Sunday, August 19, 2012

သတိကိုယ့်စိတ်ကို ကိုယ်သိ ......အပိုင်း၎

ကိုယ့်စိတ်ကို ကိုယ်သိပြီးတော့ သဘောထားမှန်အောင် ပြင်နိုင်သူဟာ လူသားရဲ့ အရည်အချင်း. စွမ်းရည်သတ္တိ ဖြစ်ပါတယ်။ animals တွေဟာ ကိုယ့်စိတ်ကို ပြန်မကြည့်နိုင်ပါဘူး.။ ပြင်လဲမပြင်နိုင်ဘူး။ လသားတွေသာလျင် သိပြီးပြင်နိုင်တဲ့သတ္တ၀ါတွေပါ။ ဒါကြောင့် ဒီအရည်အချင်းကို ထိထိရောက်ရောက်သုံးနိုင်ရင် လတယောက်အနေနဲ့ ဖြစ်နိုင်တဲ့ အဆင့်မြင့်မားတဲ့သူ ဖြစ်လာမယ်။
ကိုယ့်စိတ်ကိုကိုယ် သိလာတဲ့အခါ စိတ်ကိုပူလောင်တဲ့ လောဘတွေ ဒါသတွေ မာနတွေ မနာလိုဝန်တိုစိတ်တွေ ပါးသွားပါတယ်။အဲဒီအခါမှာ စိတ်က အင်မတန် ချမ်းသာလာမယ်။ ကိုယ့်ကိုကိုယ်လဲဘဲ ပိုချစ်လာမယ် ပိုပြီးတော့လေးစားလာမယ်။ယုံကြည့်မှုတွေပိုရှိလာတယ်။အသိလဲတော်တော်မြင့်မားလာပါတယ်။ယုံကြည်
လာလို့ ပိုပြီးလေးစားလာတယ်။
အသိတွေ မြင့်လာလို့ တခုခုကိုစဉ်းစားရင် ပိုပြီးတော့ မှန်မှန်ကန်ကန်စဉ်းစားနိုင်တယ်။ တခုခုကိုဆုံးဖြတ်မယ်ဆိုရင်လဲ မှန်ကန်စွာ ဆုံးဖြတ်နိုင်တယ်။ ပြီးတော့ဘာလုပ်လုပ် စိတ်ပါလက်ပါလုပ်တယ်။စိတ်၂ ခွဖြစ်တာနည်းလာတယ်။ပင်ပမ်းမှာလဲမကြောက်တော့ဘူး။တည်ငြိမ်တဲ့စိတ်ဟာ ထက်နေတဲ့ ဓားနဲ့တူပါတယ်။ တရားသတိနဲ့ နေတဲ့ အလေ့အကျင့်နဲ့ များတဲ့သူ. ကိုယ့်စိတ်ကိုကိုယ်ကာင်းကောင်းသိတဲ့သူ၊ စေတနာမှန်တဲ့သူ၊ ရိုးသားတဲ့သူ၊တကိုယ်ကောင်မဆန်တဲ့သူတွေဟာဆုံးဖြတ်ချက်ကိုလွယ်လွယ်ကူကူ မှန်မှန်ကန်ကန် ချနိုင်ပါတယ်။ သတိနဲ့နေတဲ့သူဟာ အရေးမကြီးတဲ့ ကိစ္စတွေမှာ ပတ်ဝန်းကျင်နဲ့လဲ ပြဿနာမဖြစ်တော့ဘူး။အနိုင်လဲမယူတော့ဘူး.အရှုံးလဲမပေးဘူး၊ကိုယ့်စိတ်ဓာတ် အဆင့်အတန်းနိမ့်ကျမဲ့ ကိစ္စတွေကိုမလုပ်တော့ဘူး။အနိုင်အရှုံးမရှိတာကို လွတ်လပ်တာလို့ယူဆပါတယ.်။ စိတ်ဓာတ်အင်အားတွေကို အကောင်းဆုံးနေရာမှာသုံးတယ်ဆိုတာ အသိတွေ မြင့်မားလာတာဘဲ။ သတိနဲ့နေတာများလေလေ လူကြီးဆန်လေဖြစ်လာမှာပါ။ ကိုယ့်ကိုကိုယ်ပြန်မေးကြည့်ပါ ကလေးဆန်ချင်သလား လူကြီးဖန်ချင်သလားဆိုတာ အဖြေက ဘာထွက်လာမှာလဲ၊ သတိလွတ်တာနဲ့တပြိုင်နက် ကိလေသာတွေသင်ပြီ ကိလေသာတွေ သင်ပြီဆိုတာနဲ့ အမျှော်အမြင်မရှိတော့ဘူး.