Friday, November 8, 2013

ပြည်သူ့ဝန်ထမ်းအယောင်ဆောင်သူအား အရေးယူ


နေပြည်တော်၊ နိုဝင်ဘာ ၆

၎-၁၁-၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ၀န်တင် ကျေးရွာအုပ်ချုပ်ရေးမှူး မောင်ဖိုးတွဲ(၄၅)နှစ်အား ၀န်တင်ကျေးရွာမူလတန်းလွန်ကျောင်းကော်မတီဝင် ဦးမြင့်လွင်မှ ကျောင်းစစ်ရောက်ရှိနေကြောင်း
လာရောက်ပြောကြားသဖြင့် ကျောင်းသို့သွားရောက် ခဲ့သည်။ ကျောင်းသို့ရောက်သောအခါ ကျောင်းရုံးခန်းအတွင်း တိုက်ပုံအင်္ကျီအဖြူ၊ ကျောင်းစိမ်းလုံချည်၊ အင်္ကျီလက်ရှည်အဖြူဝတ်ဆင်ထားသော ဂန့်ဂေါမြို့နယ်၊ ကန်ကျေးရွာနေ နေမင်း(ခ)သားဇော်(၃၇)နှစ်အား တွေ့ရှိရပြီ်း ၎င်းသည် နေပြည်တော်ပညာရေးဝန်ကြီးဌာနမှဖြစ်ကြောင်း၊ ကျောင်းအဆင့်တိုးကိစ္စနှင့် စေလွှတ်၍ လာရခြင်းဖြစ်ကြောင်း၊ ၀န်တင်ရွာကျောင်းမှာ အလယ်တန်းအဆင့်တိုးရကြောင်း၊ ဘော်ဒါဆောင်အတွက်ငွေကျပ်(၁၇)သိန်းရမည်ဖြစ်ကြောင်း၊ ကွန်ပျူတာခန်းနှင့် ဆက်စပ်ပစ္စည်းများလည်း ရမည်ဖြစ်ကြောင်း၊ ဘိလပ်မြေအိတ်(၁၀၀)၊ သွပ်အချပ်(၂၀၀)လည်းရမည်ဖြစ်ကြောင်းနှင့် သယ်ယူစရိတ် အဖြစ်ငွေကျပ်(၁၀၀၀၀၀ိ/-)ပေးရန်တောင်းခဲ့သည်။ ထိုသို့တောင်းရာ ငွေအဆင်မပြေသေးသောကြောင့် ငွေကျပ်(၂၀၀၀၀ိ/-)သာယူသွားရန်ပြောသဖြင့် ၎င်းငွေအားယူကာ ရထားဖြင့် မြိုင်မြို့သို့ထွက်သွား ခဲ့ကြောင်း၊ ၎င်းပေးထားခဲ့သည့်ဖုန်းအားဆက်သွယ်ရာ ဘုရားတောင်ရွာမှဖုန်းဖြစ်သဖြင့် မသင်္ကာ၍ ညတွင်းချင်းပင် မောင်ဖိုးတွဲနှင့်ဦးမြင့်လွင်တို့(၂)ဦး မြိုင်မြို့သို့လိုက်သွားခဲ့ရာ ၅-၁၁-၂၀၁၃ ရက်နေ့ ၀၅၀၀ အချိန်တွင် နေမင်း(ခ)သားဇော်အား မြိုင်မြို့၌ တွေ့ရသောကြောင့်မေးမြန်းရာ လိမ်ညာခဲ့ကြောင်း သိရှိရသဖြင့် နေမင်း(ခ)သားဇော်အား ပေါက်မြို့မရဲစခန်း(ပ)၉၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၁၇၀ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

No comments:

Post a Comment