Wednesday, October 3, 2012

ရေပန်းစားနေသာ ကားဈေးကွက်


Mark II တစ်စီး သိန်း ၃၀ သာရှိသည့် လိုင်စင်မဲ့ကားဈေးကွက်ကြီးထွားနေ

ပဲခူးတိုင်းဒေသကြီး၌ လိုင်စင်မဲ့ကား အရောင်းအ၀ယ်မြင့်တက်လျှက်ရှိပြီး ဈေးနှုန်းကွာဟမှုကြောင့် လိုင်စင်မဲ့ကားများအ၀ယ် လိုက်လာခြင်းဖြစ်ကြောင်း ကားပွဲစားများက သုံးသပ်ကြသည်။

နိုင်ငံတော်အစိုးရမှ မော်တော်ယာဉ်တင်သွင်းမှုနှင့်ပတ်သက်၍ ဖြေလျှော့မှုများ လုပ်ဆောင်ပေးနေသော်လည်း တရားမ၀င်နယ်စပ်မှ ကားတင်သွင်းမှုများ ပြုလုပ်နေခြင်းဖြစ်သည်။

လိုင်စင်မဲ့ကားရောင်းဝယ်မှုမှာ အထူးသဖြင့် ပဲခူးမြို့လိပ်ပြာကန်အနီးဝန်းကျင်တွင် အရောင်းအ၀ယ်ဖြစ် လေ့ရှိကြောင်း ပဲခူးမြို့ခံတစ်ဦးက ပြောသည်။

ပဲခူးမြို့ပေါ်တွင် လိုင်စင်မဲ့ကားစီးရေ (၅၀)ခန့်နှင့် တောင်ငူမြို့ပေါ်တွင် လိုင်စင်မဲ့ကားအစီးရေ (၃၀) ခန့် ရှိနေကြောင်း ပဲခူးမြို့ရှိ ၀ါရင့်ကားပွဲစားတစ်ဦးက ပြောသည်။

တင်သွင်းသည့် လိုင်စင်မဲ့ကားများတွင် Honda Fit၊ Mark II၊ Light truck ကားများ အများဆုံးတွေ့ရကြောင်းကိုလည်း သိရှိရသည်။

ယခုနောက်ပိုင်းတွင် မြန်မာနိုင်ငံနေရာအနှံ့မှ ကားဝယ်လိုသူများသည် ပဲခူးနှင့် တောင်ငူရှိ ကား အရောင်းအ၀ယ်ဒိုင်များသို့ မှာယူနေခြင်း ဖြစ်သည်။

ကားအ၀ယ်ဒိုင်များ၏ မှာကြားမှုများကြောင့် မြ၀တီမြို့မှ နေ့စဉ် ပုံမှန်လိုင်စင်မဲ့ကားများ (၁၀)စီးမှ (၁၅)စီးခန့်အထိ ရောက်ရှိနေကြောင်းကိုလည်း သိရှိရသည်။

No comments:

Post a Comment