Wednesday, October 9, 2013

၂၀၁၄ အတွက် ကိုရီး အလုပ်သမား အခြေခံလာစာ

 ၂၀၁၄ အတွက်  ကိုရီးယား အလုပ်သမားအခြေခံလစာကတော့ ထွက်ထားတာကြာပါပြီ ဒါပေမဲ့ မတင်ဖြစ်သေးလို့ မသိသေးတဲ့သူလဲ သိရအောင် တင်ပေးလိုက်ပါတယ်ဗျာ
ကိုရီးယားနိုင် ငံရဲ့အနိမ့်ဆုံးအ ခြေခံလစာသည်နှစ်စဉ် ပြောင်းလဲသတ်မှတ်ပေးလျက် ရှိရာ လာမည့်၂၀၁၄ ခုနှစ် ရဲ့ အနိမ့်အ ခြေခံ လစာ

ဒါကိုသိနှင့်ပြီးသောသူများလည်းရှိမည်ဖြစ်ပါသည်။အဲ့ဒါက တော့ ခုလာမည့် ၂၀၁၄ ခုနှစ်တွင် ၁ နာရီလုပ်အားခသည် ၅၂၁၀ ဝမ်ဖြစ်ပြီး၊ ၁ လ လုပ်အားခသည် ၁,၀၈၈,၈၉၀ ဝမ် ဖြစ်ပါသည်။
ဤပမာဏသည် အချိန်ပို လုပ်အားခမပါဝင် ပါ။အချိန်ပို ဆင်းမည်ဆိုရင် ၁ နာရီ လုပ်အားခ
၅၂၁၀ ×၁.၅ = ၇၈၁၅ ဝမ် ရရှိမှာဖြစ်ပါသည်။
အလုပ်လုပ်သော ရက်တွေကိုသာလျင် တွက်ပေးပြီး၊ပိတ် ရက်(အနီရက်)တွေမှာအလုပ်လုပ် လျင် အချိန်ပိုကြေးရရှိမှာဖြစ်ပါသည်။
ယခုလက် ရှိ ၂၀၁၃ ခုနှစ် ရဲ့အ ခြေခံလစာက တော့ ၁ နာရီ ကို ၄၈၆၀ ဖြစ်ပြီး၊ ၁ လ အ ခြေခံလစာကတော့ ၁,၀၁၅,၇၄၀ ဝမ်ဖြစ်ပြီး အချိန်ပို လုပ်ခ တော့ ၁ နာရီ ၇၂၉၀ ဝမ် ဖြစ်ပါသည်။
၎င်းသတ်မှတ်နုန်းအောက်လျော့ပေးလို့မရပါ။သူဌေးကသ ဘောကျလို့ ထိုထက်ပိုပေးလို့ရပါသည်။
ယခုသတ်မှတ်ပေးသော အ ခြေခံလစာသည် ၂၀၁၄ ခုနှစ် ၁ လပိုင်း ၁ ရက်နေ့မှ ၂၀၁၄ ခုနှစ် ၁၂ လပိုင်း ၃၁ ရက်နေ့အထိ အသက်ဝင် အကျုံးဝင် မှာဖြစ်ပါသည်။
ခုလက် ရှိ ၂၀၁၃ ခုနှစ်အ ခြေခံလစာမရရှိသောသူများလည်း ဖုန်းနံပါတ် ၀၃၂ ၄၃၁ ၅၇၅၇ သို့မေးမြန်းတိုင်ကြားနိုင် ပါသည်။ အားလုံးဘဲ စိတ်ချမ်းသာစွာဖြင့် ပန်းတိုင်သို့ အမြန်ရောက်ပီး အမိမြေသို့ အမြန်ဆုံး ပြန်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်

No comments:

Post a Comment