Saturday, August 4, 2012

ပူသင့် သော အပူ၂ခု

တကယ်တော့ ဒီလောကကြီးမှာရှိတဲ့ လူသားတွေတိုင်းဟာ အပူတွေနဲ့ပြည့်နေကြသူပါ......
မပူသင့်တာတွေကိုလဲပူနေကြတယ် ပူသင့်လို့ပူနေကြတာတွေလဲရှိကြပါတယ်..... တခါတလေတော့ အဲဒီအပူတွေကို ပူနေတဲ့သူတွေဟာ နဲနဲ ရူးနေပြီနော်......ကဲ ပူသင့်လို့ ပူတယ် မပူသင့်ဘဲပူနေတဲ့သူတွေ
ကိုယ့်စိတ်ကို ကိုယ် အေးချမ်းစွာနေချင်ရင် ........အပူဆိုတာ ၂ခုဘဲရှိပါတယ်......ကုသိုလ်မလုပ်လိုက်ရလို့ ပူရတဲ့ အပူနဲ့ အကုသိုလ် လုပ်မိလို့ ပူရတဲ့ အပူပါ.......
ကျန်တာတွေ ကို လိုက်ပူနေရင် ကိုယ်ဘဲ စိတ်ဆင်းရဲပါတယ်......ကျန်တဲ့ အပူတွေကို စွဲကပ်နေသူတွေဟာ ကိုယ့်စိတ်ကိုကိုယ် နားမလည်ကြတာပါ။အခု လက်ရှိအချိန်ကို တွေးကြည်ပါ  ကိုယ် ဘာတွေ ကောင်းမှုကုသိုလ်လုပ်ပြီးလဲ     မလုပ်ရသေးဘူးဆိုရင် အချိန်ဆွဲမနေပါနဲ့    ကုသိုလ်ဆိုတာ မလုပ်မိရင် ပူနေရတယ်နော်......ဒါတကယ်အရေးကြီူးပါတယ် ပူသင့်တဲ့ အပူပါ......တခါတလေ အလှူခံတဲ့ ရဟန်းသော်လည်းကောင်း......အဖွဲ့က သော်လည်းကောင်း.....အကူအညီတောင်းတလာတဲ့
လူတဦးတယောက် ဆိုပါတော့......ကိုယ်က မပေးလိုက်ရ မလှူလိုက်ရရင် နောက်မှတွေးပြီးပူနေရတတ်ပါတယ်...... တစ်ဦးတယောက်က အကူအညီတောင်လာခဲ့ရင် ကိုယ်က မပေးလိုက်နိုင်ဘူးဆိုပါတော့ အော် သူ အဆင်မှပြေပါ့မလားဆိုပြီး  တွေးပြီး......ပူနေရပါတယ်.....တချို့တွေဆိုရင် ကုသိုလ်လုပ်ဖို့ကို မေ့ထားပြီး
ကိုယ့်ကိုကိုယ် အကုသိုလ်တွေလုပ်နေမှန်းမသိဖြစ်နေကြပါတယ်...ကုသိုလ်ဆိုတာ မသေခင်မှာ လုပ်ထားရတာနော် ကုသိုလ်ဆိုတာ ကောင်းတာလုပ်တာပါ....ဒီတော့ကောင်းတာကို လုပ်ဖို့ စိတ်ထဲမှာ အမြဲပူနေတတ်ဖို့ပါ......စာရေးသူ   ယောမြေ ဟာ ပြီးခဲ့ တဲ့ ၂၀၁၁ အောက်တိုဘာမှာ ဒီလို အပူတွေနဲ့ ပြည့်နေခဲ့ပါတယ်......ဘာလဲဆိုတော့ ယောမြေ ဟာ အမေကို Buddha gaya ကို ဘုရားဖူးပို့ဖို့ ပြင်ဆင်နေသူပါ.......တဆက်တည်းမှာပင် ...ယောမြေ ရဲ့ မိတ်ဆွေကလဲ....နိုင်ငံခြားထွက်ဖို့ ငွေ လိုနေတဲ့အချိန် ဒီလိုအချိန်မှာ ယောမြေ ဘာလုပ်သင့်သလဲဆိုတော့.....တကယ်လို့သာ......ယောမြေ မိတ်ဆွေကို မကူညီဘဲ နေလိုက်ရင် ....သူ့အကြောင်းတွေးပြီး....ပူနေရတော့မှာပေါ့.......ယောမြေ အဲဒီအပူတွေကို အေးချမ်းအောင် လုပ်နိုင်ခဲ့ပါတယ်.......အော် အပူတွေ အပူတွေ........ချစ်သူနဲ့ လမ်းခွဲရလို့ တဲ့ တချို့ဆိုရင် ပူနေကြတာ   ကိုယ့်ကိုကိုယ်တောင် သတ်သေကြတယ် .....စိတ်ညစ်တယ် ဘယ်သူနဲ့ မှ စကားမပြောဘူးတဲ့....အော် ဒါတွေက တကယ်တော့ ရူးနေကြတာပါ.....ဒါတွေက သဘာဝတရားကို နားမလည်သေးလို့ပါ..... ချစ်တယ် ပြီးတော့ မုန်းကြမယ် ဒါတွေဟာသဘာဝတွေပါ......လူတွေဟာ အသက်ရှင်လာမယ် ပြီးရင် သေမယ်.....ဒီလိုသေချင်းတရားကို နားလည်ထားရင် အပူဆိုတာ ကင်းပြီးပေါ့ 
