Tuesday, January 31, 2012

ဟား မြန်မာပြည်မှာ သယ်ာယူသုံးလို့ရ တဲ့ broad band ဈေးချတော့မယ်

WiMax New Service ကိုစတင် ၀န်ဆောင်မှုပေးတော့မှာဖြစ်ပြီး စတင်ဝန်ဆောင်မှုပေးမယ့် ဖေဖော်ဝါရီလ ၂ရက်နေ့မှာ ပုံမှန်တန်ဖိုးရဲ့ ဈေးနှုန်း ထက်ဝက်နီးပါး လျှော့ချရောင်း ချပေးသွား မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုဈေးနှုန်း လျှော့ချပေးရာမှာ ပုံမှန်တန်ဖိုး ကျပ်ခြောက်သိန်း သုံးသောင်း အစား ကနဦးတပ်ဆင်ခ ကျပ် သုံးသိန်းခြောက်သောင်းနဲ့ရောင်းချ မှာဖြစ်ပြီး နောက်ပိုင်း မှာတော့ ပုံမှန်ဈေးနှုန်းအတိုင်း သာ ရောင်းချ သွားမှာ ဖြစ်ပါတယ်။

အဆိုပါ WiMax New Service ဟာ အရင်လို Outdoor အင်တန်နာနဲ့ တိုင်ထောင်ပြီး သုံးစရာမလိုဘဲ Indoor ယူနစ် တစ်ခုတည်းနဲ့ သုံးလို့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အခုစတင် ၀န်ဆောင်မှုပေးမယ့်  WiMax New Service ကတော့ ငွေ သွင်းပြီးတာနဲ့ စတင်အသုံး ပြုလို့ ရတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင်အဆိုပါ WiMax New Service ကို ရန်ကုန်မြို့မှာရှိတဲ့ ဆေးရုံကြီး ၁၀ရုံကို တပ်ဆင်လှူဒါန်းမှု များ ပြုလုပ်သွားမှာဖြစ်တယ်လို့  Redlink Communications မှ တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

မီဒီယာ ခေတ်က စနေပြီထင်တယ်

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထားဝယ်ဒေသ စည်းရုံးရေးခရီးစဉ်အပေါ် သတင်းဌာနအသီးသီးရဲ့ သတင်းတင်ပြပုံတွေကိုကြည့်ရင်း နားထောင်ရင်းနဲ့ လွန်ခဲ့တဲ့ ၁၀-နှစ်နီးပါးခန့်က ကျနော်တို့ တင်ပြခဲ့ဖူး တဲ့ ဒီပဲယင်းခရီးစဉ်တင်ပြပုံနဲ့ အတော်ကွာခြားသွားပီဆိုတာကို သတိထားလိုက် မိပါတယ်။


 
၂၀၀၃ မေလ ဒီပဲယင်းခရီးစဉ်တုန်းကဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ ဘယ်နေ့ ဘယ်ကို သွားမယ်။ ဘယ်နေရာမှ ဟောပြောပွဲလုပ်မယ်။ ဒေသခံလူထုအခြေနေက ဘယ်လိုရှိတယ် စသဖြင့် ကြို သိနိုင်ဖို့ တယ်လီဖုန်းကိုဘဲ့အားကိုးပီး တချိန်လုံးဆက်နေရပါတယ်။ နော်ဝေး ကနေ မြန်မာနိုင်ငံဆီဖုန်းခေါ်ရ တာကလဲ ခက်သလားမမေးနဲ့။ ဆယ်ခါခေါ် တခါလောက်ဘဲ့ ၀င်ပီး ဈေးကလဲ အင်မတန်ကြီးပါတယ်။

အဲဒီလိုခဲရာခဲဆစ်မေးထားရတဲ့သတင်းတွေကို ည ၈-နာရီ ၉-နာရီဝန်းကျင်မှာ ကျနော်တို့ ပြည် ပအခြေစိုက် ရေဒီယိုတွေက ပြန်လွင့်တော့မှ တပြည်လုံးက လူထုက သိခွင့်ရတဲ့အခြေနေ မျီုးပါ။ တယ် လီဖုန်းဆက်လို့မရတဲ့နေ့ဆိုရင် ကျနော်တို့လဲ ဘာမှကိုလွင့်စရာမရှိတော့ သလိုဖြစ်နေတတ်ပါတယ်။


