Wednesday, November 20, 2013

ဂန့်ဂေါမြို့၌ တစ်ရပ်ကွက်လျှင် မီးတိုင် ၂၅ တိုင်နှုန်းတပ်ဆင်


အောက်တိုဘာလတွင် လျှပ်စစ် မီးစတင်ရရှိခဲ့သည့် ဂန့်ဂေါမြို့၌ လမ်းမီးများ ထွန်းညှိရေးကို ပြီးခဲ့သည့် အောက်တိုဘာ အတွင်းက လုပ်ဆောင်ခဲ့ပြီး ယခုလတွင် ရပ်ကွက်အလိုက် တစ်ရပ်ကွက်လျှင် မီးတိုင် ၂၅ တိုင်နှုန်းဖြင့် လမ်းမီးများကို လိုက်လံတပ်ဆင် ပေးခဲ့ကြောင်း သိရသည်။ ဂန့်ဂေါမြို့တွင် လမ်းမီးများမီး လင်းရေးအတွက် စည်ပင်သာယာရေး အဖွဲ့သည် ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းက ဓာတ်မီးတိုင် ၁၁၂ တိုင်ကို အကောင်အထည်ဖော် တပ်ဆင်ပေးခဲ့သည်။ ယင်းနောက် ယခုလအတွင်း ဂန့်ဂေါမြို့ပေါ် လေးရပ်ကွက် အတွက် တစ်ရပ်ကွက်လျှင် လျှပ်စစ်မီးတိုင် ၂၅ တိုင်နှုန်း သတ်မှတ်ကာ ရပ်ကွက်များနှင့် ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဂန့်ဂေါမြို့ စည်ပင်သာယာရေး အဖွဲ့သည် အဖွဲ့ရန်ပုံငွေမှ အဓိက လမ်းမီးတိုင် ၁၁၂ တိုင်အတွက် တစ်လလျှင်မီတာခ ငွေကျပ် ရှစ်သောင်းဝန်းကျင် အကုန်အကျခံကာ မီးလင်းစေခဲ့ကြောင်း၊ လက်ရှိ ရပ်ကွက်လမ်းမီးတိုင်များ အတွက် ကျသင့်သော လစဉ်မီတာ ကြေးကို ယခုဘဏ္ဍာရေးနှစ် အတွင်း ပြည်သူများ၏ ပူးပေါင်းမှုဖြင့် လုပ်ဆောင်ရမည်ဖြစ်ပြီး လာမည့် ဘဏ္ဍာရေးနှစ်တွင် စည်ပင်သာ ယာရေး အဖွဲ့မှ တာဝန်ယူပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

No comments:

Post a Comment