Monday, August 13, 2012

ယိုးဒယားက ကိုကိုလား ညီလေးလား

ညီလေးရေ ညီလေးခဏခဏ မေးနေပေမဲ့ အကို မအားလို့ ချက်ချက် ပြန်မဖြေပေးနိုင်တာ ဆောရိးပါနော်.. အကိုက ညီလေးထင်သလို အမ မဟုတ်ပါဘူး     ညီလေးက အမ အမ ရေလို့ခဏခဏရေးထားတော့လေ....ကဲဒါတွေထားလိုက်ပါ....အခု ညီလေးသိနေပြီဘဲနော်....ညီလေးပြောသလို ကိုရိးယာကိုလာဖို့ဆိုတာ ထိုင်းကို သွားသလို မလေးကိုသွားသလို.....စင်ကာပူကိုသွားသလိုမရပါဘူး.......
၁......ညီလေး    ကိုရီးယားကိုလာချင်ရင် အသက် ၁၈ မှ အသက် ၃၇ အတွင်း......၂....... ကိုရီးယားကိုအလုပ်လျှောက်ဖို့အတွက်....EPS topik စာမေးပွဲ အောင်ထားရပါမယ်...၃......ဆေးအောင်ရမယ်.....ဒီတော့ ညီလေး ကို၇ီးယားကိုလာချင်တယ် ဆိုရင် ပထမဦးစွာ EPS မေးခွန်း၂၀၀၀ ကို ဖြေဖို့အတွက် သင်တန်းတက်ထားရပါမယ်......စာမေးပွဲက ဘယ်အချိန်ရှိမယ်ဆိုတာတော့ မသိရသေးပါဘူး.....နိုင်ငံပိုင်သတင်းစာကနေကြေငြာပါတယ်.....ညီလေးက ကိုရီးယားလို တတ်ထားတယ် ဆိုတော့ ညီလေး သင်တန်းကို နဲနဲအချိန်ပေးလိုက်ရင် ရမယ်ထင်ပါတယ်.......စာမေးပွဲဖြလို့ အောင်ပြီးရင်  အလုပ်ဖောင်တင်ရပါတယ်......အလုပ်က ညီလေးကြိုက်တာ တင်လို့ရပါတယ်....အလုပ်ခေါ်စာကတော့ ကံကောင်းရင် တလအတွင်းကျန်ုင်ပါတယ် ကံမကောင်းရင် ၂နှစ်လောက်လဲစောင့်ရပါတယ်......ဘယ်ပွဲစားမှ လုပ်ယူလို့မရပါဘူး....အစိုးရအချင်းချင်းလုပ်တဲ့အလုပ်ပါ.....အလုပ်ခေါ်စာကျပြီးရင်လဲ အနီးကပ်သင်တန်းပြန်တက်ရပါတယ်.....ညီလေးသင်တန်းတက်နေစဉ်အတွင်းးးးမှာ CCVI ကို စောင့်ရပါတယ်.....CCVI ဆိုတာက ကိုရီးယားနိုင်ငံမှာ ညီလေးရောက်ဖူးသလား ပြစ်မှု ရှိခဲ့သလားဆိုတာကို စစ်တဲ့ ပြည်ထဲရေးကိစ္စပါ ကဲ ဒါတွေလဲ ရပြီ  ဆေးလဲအောင်တယ်....ဆိုရင် အစိုးရအေဂျင်စီမှာဘဲ ငွေသွင်းပြီး ထွက်လာ၇ုံပါဘဲ......၀န်ဆောင်ခက အခုဆိုရင် ၇သိန်းခွဲလို့ကြားပါတယ်....အကိုလာတုန်းက...၈သိန်းခွဲပါ.....ဒီကလစာကတော့ အခြေခံလစာ ၉သိန်း၅သောင်းပါ.....ထမင်းကျွေးပါတယ်.....စနေလုပ်မယ် အိုတီဆင်းမယ်ဆိုရင် ၂၀ ထိရတဲ့ လူတွေတောင်ရှိပါတယ်   ညီလေးက အချိန်မပေးချင်ဘူး ထိုင်းကနေကူးချင်တယ်ဆိုရင်တော့ ညီလေး ထိုင်းကနေ အလည်visa နဲ့ လာပါ.....ပြီးရင် ဒီမှာ မှောင်ခိုနေလိုက်ပေါ့....ဒီမှာက မလေးရှားမှာလို သိပ်ဖမ်းတာမဟုတ်ပါဘူး.....ဖမ်းမိရင်လဲ....ထောင်မချပါဘူး.....မြန်မာပြည် ပြန်ပို့တာပါ.....အကို ဒီလမ်းကြောင်းတော့ မသိပါဘူး......ညီလေး အလည်နဲ့ လာပြီးအလုပ်လုပ်ချင်တယ်ဆိုရင်တော့ စုံစမ်းပေါ့....တခုတော့ ရှိတယ် မြန်မာပြည်ကနေလာမယ် ဆိုရင်တော့ ဘယ်ပွဲစားကမှ မတတ်နိုင်ပါဘူး....စာမေးပွဲဖြေရပါမယ်.....ဖြေပြီးရင်လဲ ပွဲစားတွေကအမြန်ပိုကပေးလို့ရတယ်ဆိုပြီး ပြောတတ်ကြပါတယ် .......လိမ်တာသက်သက်ပါ.......ကဲ ညီလေးရေ အကို အတိုချုပ်ရေးပေးလိုက်ရတာပါ စာမှားတာ ရှိရင် လဲ နားလည်ပေးပါ.....ပိုပြီးလေ့လာချင်ရင် အပေါ်က ကို၇ီးယားဆိုတဲ့ label ထဲမှာ လေ့လာပါ.....ညီလေးမလေ့လာလို့ပါ.....ဒီကိုရီးယားအလုပ်အကြောင်းတော်တော် စုံလင်စွာရေးထားပါတယ်.........လေးစားစွာဖြင့် ယောမြေ........။။။

No comments:

Post a Comment