 တချို့ရှိတယ် ဖုန်းဆက်တယ်    ဖုန်းက ဆက်မရဘူး....မကိုင်ဘူး.....ကိုင်တော့လဲမကြားရဘူး....ဒါကို စိတ်ပူတယ် ဒေါသဖြစ်တယ်.....အော် ဖုန်းမကိုင်တော့ သူဘာများဖြစ်နေလဲ....တခုခုပေါ့ တွေးပြီးပူနေရတယ်.....ကဲ ဒီတော့ ဒေါသဖြစ်ရပြီ......ဖုန်းမကိုင်တဲ့ တဖက်လူက အကုသိုလ်လား.......ဖုန်းလိုင်းကျပ်အောင်လုပ်တဲ့ ဆက်သွယ်ရေးက အကုသိုလ်လား..... ဖုန်းလိုင်းဆိုတာ ကျပ်ချင်ကျပ်မယ်   ခေါ်လို့မရတာဖြစ်မယ်.....ဒါကိုသိသိနဲ့ ဒေါသဖြစ်နေတာ အကုသိုလ်နော်...... စိတ်ကလေးထဲမှာ ဒေါသဖြစ်လိုက်ပြီဆိုတာနဲ့ ဒါဟာ အကုသိုလ်ဘဲနော်။ ကဲ အင်တာနက်သုံးနေတဲ့သူတွေနော်.......သတိထားမိကြလား.....တို့မြန်မာနိုင်ငံဆို ပိုဆိုးပါတယ်.....တဖက်ကခေါ်နေတုန်းမှာ လိုင်းက ကျတယ် မကြားရဘူးဖြစ်တယ်......ပုံတွေပို့တာ အရမ်းနှေးတယ် ....ကဲ ဒါတွေလဲ ဒေါသဖြစ်နေကြတာဘဲနော်....ဒီတော့ အင်တာနက်လိုင်းက ကုသိုယ်လား.....အာကုသိုလ်လား.....အင်တာနက်လိုင်းကို လုပ်ပေးခဲ့တဲ့သူတွေက အကုသိုလ်ကောင်တွေလား.....စဉ်းစားနော်......အပြင်ကို သွားတယ်   မိုးက ရွာလိုက်ပြီ......နေက ပူလိုက်ပြီ ဒီလိုအချိန်မှာ.......ထီးမပါလာတော့ စိတ်တိုပြီး....ဟားကွာ    ဒီမိုးကတော့....ဒီနေကတော့.....ဆိုပြီး......ဒါသေဖြစ်ရတယ်....အကုသိုလ်ဖြစ်ရပြီ......ဒီတော့ မိုး၇ွာတာ အကုသိုလ်လား......နေပူတာ အကုသိုလ်လား.....ထီးက အကုသိုလ်လား.....တွေးကြည့်နော် သဘာဝတရားကိုတောင် လိုက်ပြီး ပူနေကြ ဒေါသဖြစ်နေကြ .....အော် လူတွေနော် အပူတွေနဲ့ ပြည့်နေကြတာ .......အကုသိုလ်ဆိုတာ သူ့တပါးအသက်သတ်မှ အကုသ်ုလ်မဟုတ်ဘူးနော်......စိတ်ထဲက ဒေါသဖြစ်နေရတာလဲအကုသိုလ်ပါ......သူ့တပါး စိတ်ဆင်းရဲအောင် ....သူ့တပါး....စီးပွါးပျက်အောင် .....သူ့တပါး.ကို....ဆဲရေးတိုင်ထွာတာတွေ.....လိမ်ညာတာတွေ.....အဲလို အကုသိုလ်တွေလုပ်မိပြန်ရင်လဲ
ပူနေရတော့တာဘဲနော်......ဒီလို အပူတွေမရှိအောင် အကုသိုလ် မလုပ်မအောင် နေလိုက်စမ်းပါ.......ဒီလို မလုပ်သင့်တာကို လုပ်မိလို့ လဲ ပူနေရတယ်နော်....တချို့တွေရှိပါတယ် ......ဒီလိုအပူတွေကို မေ့မေ့ပျောက်ပျောက် ထားပြီး.......အကုသိုလ်လုပ်ရလို့ ပျော်နေကြသူတွေ........
