Sunday, October 21, 2012

ဆေးဘဲဥ သုပ်နည်းလေးပါ

ယောယော ကြိုက်တဲ့ ဆေးဘဲဥသုပ်နည်းလေးပါ ကိုယ်တိုင်တော့ မုပ်ဖူးသေးပါဘူး     ဆေးဘဲဥသုပ်ဖို့အတွက် လိုအပ်တာတွေကတော့ ဆေးဘဲဥနှစ်လုံး၊ ခရမ်းချဉ်သီးအလုံးကြီးတှစ်လုံး၊ ကြက်သွန်နီ အလုံးကြီး တစ်လုံး၊ ငရုတ်သီးစိမ်း၊ ငံပြာရည်၊ အချိုမှုန့် ၊ သံပုရာသီး၊ နံနံပင်နဲ့ ဆီချက်တို့ပါ။
ဆေးဘဲဥကို အခွံနွှာပြီး မထူးမပါး လှီးထားပါ။

ခရမ်းချဉ်သီးကို ရေဆေးပြီး မထူမပါးလေး လှီးပေးထားပါ။ ကြက်သွန်နီကိုလည်း အခွံနွှာရေးဆေးပြီး ပါးပါးလေးလှီးထားပေးပါ။ ပြီးတော့မှ ရေဆေး၊ ရေစင်အောင်ညှစ်ပြီးတော့ ရေစစ်ထားပေးပါ။ ငရုတ်သီးစိမ်းကိုလည်း ရေဆေးပြီး ခပ်ပါးပါးလေးလှီးပေးထားပါ။ နံနံပင်ကိုလည်း ရေဆေးပြီး မထူမပါးလေး လှီးပေးထားပါ။ ဆီချက်ကတော့ အဆင်သင့်ရှိပြီးသားမို့ ချက်မနေတော့ဘူးနော်။ သံပုရာသီးကိုလည်း ရေဆေးပြီး လှီးထားပေးပါ။
အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ဇလုံတစ်လုံးထဲကို လှီးထားတဲ့ ကြက်သွန်နီ၊ ခရမ်းချဉ်သီးတို့ကို အရင်ထည့်ပါ။ ပြီးရင် ဆီချက်၊ ငံပြာရည်၊ အချိုမှုန့်နဲ့ သံပုရာရည်လေးဆမ်းပြီး အားလုံးနှံ့အောင် နယ်ပေးပါ။ ပြီးမှ လှီးထားတဲ့ ဆေးဘဲဥကိုထည့်ပြီး အားလုံးသမသွားအောင် ခပ်ဖွဖွလေးနယ်ပေးပါနော်။ ပြီးရင် အရသာအပေါ့အငံကိုမြည်းပြီး လိုတာ ထပ်ထည့်ပါနော်။ နောက်တော့ ပန်းကန်တစ်ချပ်ကို ယူ၊ အသုပ်လေးကို အသာလေးထည့်၊ အပေါ်ကနေ နံနံပင်လေးအုပ်ပြီး ကြက်သွန်ကြော်လေးဖြူးလိုက်ရုံပါပဲနော်။ အဲ့ဒါဆိုရင် ချဉ်ငံစပ်ဆိမ့်နဲ့ ဆေးဘဲဥသုပ်လေး ရပါပြီနော်။

No comments:

Post a Comment