Sunday, November 25, 2012

အတတ်မကြူးပါနဲ့ မြန်မာမိန်းကလေးတို့ရေ

ညီမလေးရေ . .

မြန်မာမိန်းကလေးတစ်ယောက်ရဲ့ဘဝ

စိန်ဆင်ထားမှ လှတာ မဟုတ်ပါဘူး။

အိနြေ္ဒတစ်ဆင်စာနဲ့

ယဉ်ယဉ်လေးနေရင်လည်း လှတာပါပဲ။

အမျိုးဘာသာ သာသနာ ထိန်းသိမ်းရမယ့်အလုပ်

လောကကြီးထဲမှာ

ရိုးရိုးကုတ်ကုတ် နေပြလိုက်စမ်းပါ။

ကိုယ့်ဘ၀ကိုယ်ပြင်

ယဉ်ကျေးမှု့နဲ့အလှဆင်

လောကကြီးကိုရင်ကော့

ဒါ မြန်မာပေါ့လို ပြောလိုက်စမ်းပါ။


ဆံပင်ဆေးဆိုး မရိုးနိုင်တဲ့ ၀တ်ဆင်မှု့

အလှကို အလုအယက်ပြကြ

အဲဒါ . .

မြို့ပြရဲ့ အနာတရ မြင်ကွင်းတွေပေါ့ကွယ်။

ရင်ပေါင်တန်းတာနဲ့ တန်းတူလိုက်တာ

ခေတ်မှီတာနဲ့ ဂုဏ်ရှိတာ

ခွဲခြားသိပါ ညီမလေးရယ်။

ညီမလေးရေ . .

ကျေးလက်ကို ချွေးမထွက်စေနဲ့

ကျေးလက်ကို အရောင်တင်

တော်ဝင်တဲ့ပန်း ဖြစ်ပါစေကွယ်။

ဂုဏ်သိက္ခာကို မျက်မှန်တပ်

တဖျတ်ဖျတ် တလက်လက်

အသက်နဲ့မှ မတန်

အဲဒီလူကုံထံတွေကို အားမကျပါနဲ့။


ယဉ်ကျေးမှု့ကို ကျောပေး

အနောက်တွေးတွေး

အနောက်ဆွေး ဆွေးပြီး

အနောက်ဘေးသင့်နေကြတဲ့

ဝတ်စားဆင်ယင်မှု့ပြိုင်

ဂုဏ်ပြိုင်၊ ဓနပြိုင်

ဆွေပြိုင်၊ မျိုးပြိုင်

ပညာပြိုင်၊ ရည်းစားပြိုင်

အဲဒါ . .

ညီမလေးနဲ့ ဘာဆိုင်လို့လဲ။

လိုင်နာနဲ့ မျက်ခုံမဲ

မဆွဲတော့ ဘာဖြစ်သလဲ

ရေမွှေးနဲ့ မိတ်ကပ်

နှုတ်ခမ်းနီနဲ့ ပေါင်ဒါ

မလိုပါဘူး ညီမလေးရယ်။

သနပ်ခါး ဘယ်ညာကွက်

ဒါလည်း ကျက်သရေရှိတာပါပဲ။

ဘောင်းဘီတို စကတ်ကွဲနဲ့

အရပ်ထဲလျှောက်သွား

တရားနဲ့လွဲ

လက်သည်းအရှည် ခြေသည်းအရှည်

ဒေါက်ဖိနပ်တွေ တစ်ထွာလောက်

ဂုဏ်မောက်နေတာ ပကာသန

မကြာခဏ ပျက်စီးသွားတတ်တယ်။

ညီမလေးရေ

ရိုးရိုးလေးပြော၊ ရိုးရိုးလေးပြုံး

ရိုးရိုးလေ၀တ်၊ ရိုးရိုးလေပြင်

ရိုးရိုးလေးစား၊ ရိုးရိုးလေသွား

အဲဒါ . .

မြန်မာမလေးတို့ရဲ့ ခွန်အား . . ။ ။ ယောယောလဲ တွေ့တာနဲ့ မျှဝေပေးလိုက်တာပါ

No comments:

Post a Comment