Sunday, April 1, 2012

ရွေးကောက်ပွဲရလဒ်များ


မဲစာရင်းရလဒ်

ဧပြီ ၁၊ ၂၀၁၂ (YPI)


ဒက္ခိဏသီရိမြို့နယ်၊ ဟိုတယ်ဇုန်မဲဆန္ဒနယ်


NLD ၁၈၄ မဲ

USDP ၆၁ မဲ
ပယ်မဲ ၇

ကော့မှူးမြို့နယ်၊ ဒညင်းဆိပ်ကျေးရွာအုပ်စု

NLD ၄၃၄ မဲ
USDP ၂၇ မဲ

ကော့မှူးမြို့နယ်၊ ဖျာမွှတ်ကျေးရွာ

NLD ၂၀၈ မဲ
USDP ၃၂ မဲ


လတ်တလော မဲရေတွက်နေသည့် ရလဒ်များ

ဧပြီ ၁ ရက်၊ ၂၀၁၂ ၊ ညနေ ၄နာရီ ၄၀မိနစ် YPI


မိတ္ထီလာမြို့နယ်၏ ကြိုတင်မဲများအား ရေတွက်လျှက်ရှိရာ ပြည်ပကြိုတင်မဲ ၅၁ မဲ၊ မဲဆန္ဒနယ်ပြင်ပနှင့် ဋ္ဌာနဆိုင်ရာကြိုတင်မဲ ၁၇၉၁ မဲရှိသည်ဟု သိရပြီး မည်သည့်ကိုယ်စားလှယ် မည်မျှရရှိသည်ကိုမူ မဲရုံကိုယ်စားလှယ် ၄ ဦး ရပ်မိရပ်ဖ ၈ ဦးရှေ့မှောက်တွင်

ဆက်လက်ရေတွက်ဆဲ ဖြစ်သည်။

မော်လမြိုင်တွင် မုရောင်းနှင့် မောင်ငံရပ်ကွက်တို့တွင် ဒီချုပ် အားသာနေ
ကြောင်း မော်လမြိုင်မှ သတင်းထောက်က သတင်းပေးပို့သည်။

ကော့မှူးမြို့နယ်၌ ၉ ရုံတွင် ဒီချုပ်အနိုင်ရရှိမှုမှာ ၈၁. ၆၈ မှ ၉၉ ရာခိုင်နှုန်းထိ ခန့် နိုင်မည် ခန့်မှန်းထားကြောင်း ဒီချုပ် အောင်နိုင်ရေး ကိုယ်စားလှယ်များကပြောသည်။ နောက်ထပ် ၆ ရွာရေတွက်လျှက်ရှိရာ ပြည်တော်သာ ရပ်ကွက် (ဖယောင်းသုတ်ခံရသည့် ရပ်ကွက်) တွင် ၈၈.၇၈ ရာခိုင်နှုန်းဖြင့်နိုင်ပြီး အခြားမဲရုံ ၅ ရုံတွင်လည်း အနည်းဆုံး ၆၈ရာခိုင်နှုန်းရရှိမည်ဟု ခန့်မှန်းကြောင်း ၎င်းတို့ကပြောသည်။

ပခုက္ကူ အမှတ် ၅ ရပ်ကွက် မဲရုံ ၁ တွင် ဒီချုပ် ၄၈၇ မဲ၊ ကြံ့ခိုင်ရေး ၄၂ မဲ၊ရရှိထားသည်ဟု သိရှိရသည်။
YPI


မဲပေးခွင့်မရလို့ ပြန်ကြပြီ

ဧပြီ ၁ ရက်၊ ၂၀၁၂ ခုနှစ် (YPI)


ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတဲ့ မဲဆန္ဒနယ် ၄၅ နေရာအနက် နေရာအများစုမှာ ပြည်သူတွေဟာ မဲပေးပိုင်ခွင့်ရှိသူ စာရင်းထဲ မပါတာကြောင့် မဲပေးခွင့်မရပဲ ကိုယ့်နေအိမ်တွေဆီကို ပြန်သွားကြရပြီဖြစ်ကြောင်း သိရပါတယ်။


တနင်္သာရီတိုင်း လောင်းလုံ မြို့နယ်ထဲက မဲရုံတစ်ခုမှာ မဲပေးမယ့်သူ ၄၀၀ လောက် လာပြီး စုဝေးခဲ့ပေမယ့် မဲပေးပိုင်ခွင့် စာရင်းထဲ မပါတာကြောင့် နောက်ဆုံး အိမ်
ပြန်သွားကြပြီဖြစ်ပါတယ်။

အလားတူ ဧရာဝတီတိုင်း မြန်အောင်မြို့နယ် ရှားတောကျေးရွာ ဆပ်ပြာကျင်း အုပ်စုမဲရုံ အမှတ် (၃) မှာ လူ (၈၀) လောက် မဲစာရင်းမပါ ဖြစ်ခဲ့ပါတယ်။ မဲရုံအမှတ် (၄) မှာလည်း လူ (၂၀) လောက်မဲပေးခွင့်မရပဲ ပြန်သွားပြီ ဖြစ်ပါတယ်။

အလားတူ မန္တလေးတိုင်း သံလျက်မော် အနောက်ရပ်ကွက် မဲရုံတစ်ရုံမှာလည်း လူ ၃၀၀ လောက် မဲပေးခွင့်မရပဲ ပြန်သွားရပြီဖြစ်ကြောင်း သိရပါတယ်။ ဒါတင်မက ပခုက္ကူမြို့နယ်က မဲရုံတွေမှာလည်း တစ်ရုံကို လူ ရာဂဏန်း ကျော် မဲပေးခွင့်မရပဲ ပြန်သွားရကြောင်း အင်န်အယ်လ်ဒီ အောင်နိုင်ရေး အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒီလို မဲပေးခွင့်မရတဲ့ ပြည်သူတွေဟာ မဲရုံကိုလာ စောင့်ဆိုင်းပြီး နောက်ဆုံး မဲပေးခွင့်မရတော့မှ မဲရုံကနေ ပြန်သွားကြကြောင်း သတင်းရရှိပါတယ်။