ရှိပါသေးတယ် ဗီဒီယိုတွေကြည့်ပြီး.....အိပ်ယာထဲရောက်တော့.....တွေးပြီးဝမ်းနည်းတယ်။။။။။။ဒေါသဖြစ်နေတယ်။။။။....ဟေ့သမီးဘာဖြစ်တာလဲ
ဆိုတော့.....ဇာတ်ကားထဲက မင်းသားကို သနားလို့တဲ့ ထမင်းမစားချင်ဘူးတဲ့.....စကားမပြောချင်ဘူးတဲ့.....ဇာတ်ကားကို ဇာတ်ကားလိုမကြည်တတ်   အလကားနေဒါသဖြစ်.....ပူဆွေး.....အော် စိတ်ပင်ပမ်းလိုက်တာနော်...... ဘောလုံးပွဲကြည့်တယ် ....အေးအေးဆေး ဘေးကနေ အားပေးတာမဟုတ်ဘဲ.....ဆဲဆို  ရန်ဖြစ်.....အလကားနေဒါသဖြစ်.....အကုသိုလ်တွေပွါးနေတာနော်......သဘာဝတရားကို နားလည်ပြီး.....အေးအေးဆေးဆေး နဲ့ အားပေးနိုင်တဲ့ ပရိတ်သတ်ဖြစ်အောင် နေလိုက်စမ်းပါ.....
ကုသိုလ်ဆိုတာကလဲ တဖက်သားကို ငွေပေးလှူရမှာ ကုသိုလ်မဟုတ်ပါဘူး....ကိုယ့်ဟာကို သတိလေးနဲ့နေပြီးတရားအားထုတ်နေတာလဲ ကုသိုလ်ပါဘဲ....ဒီတော့ မပူသင့်တွေကို မပူ
မိစေရန်....ပူသင့်တာဘဲ ပူနိုင်အောင်....သတိလေးနဲ့ နေလိုက်ပါ.....ဥပမာ    လောဘဖြစ်ဖြစ်.. ဒေါသဖြစ်ဖြစ်.. မာနာဖြစ်ဖြစ်   မနာလိုဝန်တိုစိတ်ဖြစ်ဖြစ်..ကြောက်စိတ်ဖြစ်ဖြစ် အဲလိုစိတ်တွေ အပူတွေအဖြစ်များရင် စိတ်ထဲမှာ နေရာမဖယ်တော့ဘူးနော်.....တွေးသမျှ..အတွေးတွေ အားလုံးဟာ ဒီလို အကုသိုလ်အတွက်ဘဲဖြစ်နေတတ်တယ်.....ဒီလိုစိတ်မျိုးဖြစ်နေရင် စိတ်လဲပင်ပမ်းပါတယ်....လူလဲပင်ပမ်းပါတယ်....အားလုံးဟာ အနတ္တပါလားလို့ တကယ်မြင်ရင်    ဘာရှေ့ဆက်စရာရှိသေးလဲ....ဘာမှမရှိတော့ဘူးနော်.....လမ်းဆုံးသွားပြီ....ဇာတ်လမ်းတွေရှည်နေတာ အတ္တကြောင့်ပါနော်.......ကဲ မိတ်ဆွေတို့ရေ။။။။။။။။။မလုပ်မိတဲ့ ကောင်းမှု ကုသိုလ်အတွက်နဲ့ လုပ်မိတဲ့ အကုသိုလ်အတွက်ဘဲ ပူလိုက်ကြစမ်းပါ......အပူတွေအားလုံးကင်းစင်ပြီး.....စိတ်၏ချမ်းသာချင်း....ကိုယ်၏ကျန်းမာချင်နဲ့ ပြည်စုံပြီး.....
သဘာဝတရားကို နားလည်ပြီးတော့.....ကုသိုလ်တွေများများလုပ်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလျက် အပူ၂ခုကို အကျဉ်းချုပ်မျှဝေပေးလိုက်ပါတယ်....................တကယ်တော့ယောမြေ ဟာ စာရေးဆရာမဟုတ်ပါဘူး.........

No comments:

Post a Comment