Saturday, August 16, 2014

ကိုရီးယားမှ ပြန်တော်ပြန်များအတွက်


လဆိပ်မှာ ထွယ်ဂျိဂွမ်းထုတ်ဖို့တော့ ခက်ခက်ခဲခဲမရှိပါဘူး ငွေထုတ်ဖို့လျှောက်ထားတဲ့ဘဏ်မှာပဲထုတ်ရုံပါပဲ လေဆိပ်ကိုတော့စောစောဆင်းဖို့လိုလိမ့်မယ် KE နဲ့ပြန်မယ့်သူတွေဆိုညနေသုံးနာရီလောက်လေဆိပ်အရောက်ဆင်းရင်ပိုကောင်းလိမ့်မယ် ပြည်ပထွက်ခွါအတွက်ကားတွေက သုံးထပ်မှာရပ်ပေးလိမ့်မယ် လေဆိပ်ထဲဝင်တာနဲ့
အိတ်တွေကိုအရင်ကီလိုချိန်ပြီး လေယာဉ်လက်မှတ်ဖြတ်တဲ့ကိစ္စအရင်လုပ်ကြပါ
ပြီးမှကျန်တဲ့အချိန်ကို ထွယ်ဂျိဂွမ်းထုတ်ဖို့လုပ်တာပိုအဆက်ပြေပါလိမ့်မယ်
ထွယ်ဂျိဂွမ်းထုတ်ဖို့လျှောက်တဲ့ဘဏ်(အပြင်ဘက်က ကီလိုချိန်ပြီးလေယာဉ်လက်မှတ်ထုတ်တဲ့နားက Money Exchange) ကိုသွားပြီး 출국만기보험 찾을 수 있게 해주세요
ချူးလ်ကုမန်းဂီဗိုဟောမ်း လို့ပြောပြီး Passport + ID card ပေးလိုက်ရင်ရပါပြီး။ လဝကဖြတ်ပြီး အထဲရောက်ရင် ထုတ်ဖို့ငွေအမောက်ကို ဒေါ်လာနဲ့တွက်ပြီးရေးပေးတဲ့စာရွက်တစ်စောင်ရယ် အထဲဝင်ရယ် ငွေထုတ်လို့ရမယ့်ဘဏ်ရှိနေတဲ့ ဂိတ်နံပါတ်ကိုရေးပေးပါလိမ့်မယ်(KEB bank က Gate 25 မှာပါ) အကယ်၍ KEB မှာထုတ်ဖို့လျှောက်ထားသူများ အပြင်ဘက်က Money Exchange တွေမှာငွေထုတ်ဖို့စာရွက်စာတန်းထုတ်ယူတဲ့ကိစ္စတွေမှာ တစ်ခုခုအဆင်မပြေဖြစ်ခဲ့ရင် မြေအောက်ခန်း ဓါတ်လှေကားနဲ့ဆင်းရင် B1 (지하 일층) ကိုဆင်းသွားလိုက်ရင် KEB Bank Inchon Airpot branch ဆိုပြီးရှိပါတယ် အဲ့ဒီကိုသွားပြီး ချူးလ်ကုမန်းဂီဗိုလ်ဟောမ် လို့သာပြောလိုက်ရင် အားလုံးအဆင်ပြေအောင်(ပြည်တွင်းဘဏ်တွေကလိုအပ်တဲ့စာရွက်စာတမ်း အချက်အလက်များကိုလှမ်းတောင်းပေးပါတယ်)လုပ်ပေးပါလိမ့်မယ်။ ဒီလောက်ဆိုရင် အားလုံးအဆင်ပြေလောက်ပါပြီး
သတိထားရမယ့်ကိစ္စတစ်ခုကတော့
*****ကိုရီယားနိုင်ငံမှဗီဇာသက်တမ်းကုန်လို့ အပြီးပြန်လာတဲ့သူများ CBT Test ဖြေပြီးပြန်ပြန်ထွက်မယ်ဆိုပါက မင်္ဂလာဒုံလေဆိပ်ရောက်လျှင် လဝက မြန်မာနိုင်ငံသားများပတ်စ်ပို့စစ်ဆေးတဲ့ဂိတ်ရောက်ခါနီး ဘယ်ဘက်ခြမ်းမှာ Manganer Worker Report ဆိုပြီးဆိုင်းဘုတ်လေးနဲ့ ရုံးခန်းတစ်ခုဖွင့်ထားပါတယ် အဲ့ဒီမှာ ဗီဇာကုန်လို့ပြန်လာပြီး စာမေးပွဲပြန်ဖြေမယ်ဆိုတဲ့အကြောင်းသတင်းပို့ရပါမယ်။ အဲ့ဒီအကြောင်းကို ပြည်တွင်းသတင်းစာနဲ့ 7 Day တို့လိုဂျာနယ်မျိုးမှာအသိပေးထားပါတယ်လို့ပြောပေမယ့် ကျွန်တော့တို့လိုပြည်ပမှာရှိနေတဲ့သူများကတော့ မသိပါဘူး။ဒီအဖွဲ့ကလည်း 2011 လောာက်မှ MOU စာချုပ် ချုပ်ဆိုထားတဲ့အတွက် အဲ့ဒီအချိန်ကသွားတဲ့သူများဗီဇာသက်တန်းမပြည့်သေးတော့ လဝက ဂိတ်မှာစောင့်ပြီးပြောကြားခဲ့ခြင်းမရှိတဲ့အတွက် ရွှေအင်းဝနဲ့ ထွက်လာသူများ ဗီဇာပြည့်လို့ပြန်လာပြီး သတင်းမပို့မိပဲ ဒီတိုင်းထွက်လာခဲ့ပါက နောက်တခေါက်လေဆိပ်ပြန်သွားပြီးသတင်းပို့ရပါမယ်။ကိုရီယားနိုင်ငံမှာနေထိုင်စဉ်အတွင်း ကိုယ့် ID card နံပါတ်အလွတ်မရသူများ အလွတ်ကျက်မှတ်ခဲ့ပါ ဖြစ်နိုင်ရင် ID card ကိုပါ ရှေ့နောက် မိတ္တူဆွဲလာခဲ့ပါ။သက်တန်းပြည့်လို့ပြန်သူများ Incheon လေဆိပ်က လဝကမှာ ID card ကိုပြန်သိမ်းပါတယ်။
အားလုံးအဆင်ပြေကြပါစေ။

No comments:

Post a Comment