ဒါပေမဲ့ အခုတော့ သတင်းလိုက်ရတာက ဒီပဲယင်းခေတ်ကလိုမဟုတ်တော့။ တယ်လီဖုန်းခ ကုန်စရာမလိုဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ ဘယ်နေ့ ထားဝယ်ကိုရောက်မယ်။ ဘယ်နေရာတွေ ကိုသွားမယ်။ ဒေသခံလူထုက ကြိုဆိုဖို့ဘယ်လိုပြင်ဆင်နေတယ် ဆိုတဲ့သတင်းတွေ။ အထူးသဖြင့် ဓါတ်ပုံ တွေကို Face book မှာ မီနစ်ပိုင်းအလိုက်  တက်လာနေတာကို တွေ့နေရပါတယ်။


နည်းပညာက မီဒီယာကို ခေတ်ပြောင်းစေသလား

ဒီမေးခွန်းက မေးစရမလိုလောက်အောင် ရှင်းနေတဲ့မေးခွန်းဖြစ်နေပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုရင် ဒီပဲယင်းခေတ်နဲ့ ဒီနေ့ခေတ် သတင်းတင်ပြပုံကွာတဲ့ အပြင် ၂၀၀၇-ရွေဝါရောင် တော်လှန်ရေးကာ လနဲ့ ဒီနေ့ကာလ ကြားမှာတောင် သတင်းတင်ပြပုံတွေ က အတော်ကွာခြားသွားလို့ဖြစ်ပါတယ်။


၂၀၀၇ ၀န်းကျင်က မြန်မာနိုင်ငံမှာ အင်တာနက်ဖွင့်ပေးကာစဖြစ်ပီး သတင်းဓါတ်ပုံတွေ အင်တာနက်ပေါ်တင် ရင် အီလက်ထရောနစ်ပုဒ်မတွေနဲ့ ဖမ်းဆီးထောင်ချနေဆဲဖြစ်ပါတယ်။ အီးမေးလ်ပိုမှုနဲ့ ထောင်ဒဏ် ၆၅-နှစ်စီကျသွားခဲ့တဲ့ မင်းကိုနိုင် အပါဝင် ၈၈-မျိုးဆက်ကျောင်း သားတွေ။ ဘလော့ဂါ နေဘုန်းလတ်လို ပုဂိုလ်တွေကိုကြည့်ရင် သိသာနိုင်ပါတယ်။

ဒါပေမဲ့ အခုတော့ အခြေနေက ဒီလိုမဟုတ်တော့။ အီလက်ထရောနစ်ပုဒ်မနဲ့ ဖမ်းဆီးခံရသူတွေ အပါဝင် နိုင်ငံရေးအကျဉ်းသားအားလုံးနီးပါးကို ပြန်လွတ်ပေးထားတဲ့အချိန်။ အင်တာနက်တွေကို အ ယင်လိုသိပ်မထိမ်းချုပ်ဘဲ အတိုင်းတာတခုအထိ လွတ်ပေးထားတဲ့အချိန်ဆိုတော့ အင်တာနက်သုံးသူ တွေဟာ ကြောက်ရွံ့စရာမလိုဘဲ အမည်ရင်းတွေနဲ့ကို Face book ပေါ် ပေါ်တင် တင်နေကြတာဟာ တ ကယ့်အားရစရာ အပြောင်းလဲတခုအဖြစ် ကျနော်မြင်မိပါတယ်။

