Thursday, March 22, 2012

ယုဇနဥယျာဉ်မြို့ တော်မှာ ကြိုဆိုသူ ရှစ်သောင်းကျော်နဲ့  ဒေါင်းအလံစိုက်ထူခဲ့တဲ့ အမေစု (ဓါတ်ပုံ)

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ၏ ဒဂုံဆိပ်ကမ်းမြို့ နယ် ခရီးစဉ် သတင်းဓါတ်ပုံ ကို - ပြည်တွင်းမီဒီယာများ၊ ၀ါသနာရှင်များနှင့် အင်တာနက်စာမျက်နှာများပေါ်မှ စုစည်းဖော်ပြပါတယ်။ ဓါတ်ပုံပေါင်း(၈၀)ကျော်ကို ကြည့်ရှုနိုင်ပါတယ်။
““ကျွန်မတို့က ကတိမပေးရဲလို့ မပေးတာလားလို့ တချို့ကပြောတယ်။ မဟုတ်ပါ ဘူး။ ပြည်သူတွေကို လေးစားလို့လွယ်လွယ်နဲ့ ကတိမပေးတာပါ။ ကျွန်မတို့ ဒီလိုကတိတွေ မပေးပေမယ့် ကျွန်မတို့ ယုံကြည်ချက်ရှိတယ်။ ပြည်သူတွေရဲ့ ထောက်ခံမှုရှိ သရွေ့၊ ပြည်သူတွေ တည်ငြိမ်ပြီး ကောင်းမွန်တဲ့ဘ၀ကိုလိုချင်သရွေ့ ကျွန်မတို့ ဟာ အောင်မြင်နိုင်မယ်လို့ ယုံကြည်ပါတယ်”” ဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့ညနေ ခြောက်နာရီကျော်တွင် ပြုလုပ်သော ယုဇနဒဂုံဆိပ်ကမ်းမြို့၊၉၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၏အနောက်ဘက်၊ မဟာကန္နီဘုန်းကြီးကျောင်းဘေးကွင်းပြင်ရှိ လူထု ရှစ်သောင်းကျော်အား ပြောကြားသွားခဲ့ကြောင်း 7Day News (facebook) စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။

No comments:

Post a Comment