။ကလေးဆန်သွားပြီ. ရေရှည်ကို မမြင်တေှာု့ဘူးနော်။နေ့စဉ် အချိန်မရွေး သတိကပ်ပြီးတော့ နေတဲ့အကျင့်လေးကိုကြိုးကြိုးစားစားစိတ်ပါလက်ပါ လုပ်ကြည့်ရင်ဘဲ အသိလေးတွေ ရင့်ကျက်လာပါတယ်။သဘောထားမှန်တဲ့သူ  သဘောထားကြီးတဲ့သူဖြစ်လာမယ်။ဘ၀ကိုအဓိပ္ပါရှိ၇ှိ နေနိုင်သူဖြစ်လာမယ်။နေရတာပေါ့ပါးလာမယ.်။
သည်းမခံနိုင်ရင် အမှားများတာကိုး  အမှားတခုခုမှားပြီးဆိုရင် ဘယ်လိုနေမလဲ ဒီအကြောင်းကို တအုံနွေးနွေးနဲ့ စဉ်းစားရပြီ ပိုပင်ပမ်းလာတယ်နော်။ဒါကြောင့် သတိနဲ့နေတဲ့အကျင်ကို လုပ်ကြည့်ပါ။သတိရှိလာရင် ဘ၀ဟာရှင်းလာတယ် ရိုးလာတယ် လူတော်တော်များများရဲပ ဘ၀တွေဟာ မရိုးဘူးနော်။ ရှုပ်ထွေးနေပါတယ်။ စိတ်ရှုပ်ထွေးနေသမျှ ဘ၀ဟာလဲ မသာယာတော့ဘူး  စိတ်ရှင်းရင် ဘ၀ကလဲ ရှင်းပါတယ်။ သတိမရှိရင် ဘ၀ဟာ ၀န်ထုပ်ဝန်ပိုးအကြီးကြီးဖြစ်လာမယ်နော်။ လူတွေရဲပဘ၀ကိုကြည့်ရင် သိပ်ရှုပ်ထွေးနေပါတယ်. အားလုံးဟာ ပရမ်းပရာတွေ ဖြစ်နေတယ်နော်။ တခုခုလုပ်စရာရှိရင်လဲဘဲ ဘာလုပ်ရမယ်ဆိုတာမသိတော့ဘူး ထင်ရာတွေလုပ်တယ်။ခဏခဏမှားလာတယ်..အဲဒီအမှားတွေကြောင့် ဒဏ်ချက်တွေ ကိုပြန်ပြီးခံရတာပဲ။
personal ရှုထောင့်နေမကြည့်ဘဲ သတိနဲ့ သဘာဝကျကျ အခြေခံကျကျ ကြည့်ရင် ပြည့်စုံတယ်။ မှန်မှန်ကန်ကန် ဖြေရှင်းနိုင်တယ် အဲသလိုဖြေရှင်းနိုင်ရင် ဘ၀မှာဒုက္ခတွေ အများကြီးနဲသွားတယ် ဦးဆောင်နိုင်သူ့ဖြစ်လာတယ်။ လူတွေဟာ ဘ၀ကိုစမ်းတ၀ါးဝါးနေကြတာများပါတယ် မှန်းပြီးတော့ လုပ်ကြတာလဲများပါတယ်။ တခါတလေ ကိစ္စတခုကိုလုပ်ချင်လွန်းလို့လုပ်တယ် လုပ်ပြီးတော့ တော်တော်ကြာတဲ့ အခါမှ မလုပ်ချင်တော့ဘူး။ တခုခုလိုချင်တယ်ဆိုပြီးတော့ ရအောင် လုပ်တယ်။ ရပြီးခါမှ မလိုချင်တော့ပြန်ဘူး၊အဲလိုတွေဖြစ်တာတွေက များပါတယ်။ တရားအားထုတ်တဲ့သူကျတော့အဲလိုမဟုတ်တော့ဘူး ကိုယ်တခုခုလုပ်မယ်ဆိုရင် ကိုယ့်စိတ်ကို့ကိုယ် ပြန်ကြည့ှ်ုတယ် ။အကျိုးစီးပွါးလိုချင်လို့လား   ဂုဏ်လိုချင်လို့လား သူများအထင်ကြီးတာ လိုချင်လို့လား.