ဒါက Social media အပိုင်းပါ။ ဂျာနယ်တွေကိုကြည့်မယ်ဆိုရင်လဲ ၂၀၀၃။ ၂၀၀၇ နဲ့ အခု ၂၀၁၂ အကြား လုံးဝ ပြောင်းလဲသွားတာကို တွေ့ရပါတယ်။ ၂၀၀၃ ဒီပဲယင်းဖြစ်စဉ်တုန်းကဆိုရင် ဘယ် ဂျာနယ်ကမှ မရေးရဲတဲ့အပြင် ရေးခွင့်လဲမရှိပါဘူး။ ၂၀၀၇ မှာလဲ အလားတူ ခပ်ဆင်ဆင်ပါဘဲ့။ ထူးထူး ခြားခြား ဂျာနယ်တွေရဲ့အခန်းကန်ဒကို ကျနော်မတွေ့မိပါဘူး။

ဒါပေမဲ့ အခု ၂၀၁၁ နှောင်းပိုင်း နိုင်ငံရေး အကျဉ်းသားတွေလွတ်ပေးတဲ့သတင်းကနေစ ဂျာနယ်တွေရဲ့အခန်းကန်ဒ အတော်အရေးပါလာပီး သူတို့ရဲ့ အင်တာနက် ၀က်ဆိုက်ပေါ်မှာ ထူးခြားသတင်းတွေကို မီနစ်ပိုင်းအလိုက်ဖေါ်ပြလာနိုင်တာဟာ ဒီနေ ဂျာနယ်မီဒီယာခေါတ်ရဲ့ထူးခြားမှုဖြစ်ပါတယ်။

ပြည်ပမီဒီယာတွေကိုကြည့်မယ်ဆိုရင်လဲ ၂၀၀၃ ဒီပဲယင်းခေါတ်ကနဲ့ ဘာမှမဆိုင်တော့။ တယ် လီဖုန်းအခြေခံ မီဒီယာကနေ သတင်းထောက်ကိုယ်တိုင် ကွင်းဆင်းပေးပို့တဲ့သတင်းတွေအဖြစ်သို့ အ သွင်ပြောင်းလာနိုင်ခဲ့ပါတယ်။ နည်းပညာပိုင်းပြောင်းလဲမှုရဲ့ နောက်ထပ်ထူးခြားချက်ကတော့ DVB, VOA, RFA TV တွေပေါ်လာတဲ့အချက်ဖြစ်ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၁၀-နှစ်ဝန်းကျင် ၂၀၀၃- ဒီပဲယင်း ကာလတုန်းက ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့အရာတွေဖြစ်ပါတယ်။


နိုင်ငံရေးအမြင်။ သဘောတရားအယူအဆအပြောင်းအလဲနဲ့ မီဒီယာ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထားဝယ်ဒေသခရီးစဉ် သတင်းတင်ပြပုံ အပြောင်းလဲနဲ့ပါတ်သက်ပီး ကျနော်စဉ်းစားနေစဉ်မှာ တိုက်ဆိုင်စွာထွက်ပေါ်လာတဲ့သတင်းတပုဒ်ကတော့ ပြည်ပက မီဒီယာသမား တွေပါ ပါဝင်တဲ့ မီဒီယာ စီမီနာကြီးတခု ရန်ကုန်မှာ ကျင်းပနေတယ်ဆိုတဲ့သတင်းပါ။


ဒီ စီမီနာ ဘယ် လောက်အလုပ်ဖြစ်မလဲဆိုပီး စောဒကတက်သူတွေရှိကောင်းရှိနေ နိုင်ပေမဲ့ ပြည်ပမီဒီယာနဲ့ ပြည်တွင်း မီဒီယာသမားတွေ။ အစိုးရအရာရှိတွေအပါဝင် အားလုံးစားပွဲတခုတည်းထိုင်ပီး မီဒီယာအကြောင်း ဆွေးနွေးနိုင်တာကိုက မီဒီယာ ခေတ် အပြောင်းလဲတခုအဖြစ် ကျနော်က မြင်ပါတယ်။

"ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီများအား ဆန့်ကျင်ကြ"
"BBC, VOA ရန်တိုက်ပေးနေသည်။"
"RFA, DVB သွေးထိုးနေသည်။"
"ခလောက်ဆံ အကောက်ကြံ။ လေလှိုင်းသံ လူသတ်သမား။ နားမယောင်လေနဲ့ သတိထား"


