Tuesday, October 30, 2012

အင်တာနက် တပ်ဆင်ခ ကြေး၁၂ဆ လျှော့ချမည်

မန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှဝန်ဆောင်မှုပေးလျှက်ရှိသည့် ADSL အင်တာနက်(တယ်လီဖုန်းလိုင်း အသုံးပြုသည့် မြန်နှုန်းမြင့်အင်တာနက်စနစ်) စတင် တပ်ဆင်ခနှုန်း ကျပ် ၆ သိန်းကို ကျပ် ၅သောင်းအဖြစ် လာမည့် နိုဝင်ဘာ ၁ ရက်နေ့မှ လျော့ချမည်ဟု  နိုင်ငံပိုင်
သတင်းစာများတွင် ဖေါ်ပြထားသည်မြန်မာ့ဆက်သွယ်ရေး အပြင် အခြားသော အင်တာနက် ၀န်ဆောင်မှု ပေးနေသည့် ရတနာပုံ တယ်လီပို့နှင့် Red Link ကုမ္ပဏီမှ ၀ိုင်မက်စ်စနစ်၊ စကိုင်းနက် ဂြိုဟ်တု စနစ်သုံး မြန်နှုန်းမြင့် အင်တာနက်များ၏ ဈေးနှုန်းလျော့ချမည် မချမည်ကိုမူ မသိရှိရသေးပါ။

ယခင် လစဉ်ကြေး ၆ သိန်းကျသင့်သည့် စတင်တပ်ဆင်ခကို နှုန်းထားသစ်တွင် ကျပ် ၅ သောင်းသို့၎င်း၊ ယခင် တလ ကျပ် ၃ သောင်းကျသင့်သည့် 512 kbps မြန်နှုန်းဝန်ဆောင်မှု ကို နှုန်းထားသစ်တွင် ၁၇၀၀၀ ကျပ်သို့၎င်း လျော့ချလိုက်သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံ၏ အင်တာနက် ၀န်ဆောင်ခ နှုန်းထားမှာ ဒေသတွင်းနိုင်ငံများအကြား အမြင့်ဆုံးသော နှုန်း ထားဖြစ်သည်ဟု ထင်ရှားခဲ့သည်။ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ADSL အင်တာနက်လိုင်း လစဉ်ကြေးအဖြစ် ဘတ် ၆၀၀ ၀န်းကျင် (ကျပ် ၁၆၀၀၀ ) ၀န်းကျင်ရှိသည်ကို တွေ့ရသည်။

တဦးချင်းဝင်ငွေမြင့်မားသည့် ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်သည့် အမေရိကန်ပြည်ထောင်စုတွင် ADSL အင်တာနက် လစဉ်ကြေးမှာ တစ်လ ဒေါ်လာ ၂၀ မှ စတင်သည်ဟု သိရှိရသည်။

ကနဦး အင်တာနက် တပ် ဆင် ကြေး ကို ၁၂ ဆ လျှော့ ချ လိုက်ခြင်း ဖြစ်သည်။

No comments:

Post a Comment