Sunday, April 1, 2012

ကျောက်ပတောင်းက မဲလိမ်မှုတွေ

မန္တလေး ကျောက်ပန်းတောင်းမြို့နယ် ၊ လက်ပံပြားတိုက်နယ်အုပ်စုခွဲ ၊ စင်မြင်အုပ်စု မြင်သာရွာတွင် မဲပေးနိုင်သူဦးရေမှာ ၁၀၀ ခန့်သာရှိ သော်လည်း အခုအချိန်တွင် ကြိုတင်မဲ ကောက်ယူထားသည်မှာ ၇၀ ကျော်ပြီဖြစ်ကြောင်းသိရသည် ။
မတ်လ ၃၁ ရက်နေ့တွင်မှ ကြိုတင်မဲ စတင်ကောက်ခံခဲ့ခြင်းဖြစ်ပြီး ယနေ့ တစ်ရက်ထဲဖြင့် ကြိုတင်မဲ ၇၀ ရရန် ကောက်ယူသွားခဲ့ခြင်းဖြစ် သည်ဟု ဒေသခံအချို့ထံမှ စုံစမ်းသိရှိရသည်။
မသိနားမလည်သော ရွာသားများကို ခြိမ်းခြောက်ပြီး ကြိုတင်မဲကောက်ယူခဲ့သည့်အပြင် ခြင်္သေ့ကိုသာ မဖြစ်မနေထည့်ခိုင်းခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ယင်းလုပ်ရပ်ကို ဦးဆောင်သူများမှာ အဆိုပါ ကျေးရွာ၏ ဥက္ကဌဟောင်း ဦးစံသိန်း ၊ ဆယ်အိမ်မှုး ဦးစိုးရ ၊ ဦးတင်ညွန့် ၊ အုပ်ချုပ်ရေးမှုး ကိုမြင့်အေး ၊ ရပ်မိရပ်ဖ ဦးဖြိုးရ တို့မှာ ကော်မရှင် အဖွဲ့ဝင်များ မဟုတ် သော်လည်း ကြိုတင်မဲ လိုက်လံကောက်ယူနေကြောင်း သိရှိရပါသည် ။
ယင်းကိစ္စရပ်ကို ရွေးကောက်ပွဲကော်မရှင်သို့ တယ်လီဖုန်းနှင့်လည်းကောင်း၊ စာဖြင့်လည်းကောင်း တိုင်ကြားခဲ့သော်လည်း အရေးယူမှုမရှိသေးကြောင်း အန်အယ်လ်ဒီပါတီထံမှ စုံစမ်းသိရှိရသည်။

 The Express Times

No comments:

Post a Comment