Saturday, August 9, 2014

လူမိုက်ကျော်ဝင်းရဲ့ ကံကြမ္မာဆိုး(သို့မဟုတ်) ပုပ္ပကိုင်းရွာလေး အေးချမ်းတော့မှာလား

မနေ့က(28-7-2014) ရက်စွဲနဲ့ ပို့စ်တစ်ခုတင်ခဲ့ပါတယ်။
အင်တာနက်အကျိုးကျေးဇူးလို့ပြောရမလိုပါပဲ။ အဲဒါနဲ့ပတ်သက်ပြီး ဆောမြို့နယ် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဋ္ဌေးမောင်ကိုယ်တိုင် သိရှိပြီး တူမီးသေနတ်ဖြင့် တစ်ကိုယ်တော်မိုက်ရူးရဲဆန်နေသည့် ထောင်ထွက်ကျော်ဝင်းအား
သက်သေအထောက်အထားများနဲ့အတူ ဆောမြို့ရဲစခန်းမှ ဖမ်းပေးမည်ဟု သိရှိရပါသည်။
ရွာသားများ လူမိုက်ကျော်ဝင်းကို
ကြောက်ရသည့် အဓိက အကြောင်းရင်းများ
----------------------------------------
ထောင်ကထွက်လာတဲ့တနေ့ ရဲတိုင်တဲ့သူကိုသတ်ပစ်မည်ဟု ချိန်းခြောက်ထားသောကြောင့်
ကြောက်ကြရသည်။
လှို့ဝှက်တိုင်သော်လည်းတရားရုံးရောက်လျှင် စစ်ဆေးရာ၌ တရားလိုကို သိရှိနိုင်ခြင်းကြောင့် ကြောက်ကြရသည်။
လူမိုက်ကျော်ဝင်းတစ်ယောက် နှစ်ရှည်ထောင်ဒါဏ်(၄) ကြိမ်ကျခဲ့သော်လည်း ထောင်ထဲ၌ ခဏသာနေရပြီး ပြန်ပြန်လွတ်မြောက်လာခြင်းကြောင့် ကြာက်ကြရသည်။
သူပြောရင်ပြောသကဲ့သို့ ရက်ရက်စက်စက် လုပ်တတ်သောကြောင့် ကြောက်ကြရသည်။
ဆောရဲ လောင်းရှည်ရဲများပင်ကြောက်ကြသောကြောင့် ရွာသားများကြောက်ကြရသည်။
ထောင်ကျသော်လည်း စစ်သားဘဝက သူ့မိတ်ဆွေ ဗိုလ်ကြီးတစ်ဦးက ဘယ်ထောင်ရောက်ရောက်လိုက်ပြီး ကယ်နေခြင်းကြောင့် ရွာသားများ ကြောက်ကြရသည်။
နှစ် (၁၀၀)မကလို့ တစ်သက်တကျွန်းကျသော်လည်း ပြန်လွတ်လာဦးမည်ဟု ပြောသောကြောင့် ကြောက်ကြရသည်။
ထိုအကြောင်းကို သိသောကြောင့် ယခင်က အလွန်အေးချမ်းလှတဲ့ရွာလေးမှာ ယခုအချိန်အထိ စိုးရိမ်စိတ်များဖြင့် မည်သူ့ကိုမျှမတိုင်ရဲပဲ ဘဝကို ရပ်တည်နေကြရပါသည်။
(၄) ကြိမ်မြောက်ထောင်ကျစဉ်က ပြစ်မှုမြောက်များစွာဖြင့် ထောင်(၁၀) နှစ်ကျသော်လည်း ယခုတင်ပြမည့် ပြစ်မှုအနည်းငယ်သာ ပြုလုပ်ထားသေးသဖြင့် ထောင်ခဏသာကျမည်ကို စိုးရိမ်နေကြရခြင်းကြောင့် မတိုင်ရဲကြခြင်းဖြစ်သည်။
ယခုလက်ရှိပြစ်မှုများ
------------------------
တူမီးသေနတ်တီထွင်မူ။
တရားမဝင်ကိုင်ဆောင်မှု။
စိတ်မထင်ရင် မထင်သလို ရွာထဲ၌ သေနတ်ခဏခဏ ပစ်ဖောက်မှု။
အုပ်ချုပ်ရေးကအစ ရွာသားများအားခြိမ်းခြောက်မှု။
စီးပွားရေးသမားများထံ၌ တရားမဝင် စစ်ကြေးကောက်ခံမှု။
မွေးမြူထားသော တိရိစ္ဆာန်တို့အား ပစ်သတ်မှု။
တစ်ရွာလုံးကို မီးရှို့ပစ်မည်ဟု ခဏခဏခြိမ်းချောက်မှု။
ရွာတစ်တစ်ခုလုံးကို ပြာကျသွားနိုင်သည့် အန္တရာယ်ရှိသော ရွာမြောက်ပိုင်းရှိ အမှိုက်ပုံကြီးကို မီးရှို့မှု။
ည(၉)နာရီကျော်ပါက ၁၄၄ အမိန့် တရားမဝင်ထုတ်ပြန်မှု
သီချင်းမဆိုရ စကားကျယ်ကျယ်မပြောရ ကဲ့သို့သော အသေးအဖွဲလေးကအစ အမိန့်ထုတ်ပြန်မှု
စသည်ကဲ့သို့သော ထောင်ခဏလေးသာကျနိုင်သည့်အမှုငယ်လေးများသာ ယခုလက်ရှိလုပ်ထားသဖြင့် ရွာသူ/သားများ ဆောရဲစခန်းက ကြိုဆိုနေသော်လည်း ရဲစခန်းကို တိုင်ရဲပါ့မလားဆိုတာ စောင့်ကြည့်ရပါတော့မည်။
အမှုကြီးသည်အထိ စောင့်နေပါက ပေးဆပ်မှုကြီးပေတော့မည်။
မဖြစ်ခင်က ကြိုတင်ကာကွယ်ဖို့သာ လိုလားပါသည်။
လူမိုက်ကျော်ဝင်းကိစ္စသည် ဆောရဲစခန်း လောင်းရှည်ရဲစခန်းကို နှစ်ရှည်လများ အလုပ်ရှုတ်စေခဲ့သည်မှာ တနယ်လုံးသိကြသလို ယခုကိစ္စကို မဆောင်ရွက်နိုင်ပါက အရှက်ရစရာများ ဖြစ်ပေါ်နေဦးမည်သာ။
ရွာသူ/သားများ စိတ်ကျန်းမာ ကိုယ်ကျမ်းမာမယ့်နေ့ကို စောင့်မျှော်ရင်း ရွာသူ/သားများ ရဲစခန်းကို တိုင်ရဲပါ့မလား
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးကိုယ်တိုင် ဖိအားပေးမှုနဲ့အတူ ဆောရဲစခန်းမှအရာရှိများထိရောက်စွာ အရေးယူရဲပါ့မလားဆိုတာကိုတော့ စောင့်ကြည့်ရပါတော့မည်။
***ရွာသူ/သားများ*** credit by ဒို့ယောမြေ

No comments:

Post a Comment