Wednesday, March 21, 2012

အသစ်ထွက်ရှိလာမည့် တန်ဖိုးနည်းမိုဘိုင်းတယ်လီဖုန်းများတွင် CRP စနစ်

အသစ်ထွက်ရှိလာမည့် တန်ဖိုးနည်းမိုဘိုင်းတယ်လီဖုန်းများတွင် ဖုန်းခေါ်ဆိုလျှင် သီချင်းသံကြားရသည့် CRP (Caller Ringbach Tune) စနစ်ရရှိရန် ဆွေးနွေးတိုင်ပင်နေသည်ဟု သတင်းရရှိသည်။ “CRP စနစ်ကို ၂၀၁၀ (၉) လပိုင်းကစပြီး ၁၅ သိန်းတန် GSM ဖုန်းတွေမှာစလုပ်ခဲ့ပါတယ်။

CDMA 15 သိန်းတန်ဖုန်းတွေမှာ ၂၀၁၁ မတ်လ ၄ ရက်နေ့မှစရခဲ့ပါတယ်။ ကျန်တဲ့ဖုန်းတွေမှာ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၅ ရက်နေ့မှာ အသုံးပြုနိုင်ခဲ့ပါတယ်။ ဒီစနစ်ကတော့ CRP (Call Ringback Tune) စနစ်ပါ။ ကိုယ့်ဖုန်းကိုခေါ်ရင် ခေါ်တဲ့လူက တီ၊တီ၊တီ ကြားရမဲ့အစား မိမိကြားစေချင်တဲ့သီချင်းကို ကြားရမှာပါ။ အခုထွက်ရှိလာမဲ့ တန်ဖိုးနည်းဖုန်းတွေမှာ သုံးလို့ရအောင် ဆွေးနွေးနေပါတယ်” ဟု CRP စနစ်ကိုဝန်ဆောင်မှုပေးသည့် My Ring Tune Service မှကိုရဲရင့်မောင်ကပြောသည်။ CRP စနစ် အသုံးပြုခကျသင့်ငွေကို မိမိဖုန်းဘေ(လ်)ထဲမှ ယူသွားမည်ဟုသိရသည်။ မြန်မာသီချင်း၊ အင်္ဂလိပ်၊ တရုတ်၊ အိန္ဒိယသီချင်းများရှိပြီး သီချင်းတစ်ပုဒ်ကို သုံးရာကျပ်ပေးဝယ်ရသည်။ လစဉ်ကြေးနှစ်ထောင်ကျပ် ပေးရမည်ဖြစ်ပြီး သီချင်းဆယ်ပုဒ်ထိ ၀ယ်ယူသိမ်းဆည်းထားနိုင်သည်ဟု သိရသည်။ ၀ယ်ယူထားသည့်သီချင်းများကို Rotate ပြုလုပ်ပေးမည်ဟု သိရသည်။ CRP စနစ်ရယူလိုသူများအနေဖြင့် Hot Line : ၀၉-၇၃၁၀၉၉၁, ၀၉-၇၃၁၀၉၉၂-၄ ထိဆက်သွယ်နိုင်ပြီး www.mmringtune.online.com နှင့် www.myringtune.com.mm တို့တွင် ၀င်ရောက်၍လဲ ပြုလုပ်နိုင်သည်ဟုလဲသိရသည်။

No comments:

Post a Comment