Saturday, March 24, 2012
မကွေးတိုင်းဝန်ကြီးချုပ် ဒေါ်စု ဟောပြောပွဲပြုလုပ်မည့်နေရာကို မသတ်မှတ်ပေးပဲ ဘယ်သင်္ချိုင်းမှာ သွားလုပ်လုပ်လို့ ပြောကြာ
မတ်လ ၂၃ ရက်နေ့ ၂၀၁၂
 မကွေးမြို့အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်မှ(23.3.2012)ယနေ့ညနေလေးနာရီအချိန်ခန့်တွင်
မြို့ပေါ်ရှိပြည်သူလူထုကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သင်္ကေတခွပ်ဒေါင်းပုံနှင့်
 ကြယ်ဖြူကြီးကိုတင်ဆောင်လှည့်လည်ပြသခဲ့ပါသည်။ မနက်ဖန်24.3.2012 နေ့တွင်
 မင်းဘူးမြို့နှင့် မင်းလှမြို့များသို့သွားရောက်ပြီး လှည့်လည်စည်းရုံးရေးဆင်းမည်ဟု 
သိရှိရပါသည်။
အဲဒီလိုလှည့်လည်ပြသသည့်အခါတွင် လမ်းဘေးဝယ်ယာမှပြည်သူများနှင့်
အားပေးခဲ့ပြီး၊ လူငယ်လူရွယ်များမှဆိုင်ကယ်များဖြင့်လိုက်ပါအားပေး
ခဲ့ပါသည်။
 ပြည်သူများမှ နဖူးစီးများတီရှပ်များ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ 
အမှတ်တံဆိပ်များကိုလဲဝယ်ယူခဲ့ကြောင်းသိရှိရပါသည်။
 ဒေါ်အောင်ဆန်းစုကြည်ပြည်သူလူထုနှင့်တွေ့ဆုံမည့်နေရာကို မကွေးတိုင်း
ဝန်ကြီးချုပ်ဦးဘုန်းမော်ရွှေနှင့်အဖွဲ့မှယနေ့သတ်မှတ်ပေးမည်ပြောပြီး
ယခုအချိန်ထိသတ်မှတ်မပေးကြောင်းသိရှိရပါသည်။
နောက်ပြီး ဦးဘုန်းမော်ရွှေပြောကြားသည့်ဒေါ်အောင်ဆန်းစုကြည်ဟောပြောမည့်ေ
နရာကို
 သတ်မှတ်ပေးရန်ပြောကြားသောအခါ ဘယ်သင်ချိုင်းမှာသွားလုပ်လုပ်လို့ 
ပြောကြားတာကိုပြည်သူလူထုမှမခံ
Myanmar News Now
ယနေ့ မကွေးမြို့ မှာ ခွပ်ဒေါင်းလှည့်လည်စဉ်
No comments:
Post a Comment