Tuesday, August 26, 2014

လိုအပ်နေသောနေရာလေး


အဲဒီကျောင်းမှာ ကျောင်းထိုင် ကျောင်းအုပ်ဆရာတော်က အသက် ၂၈ နှစ်ပဲရှိသေးတယ်။ဥူးသုမနတဲ့။အသက် ၁၉နှစ်နဲ့ BA ဘွဲ့တစ်ခုကိုယူပြီးကတည်းက သာသနာ့ဘောင်ထဲဝင် လာတာခုဆို ဝါတော် ၁၀ နှစ်နီးပါးရှိပါပြီတဲ့။အဲဒီကျောင်းလေးက ပဲခူးရိုးမ အနောက်ခြမ်းကြို့ပင် ကောက်မှာရှိတဲ့
သိခ်ရိုင်မိဘမဲ့ဘုန်းတော်ကြီးသင်ပညာရေးကျောင်းလေး။ကြို့ပင်ကောက်မြို့ပေါ်ကနေအနောက်ဘက် ၁၈မိုင်လောက်တောင်တတ်လမ်းကြမ်းခရီးကို ဆက်သွားရသေးတယ်။အဲ့ဒီကျောင်းလေးဖွင့်ထားတာ ၂၀၀၉ ခုနှစ်ကတည်းကဖြစ်ပေမယ့် ၂၀၁၁ခုနှစ် နှစ်ကုန်ပိုင်းမှ အစိုးရက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအဖြစ်သတ်မှတ်ပေးခဲ့တယ်။အဲ့ဒီကျောင်းလေးမှာ ကျောင်းသားဦးရေ ၂၁၆ ယောက်ရှိတယ်။မိဘမဲ့ကလေးကအယောက် ၈၀ ကျော် ရှိပြီး လာစွန့်ပစ်သွားတဲ့ တိုင်းရင်းသားက လေးတွေလည်းရှိတယ်။နို့စို့အရွယ်ကလေး လေးယောက်ရှိတယ်။ဆယ့်တစ်ရက်(ကျနော်သွားတုန်းက)သားလေးကိုတော့ လူဌားနဲ့ ထိန်းခိုင်းထားတယ်။လူဌားခတစ်လ နှစ်သောင်းပေးရတယ်။ကျန်တဲ့နို့စို့ကလေးတွေကိုတော့ ဥူးဇင်းတွေနဲ့ ကျောင်းဆရာတွေထိန်းကြတယ်။ကလေးတွေအစားအသောက်ကမနက်ပိုင်းကိုပဲပြုတ် ညပိုင်းမှာအသားတုနဲ့ ငါးခြောက်ကျော်တစ်မျိုးမျိုးကျွေးတာပာာ တစ်ရက်ကို ၆ သောင်း တစ်လကို ၁၈ သိန်း ကုန်ကြတယ်။ပရဟိတအဖွဲ့တစ်ချို့လာရောက်လှူဒါန်းတာ ရှိပေမယ့်ကျောင်းကဝေးလို့ သိပ်ပြီးတော့အလှူရှင်တွေမရောက်ကြဘူး။မိုးတွင်းဆိုကလေးတွေရဲ့အစားအသောက် အတွက် အခက်အခဲအများကြီးဖြစ်ရတယ်။ကျောင်းအုပ်ဆရာတော်က တရားပွဲတွေလိုက်ပောာလို့ရလာတဲ့ ပူဇော်ကြေးနဲ့ ကလေးတွေကို ကျွေးမွေးရတယ်။ကျောင်းပိုင် ဆရာတော်ကလည်း ငယ်စဉ်ကတည်းက မိဘတွေကကျောင်း မထားပေးနိုင် လို့သူများကျောင်းထားပေးရာကကြီး လာရတာဖြစ်တဲ့ အတွက်သူ့လိုပဲ ကလေးတွေ ကျောင်းစာမတတ်ရ မရှိလေအောင် ရည်ရွယ်ပြီး ဒီကျောင်းလေးကိုလုပ်နေတာပါတဲ့။အလှူရှင်မလာရင် အကြွေးတွေတင်ပြီး အလှူရှင်လာမှပြန်ဆပ်ရတယ်တဲ့။သွားရလာရတာလည်းခက်ခဲတော့ အလှူရှင် လည်းသိပ်မရောက်ဘူးလေ။စာရေးကိရိယာနဲ့ ကလေးတွေရဲ့ အဝတ်အစားအတွက်လည်း အခက်အခဲရှိပြန်ပါတယ်။ကျောင်းကမူလတန်းထိပဲတတ်လို့ရတာမို့ အလယ်တန်းကျောင်းသားတွေက ကြို့ပင်ကောက် မြို့ပေါ်သွားတတ်ရတယ်။အလယ်တန်းကျောင်းသားတွေကျောင်းသွားတတ်ဖို့ ဥူးဇင်းတွေကမနက် ၂နာရီလောက်ကတည်းက ထမင်းထချက်ရပြီး ကျောင်းသားတွေကိုထည့်ပေး လိုက်ရတယ်။ကျောင်းသားတွေကို အဝတ်ကအစ မိဘတွေလိုပဲ ဆရာတွေဥူးဇင်းတွေက လျှော်ပေးရတယ်။ဆရာသုံးယောက်ကိုတော့ တစ်လ လေးသောင်းစီနဲ့ဌားထားတယ်။စားဝတ်နေရေးပါဆရာတွေကို ဆင်ပေးရတယ်။ကျောင်းသားတွေရဲ့ ဖျားရေးနာရေးအတွက်တော့ ဆရာတော်ကပဲဆေးမြီးတိုနဲ့ကူုပေးရပါသတဲ့။အခုတောင် ကျောင်းသားက နှစ်ရာကျော်ရှိနေပြီမို့ နောက်ထပ်ကျောင်းသားတွေ ထပ်များလာရင် ရပ်တည်နိုင်ရေးအတွက်ကို ဆရာတော်တွေက နည်းလမ်းရှာဖွေနေကြတယ်။

ဆက်သွယ်လှူဒါန်းလိုလျှင်
ဥူးသုမနဖုန်း ၀၉ ၄၃၁ ၅၆၆၃၂

No comments:

Post a Comment