ကြွားချင်လို့လား ရေရှည်လုပ်နိုင်လားစတဲ့  မေးခွန်းတွေကို ကိုယ့်ကိုကိုယ်ပြန်မေးတယ်။ အဲဒီတော့ မလုပ်သင့်တာကို မလုပ်တော့ဘူး  လုပ်သင့်တာဘဲလုပ်တယ်။မဖြစ်နိုင်တာကိုမလုပ်တော့ဘူး။ တရားအားထုတ်တဲ့ သူတွေဟာ စိတ်ရှည်တယ် ဇွဲကောင်းတယ် လွယ်လွယ်နဲ့ စိတ်မပျက်တော့ဘူး so that တကယ်တန်ဖိုးရှိတဲ့ အလုပ်ကို ရေရှည် အဖြစ် လုပ်တယ် ။ဒါကြောင့် အောင်မြင်မှု လည်းရတယ်။လူတွေမှာ အင်မတန် စွမ်းအားကြီးတဲ့ power တွေရှိကြပါတယ်။အဲpower တွေဟာ ကစဉ့်ကရဲဖြစ်နေပါတယ်။တခုခုဆိုရင် လေးလေးနက်နက်ထားပြီးထားပြီး တကယ်စွဲမြဲစွာ လုပ်ကြည့်ကြစမ်းပါ. အောင်မြင်လာတာတွေ့ရပါမယ်။သတိကောင်းနေရင် ဘယ်သူမှ ကိုယ့်ကို လွှမ်းမိုးနိုင်မှာမဟုတ်ပါဘူး။ကိုယ့်စိတ်က တည်ငြိမ်အေးချင်တယ် လေးနက်ခိုင်ခံ့တယ် ဆိုရင် တဖက်လူက  ရာထူးကြီးချင်ကြီးနေမယ် ဓနအားဖြင့် ကြီးချင်ကြီးနေမယ် but သူက လွှမ်းမိုးလို့မရပါဘူး......so that သူများလွှမ်းမိုးတာမခံချင်ရင် တည်ကြည်ခံ့ညားမှုရှိအောင် သတိနဲ့ နေလိုက်ကြစမ်းပါ.....လူတော်တော်များများဟာ ဘ၀ကို DOING နဲ့ဘဲတိုင်းတာကြတာပါ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းကလဲ ဒီDoing ကိုဘဲအသိအမှတ်ပြုကြတယ်။ သူက ဘာလုပ်နေတာ သူက ဆရာဝန်. သူက အင်ဂျင်နီယာ၊ သူက တရားသူကြီး၊ သူကကျောင်းဆရာ။သူက မန်နေဂျာ။ သူက ဘာညာပေါ့..စသဖြင့် ရာထူးအဆင့်အတန်းကိုကြည့်ပြီးတော့ တိုင်းတာကြတယ် အသိအမှတ်ပြုကြတယ် ။ဒီဒူးဝင်းတခုတည်းနဲ့ ဘ၀ကိုတိုင်းတာတဲ့သူတွေဟာ  DOING ကိုဘာမှမလုပ်နိုင်တဲ့ အချိန်မှာ သူ့ဘ၀လေးဟာတိုင်းတာစရာမရှိတော့ဘူးနော်.သူ့ဘ၀ဟာ အသုံးမ၀င်တော့ဘူး. အဓိပ္ပါမရှိတော့ဘူးလို့ခံစားရမယ်.....BEING ဆိုတဲ့ တရားအားထုတ်မှု ကို လုပ်သွားရင်နဲ့ DOING ဆိုတဲ့ စားဝတ်နေရေး ၊လူမှုရေးအလုပ်တွေပါလုပ်သွားနေရမယ်နော်။ ဒီ၂ ခုကို ခွဲပြီးတော့ မထားသင့်ပါဘူး. အဲဒီလို Being နဲ့နေသွားရင်းနဲ့ကို Doing လုပ်သွားတဲ့သူဟာ အလုပ်ကိစ္စတွေမှာလဲသူ့အတွက် ပိုပြီးအကျိုးရှိလာမယ် ။သူတပါးအတွက်လဲ ပိုပြီးအကျိုးရှိလာမယ်. သူ့တပါးထိခိုက်မဲ့ ကိစ္စတွေကို မလုပ်တော့ဘူး..............အားလုံးဘဲ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့ .......အပိုင်း ၅ သို့ စောင့်မျှော်ရင်.........ယောမြေ

No comments:

Post a Comment