင်လာရန် လိုအပ်ပါသည်။


POEA တွင် သတင်းပို့ပြီးပါက POEA က ထိုအလုပ်သမား ကိုရီးယားသမ္မတနိုင်ငံမှ ထွက်ခွာခဲ့သည့်နေ့ရက်မှ (၃)လပြည့်ပြီးသည်နှင့် ကိုရီးယားနိုင်ငံသို့ ထွက်ခွာရမည့် နေ့ရက်များတို့ကို အလုပ်သမားပေးထားသည့် လိပ်စာ ၊ ဖုန်းနံပါတ်များသို့ ဆက်လက်အကြောင်းကြား ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။


မြန်မာနိုင်ငံတွင် နေထိုင်သည့် ကာလ (၃)လ မပြည့်မီ (၂)ပတ် အလိုတွင် POEA နှင့် HRD-Korea တို့ အသိအမှတ်ပြုထားသည့် သတ်မှတ်ထားသည့် ဆေးခန်းများတွင် ဆေးစစ်ရပါမည်။ ဆေးအောင်ပါက ဝန်ဆောင်စရိတ် ပေးသွင်းပြီး ဗီဇာလျှောက်ထားရပါမည်။


ဗီဇာလျှောက်ထားရန်အတွက် ပြစ်မှုတစုံတရာ မရှိကြောင်း သက်ဆိုင်ရာ ရဲစခန်း၏ ထောက်ခံချက်နှင့် အိမ်ထောင်စုစာရင်း မူရင်းတို့အား နိုတြီဘာသာပြန်ဆိုချက်တို့ လိုအပ်ပါမည်။


ထွက်ခွာရက် သိရှိသည်နှင့် ထိုရက်မတိုင်မီ တပတ်အလိုတွင် မိဘ(သို့မဟုတ်) အုပ်ထိန်းသူ (သို့မဟုတ်)ဆွေမျိုးရင်းချာ (၂)ဦးတို့မှ ခံဝန်ကတိ လက်မှတ်ရေးထိုးခြင်းကို ဆောင်ရွက်ရပါမည်။ထိုခံဝန်ကတိပြုလုပ်ခြင်းနှင့် ပတ်သက်သည့် ကိစ္စများကို အသေးစိတ် ဆက်လက် ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

No comments:

Post a Comment