မဲစာရင်း မပါသည့် ပြဿနာများ နိုင်ငံအနှံ့ဖြစ်ပွား

ဧပြီ ၁ ရက်၊ ၂၀၁၂ ခုနှစ်-မြင့်ကျော်(YPI)

ယနေ့ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲစာရင်းတွင် မပါသည့် ကိစ္စရပ်က နိုင်ငံအနှံ့အပြာားဖြစ်ပွားလျှက်ရှိသည်ဟု နယ်အသီးသီးတွင် ရောက်ရှိနေကြသည့် သတင်းထောက်များ၏ ပေးပို့ချက်အရ သိရှိရသည်။

ပအို့ဝ်း အမျိုးသား အဖွဲ့ချုပ် ပါတီ အောင်ပန်းမြို့ အောင်နိုင်ရေး ဒုဥက္ကဋ္ဌ ဦးခွန်သူတော်က “အနောက်ကျေးရွာ အုပ်စုက လူ ၇၀ လောက်ကို ယာယီမှတ်ပုံတင်လုပ်ဖို့ ဆောင်ရွက်ပေးလိုက်တယ်။ ဒါပေမယ့် မဲစာရင်းစစ်ဆေးဖို့ ကိစ္စတော့ မလှုံ့ဆော်လိုက်ဘူး ” ဟုဆိုသည်။

မဲစာရင်း မပါရှိသူများတွင် အစိုးရ အဖွဲ့ကိုဦးဆောင်သည့် ကြံ့ခိုင်ရေး ပါတီဝင်များ မရှိသလောက်နည်းပါးကာ အခြားသော ပါတီကိုထောက်ခံသူများဖြစ်နေသည်ဟုလည်း နယ် မဲရုံကိုယ်စားလှယ်များ၏ ပြောဆိုချက်အရ သိရသည်။

မန္တလေးမြို့ မဟာအောင်မြေ။ မိတ္ထီလာ၊ ပုသိမ်၊ ရန်ကုန် မရမ်းကုန်းမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ကလော၊ ဇမ္ဗူသီရိ၊ မြောင်းမြ ၊ မော်လမြိုင် တို့တွင် မဲစာရင်းမပါရှိခြင်းကြောင့် မဲမပေးနိုင်သည့် အဖြစ်အပျက်များ ဖြစ်ပွားနေကြောင်း ဒေသခံ အန်အယ်ဒီ အောင်နိုင်ရေး အဖွဲ့ဝင်များ၊ မဲဆန္ဒရှင်များက ပြောသည်။

မဲစာရင်းတွင်ပါရှိသော်လည်း မှတ်ပုံတင်နံပါတ်မှားခြင်း၊ အမည်မှားယွင်းခြင်းများကို မဲရုံမှူးများက ပြင်ဆင်ပေးခွင့်ပြုသော်လည်း မဲစာရင်းတွင် လုံးဝ မပါဝင်သူများကိုမူ ယခင်နေ့များက သန်းကောင်စာရင်းနှင့် မှတ်ပုံတင်ယူလာပါက ပေးခွင့်ပြုမည်ဟု မြို့နယ်အများအပြားတွင် ပြောဆိုခဲ့သော်လည်း ယနေ့ မဲပေးသည့်နေ့တွင်မူ မဲစာရင်းတွင် မပါသူ မည်သူတဦးတယောက်ကိုမျှ မဲပေးခွင့်မပေးသည်ကိုတွေ့ရသည်။

 
မင်္ဂလာတောင်ညွန့်မြို့နယ်မှ မဲရုံတရုံ ယနေ့နံနက်က မြင်တွေ့ရစဉ်

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နေပြည်တော်မှ ၂၉ ရက်နေ့နေ့စွဲဖြင့် ထုတ်ပြန်သည့် စာအရ အောက်ခြေ ကော်မရှင်အသီးသီးသို့ အတည်ပြုပြီး မဲစာရင်းတွင် ထပ်မံ ဖြည့်စွက် ၊ ပြင်ဆင်၊ နှုတ်ပယ်ခြင်း မပြုရဆိုသည့် ညွန်ကြားချက် ထုတ်ပြန်ထားသည်ကို ဖတ်ရှုရသည်။

အောင်ပန်းမြို့နယ်တွင်လည်း ယနေ့ နံနက်ပိုင်းက မဲစာရင်းတွင် မပါရှိသူများအား မွန်းလွဲ ၂ နာရီနောက်ပိုင်း လာရောက်ရန် ပြောဆို သဖြင့်မွန်းလွဲပိုင်းထိ စောင့်ဆိုင်းခဲ့သော်လည်း နောက်ဆုံးတွင် ပေးခွင့်မရသဖြင့် လက်လျှော့ပြန်သွားကြရသည်ဟု အောင်ပန်းမြို့ဒေသခံများက ပြောသည်။

မဲစာရင်းများကို ယခင်လ ၂၉ ရက်နေ့တွင်ကြေညာမည်ဟု တရားဝင်ကြေညာထားသော်လည်းအမှန် တကယ် ရက်အတန်ကြာ နောက်ကျပြီးမှ ကြေညာခဲ့သည်ဟု မြို့နယ် ၊ ကျေးရွာ ရပ်ကွက်များက ပြောဆိုသည်။         ။
yangon press international........

No comments:

Post a Comment