Wednesday, March 21, 2012

မြန်မာပြည်က တန်ဖိုးနည် အိမ်ယာတွေ

တော်ဝင် ဆောက်လုပ်ရေးက လက်ရှိ ဆောက်လုပ် နေတဲ့ မုဒိတာ ၁ နဲ့ မုဒိတာ ၂ တန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ်ဖို့ သက်ဆိုင်ရာကို တင်ပြ ထားတယ်လို့
တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အဲ့ဒီလို ဆောက်လုပ်မယ့် တန်ဖိုးနည်း အိမ်ရာတွေကို ၀ယ်ယူရာမှာ ၁ လကို ကျပ် ငါးသောင်းနဲ့ လပေါင်း ၆၀ အရစ်ကျ ပေးသွင်း သွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ တိုက်ခန်းတွေ ကိုတော့ အခန်း ဖွဲ့စည်းမှု မပါဘဲ ဟောတိုက် စနစ်နဲ့ ဆောက်လုပ် သွားမှာ ဖြစ်ပါတယ်။

အခု အချိန်မှာ ဆောက်လုပ် ပြီးစီး တော့မယ့် မုဒိတာ ၁ နဲ့ မုဒိတာ ၂ တန်ဖိုးနည်း အိမ်ရာတွေ ကတော့ Square feet 600 ရှိပြီး အခန်း ၂ ခန်း၊ ရေချိုးခန်း အိမ်သာ၊ ရေမီတာ၊ လျှပ်စစ်မီတာနဲ့  ဓာတ်လှေကားပါ ပါဝင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အိပ်ခန်းနဲ့ ဧည့်ခန်း မှာလည်း ပါကေးခင်း ထားပြီး ရေချိုးခန်း အိမ်သာ ကိုတော့ ကြွေပြားကပ် ဆောက်လုပ် နေတာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

No comments:

Post a Comment