Monday, April 2, 2012

အမေ စုကြောင့် မြန်မာ ဆိုတာကို ကမ္ဘာ က သိသွားပြီဟေး

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့  လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို အနိုင်ရအောင်မဲပေးခဲ့ကြတဲ့ ပြည်သူ လူထုကို ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်စကား ပြောကြားလိုက်ပါတယ်။
ဒီကနေ့မနက်က ရန်ကုန်မြို့ အန်အယ်လ်ဒီ ဌာနချုပ်မှာ  (၅)မိနစ်ကြာမိန့်ခွန်း ပြောကြားရာမှာ  ပြည်သူ လူထုတွေ ထောက်ခံအားပေးတဲ့အတွက် အနိုင်ရရှိတာဖြစ်တဲ့ အကြောင်း အောင်ပွဲခံနေရုံနဲ့ မပြီးသေးဘဲ ရှေ့ဆက်ပြီး ဒီထက်ပိုပြီးလုပ်ဆောင်စရာတွေ ရှိသေးတယ်လို့ ပြောပါတယ်။ မနေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ (၄၄)နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ( ၄၃) နေရာမှာ အနိုင်ရတယ်လို့  အန်အယ်လ်ဒီက ကြေညာထားပါတယ်။  ရှမ်းပြည်မြောက်ပိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၃) မှာတော့ မဲစာရင်းတွေ အပြည့်အစုံမရသေးလို့ ရလဒ်မသိရသေးပါဘူး။

ဒီဗွီဘီဟုတ်ပါတယ် မနေ့ ကတည်းက နိုင်ငံတကာ ရုပ်သံတွေမှာ အမေစုကို ကြိုဆိုနေကြတာတွေ  ကမ္ဘာတ၀ှမ်းက လူထုတွေ အမေစု ပါတီကိုမဲပေးတာတွေ ကို TV မှာ တမျိုး ရေဒယိုက တဖုံ  နားထာင် ကြည့်ရှုနေကြပါတယ် ကျွန်တော် နေတဲပ ကိုရိးယားမှာလဲ ဘယ်နေရာသွားသွား လူတိုင်းက စိတ်ဝင်စားစွာ စောင့်ကြည့်နေကြတဲ့ မြန်မာပြည်က ရွေးကောက်ပွဲ  အခု အမစုက အပြတ်နိုင်လိုက်တော့ လူသားတိုင်းက မျှော်လင့်နေတာဆိုတော့ ၀မ်းသာနေကြတာအမှန်ပါ အခုဆိုရင် ဗျာ ကျွန်တော် တို့စက်ရုံက မန်နေဂျာ ဆိုရင် အရင်က စကားပြောဖို့ အသာနေ သူ့နေရာနဲ့သူနေတာ အခုတော့ ဒီမန်နေဂျာလဲ ဟား မြန်မာ စုကြည် မြန်မာ စုကြည် ဆိုပြီး ခဏခဏလာပြောနေတယ် အရမ်းတော်တယ်  မြန်မာပြည်တိုးတက်တော့မယ် ဆိုပြီး ချီးကျူးစကားတွေ ပြောနေတာပေါ့ဗျာ မနက် မိုးလင်းကတည်းကကြားနေရတဲ့ ကိုရီးယား ရေဒီယို လိုင်းက အမေစု အကြောင်း ဒီနေ့တော့ မနက်ခင်းက  တကယ် ကြက်သရေရှိတာဘဲဗျာ   ဟိုအရင်ကဆို ဘယ်နိုင်ငံသွားသွား မြန်မာ ဆိုလဲမသိကြ ဘာမားဆိုလဲမသိကြ  အမေစု နာမည်ပြောပြမှ သိကြတာမျိုးတွေ ခဏခဏကြုံဖူးပါတယ်  အခုတော့လဲဗျာ ကမ္ဘာမှာမြန်မာဟေး ဆိုတာကို အမေစုက ရဲရဲဝံ့ဝံ့  လုပ် နိုင်ပါပြီ  အမေစု သက်တော် ရာကျော် ရှည်ပါစေဗျာ ...............ယောမြေ

No comments:

Post a Comment