Thursday, October 3, 2013

တောင်ကိုရီးယား နိုင်ငံတွင် ရွှေတိဂုံ ပုံစံ ငြိမ်းချမ်းအေးစေတီတည်ထားကိုးကွယ်တော့မည်

ကိုရီးယားနိုင်ငံ ယုန်အင်မြို့တွင် မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံ ချစ်ကြည်ရေးအတွက် ငြိမ်းချမ်းအေးရွှေစေတီကို တည်ထားမည်ဖြစ်ပါသည်။ ငြိမ်းချမ်းအေးရွှေစေတီဖြစ်မြောက်ရေး ကော်မတီတွင် နာယက ဆရာတော်များအဖြစ် 
၁။ သကျသီဟ ဝဋံသကာ၊ ပါဠိ သိရောမဏီ၊ ဘီအေ၊ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဘိဓဇ မဟာ ရသ ဂုရု ဒေါက်တာ ဘဒ္ဒ န္တ ကုမာရာဘိဝံသ (ဥက္ကဌ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ တိပိဋက နိကာယကျောင်းတိုက်ကြီးများ၏ စီမံအုပ်ချုပ်မှု မဟာနာယက၊ န၀မမြောက် ဗန်းမော်ဆရာတော် ) 
၂။ အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂ သဒ္ဓမ္မာ ဇောတိကဓဇ ဒေါက်တာ ဥာဏိသရ (ဥက္ကဌ၊ အိန္ဒိယ သံဃမဟာနာယကအဖွဲ့၊ ကုသိနာရုံ ဆရာတော်၊ အိန္ဒိယနိုင်ငံ) 
၃။ ဂျုန်ဟာ ( ကိုရီးယား ဂျူန်ဂယဲဂိုဏ်း မဟာနာယက ဆရာတော်၊ ဥက္ကဌ၊ ဗုဒ္ဓဘာသာ အသံလွှင့်ဌာန ) 
၎။ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဘဒ္ဒ န္တ သဒ္ဒိယ ( ရွှေသုဝဏ်ကျောင်းတိုက်ဆရာတော် ) 
၅။ ဘဒ္ဒ န္တ နာရဒါဘိဝံသ ( လှရတနာကျောင်းတိုက် ဆရာတော်၊ ကျော်လေးကျော် ဆရာတော်၊ ရန်ကုန်မြို့ ညောင်တုန်း ပါဌိတက္ကသိုလ် ) တို့က ဆောင်ရွက်ပြီး ကိုရီးယား ယုန်အင်မြို့ ဘိုမု(န်)ဂျောန်ဆာ ကျောင်းထိုင် ဆရာတော် ဒေါဂ်ဆာန်တို့က ဦးစီးပြီး တည်ထားမည်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ကိုရီးယားနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံ တိုင်းရင်းသားများအားလုံး မြန်မာနိုင်ငံနှင့် ကိုရီးယားနိုင်ငံ ချစ်ကြည်ရေးအဖြစ် တည်ထားမည့် ငြိမ်းချမ်းအေးရွှေစေတီအတွက် လှူဒါန်းကြပါရန် နိုးဆော်အပ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း ငြိမ်းချမ်းအေးရွှေစေတီ ဖြစ်မြောက်ရေး ကော်မတီအတွက် အလှူငွေများ ကောက်ခံလျက် ရှိနေပါသည်။ 
ငြိမ်းချမ်းအေးရွှေစေတီကို ၁၀၈ မီတာ ဥာဏ်တော်အမြင့် တည်ထားမှာဖြစ်ပါသည်။ စေတီတော် အတွင်းတွင် ဗုဒ္ဓဘုရား ဆင်းတုတော်ပေါင်း တစ်သန်းကို ပူဇော်ထားပြီး စေတီတော် ၀န်းအတွင်းတွင် ၀ိပဿနာ တရား အားထုတ်ဆောင်များ၊ ရေကန်တော်၊ စေတီတော်ကို အတွင်းအပြင် ဖူးမျှော်ဆောင်၊ ပွဲတော်များ ကျင်းပနိုင်မည့် ကွင်းပြင်၊ မြန်မာ ဗုဒ္ဓ ဘုန်းတော်ကြီးကျောင်းနှင့် မြန်မာနိုင်ငံ ခရီးသွားများနှင့် ကိုရီးယားနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ့ တိုင်းရင်းသားများ၏ တည်းခိုနားနေဆောင်၊ ဘောလုံး ကစားကွင်း၊ ကားရပ်နားကွင်း၊ မြန်မာ့ ယဉ်ကျေးမှုပိုင်းဆိုင်ရာ ပြခန်းများကို တည်ဆောက်သွားမည်ဖြစ်ပါသည်။ မြေ တစ်ပေကို တစ်သောင်း ၀မ်နှင့် ဗုဒ္ဓဘုရား ဆင်းတုတော် တစ်သန်းဆူအတွက် တစ်ဆူလျှင် တစ်သိန်း ၀မ်တို့ဖြင့် သဒ္ဓါဖွေးဖြူ လှူဒါန်းနိုင်ကြပါသည်။

No comments:

Post a Comment