Monday, August 11, 2014

korea တွင် E7 ဗီဇာက ဘာတွေလိုအပ် ဘာတွေထူးသလဲ

E 7 (특정활동)
( အထူးလုပ်ဆောင်မှူဗီဇာ)

E7. ဗီဇာက ဘာလဲ . 비전문취업(E 9) ကနေ ဘယ်လိုပြောင်းရလဲ. ဘာတွေလိုအပ်လဲ မေးမေးနေသော ညီအစ်ကိုများအတွက်.

၁။ E-9 .E-10. H-2. ဗီဇာ ရရှိထားသူများဖြစ်ပြီး ၊ ကိုရီးယားတွင် ယခုလက်ရှိ ၄ နှစ် အထက်
အလုပ်လုပ်နေသူ။(제조업.ကုန်ထုတ်လုပ်ငန်း၊
건설업.ဆောက်လုပ်ရေးလုပ်ငန်း ၊ 농축어업.စိုက်ပျိုးရေးလုပ်ငန်းအပါ)


၂ ။ အသက် ၃၅. နှစ်အောက်ဖြစ်ရမည်။(ရုံမပြောင်းဘဲ ၄ နှစ် ဆက်တိုက်လုပ်သူ အသက် ၄၀
အောက်)။

၃။ Topik (토픽 한국어 능력시험 .3 급) Level 3 .အောင်လက်မှတ် ရရှိထားသူ။
(လက်ရှိအလုပ်မပြောင်းဘဲ ၄ နှစ် ဆက်တိုက်အလုပ်လုပ်သူ Level 2 အောင်လက်မှတ်)။
(သို့မဟုတ်)
အင်မီဂရေးရှင်းက ကျင်းပပေးသော 사회통합프로그람 အောင်လက်မှတ်ရရှိထားသူ။

၎။ လစာ အနည်းဆုံး လစဉ် ၂၂ သိန်း ၂ သောင်းလောက်ရရှိသူ။ (အဲ့လောက်မရလဲ စိတ်မညစ်ပါနဲ့. 소득세 အခွန်ဌာနမှာ အဲ့လစာလောက်ကိုက်ပြီး အခွန်ဆောင်လို့ရပါသည်)။
(သို့မဟုတ်)
기능사 자격중 လို့ခေါ်တဲ့ လုပ်ငန်းကျွမ်းကျင်အောင်လက်မှတ် (ဂျီဂဲချာ ၊ ဝရိန် စသည်) ရရှိထားသူ။

၅ ။ မိမိ နိုင်ငံတွင် ဘွဲ့ ရ ဖြစ်ရ. (သို့မဟုတ်)
ဒုတိယနှစ် အောင်လက်မှတ် ရရှိထားသူဖြစ်ရမည်။



၆။ မိမိလုပ်နေသောစက်ရုံတွင် ကိုရီးယားသား
အနည်းဆုံး ၅ ယောက် ရှိရမည်။(သူဌေးမပါ)

ထို အချက် ၆ ချက်နှင့်ကိုက်ညီသောသူသည် E 7 ဗီဇာ သို့ ပြောင်းခွင့်ရှိပါသည်။ယခု သက်မှတ်ထားသော ပုံမှန်လစာ ၂၂သိန်း ၂သောင်း လည်း လာမယ့် ၉ လပိုင်တွင် ဒီထက် လျော့ပြီး သက်မှတ်ပေးဖို့ ရှိတယ်လို့ ဆိုပါသည်။

E7 ဗီဇာက ဘာတွေထူးလို့လဲ ဆိုတော့ ထူးပါတယ်။
စာချုပ်ရှိသလောက် ဆက်တိုက်နေလို့ရပါတယ်လို့ဆိုပါတယ်။ သက်တမ်းကတော့ တစ်နှစ်တစ်ခါတိုးရမှာဖြစ်ပါတယ်။နောက်ပြီ မိမိနိုင်ငံက ဆွေမျိုး မိသားစုတွေကိုလည်း မိမိနာမည်နဲ့ ခေါ်လို့ရပါတယ်။ E 7. နဲ့ ၄ နှစ်နေပြီးရင် F 2
ဗီဇာ လို့ခေါ်တဲ့ အမြဲနေဗီဇာ ပြောင်းလဲ လျှောက်ပိုင်ခွင့်ရှိပါတယ်။
E 9 မှ E 7. ပြောင်းလဲသူ ဦးရေ ၂ နျစ်အတွင်း
၁၆၀. ကျော်သွားပြီဖြစ်ပါသည်။
ကဲ ကိုရီးယား မှာ ဆက်နေချင်သော ညီအစ်ကိုများ ကြိုးစားကြည့်ကြပါ. လုပ်ချင်လျှင်ဘာမဆိုဖြစ်နိုင်ပါတယ်လို့ တိုက်တွန်း အားပေးလိုက်ပါတယ် ခင်မျာ။
အားလုံး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကြပါစေ။by Zar Ni Tun

No comments:

Post a Comment