ဆိုတဲ့ ကြွေးကြော်သံတွေကို နေ့စဉ်ထုတ် အစိုးရသတင်းစာနောက်ကျောဖုံးကနေ ဖယ်ပီးလို့ သိပ်မကြာ သေး ခင်မှာ အဲဒီသတင်းဌာနက ဌာနမှုးတွေကိုယ်တိုင် ရန်ကုန်က မီဒီယာ စီမီနာမှာ အစိုးရပြန်ကြားရေး အရာရှိတွေနဲ့ စကားတခုတည်းထိုင်ပီး ဆွေးနွေးနေတယ်ဆိုတာဟာ လွန်ခဲ့တဲ့ လပိုင်းတွေအထိ ဘယ် လိုမှ မဖြစ်နိုင်ဘူးလို့ ထင်ထားတဲ့အရာတွေဖြစ်ပါတယ်။

ဒါဟာ လက်ရှိအစိုးရအပါဝင် နိုင်ငံရေးနယ်ပယ်အသီးသီးမှာပါဝင်ပါတ်သက်နေသူတွေရဲ့ နိုင်ငံ ရေးအမြင်။ သဘောတရားအမြင်တွေပြောင်းလဲလာတာကြောင့်လို့ ကျနော်ကမြင်ပါတယ်။ လက်ရှိ အစိုးရကသွားနေတဲ့ လွတ်တော်အခင်းအကျင်းသစ်။ နိုင်ငံရေးပါတီတွေနဲ့ဆက်ဆံမှုပုံစံသစ်။ လူမျိုးစု လက်နက်ကိုင်အဖွဲ့တွေနဲ့ဆွေးနွေးမှုပုံစံသစ်။ နိုင်ငံတကာဆက်ဆံရေးပုံစံသစ်တွေပြောင်းလာရာကနေ Sate Holder တွေရဲ့ စဉ်းစားပုံတွေ။ Mindset တွေ။ သဘောတရားခံယူချက်တွေပြောင်းလဲလာတယ် လို့ ယူဆမိပါတယ်။

ဆရာကြီး ဒဂုံတာရာရဲ့ စကားလုံးကို ငှားသုံးရမယ်ဆိုရင်တော့ "ရန်သူမရှိ မိတ်ဆွေသာရှိ။ နိုင်ငံ ရေးလုပ်တယ်ဆိုတာ ရန်သူကိုမိတ်ဆွေဖြစ်အောင် လုပ်ခြင်းဖြစ်တယ်" ဆိုတဲ့ ဒသာနသစ်ကို မြန်မာနိုင် ငံသားတွေလက်ခံလာတဲ့သဘော။ အမြင်မတူ တို့ရန်သူဆိုပြီး နှစ် ၆၀။ နှစ် ၄၀။ နှစ် ၂၀- တိုက်လာတာ တွေကိုရပ်တန့်ပီး အချင်းချင်း ပူးပေါင်းဆောင်ရွက်နိုင်မှ ငါတို့တိုင်းပြည်နဲ့လူမျိုး သူများတိုင်းပြည်တွေ သူများနိုင်ငံတွေနောက် အမှိလိုက်နိုင်လိမ့်မယ်လို့ အမြင်မှန်ရလာတဲ့သဘောလို့ ကျနော်က မြင်မိပါ တယ်။


အရေတွက်မှ အရည်ချင်းသို့ မီဒီယာသမားတွေကိုယ်တိုင်ပြောင်းလဲရေး

နည်းပညာအရအပြောင်းအလဲ။ သဘောတရားအရ အပြောင်းလဲတွေပီးတဲ့အခါမှာတော့ မီဒီ ယာ သမားတွေကိုယ်တိုင်အပြောင်းအလဲလုပ်ဖို့လိုနေပီဆိုတာကို ဆွေးနွေးချင်ပါတယ်။ ဆိုလိုတာက တော့ ၂၀၀၃ ဒီပဲယင်းခေါတ်ကလို တယ်လီဖုန်းဆက်မရလို့။ တယ်လီဖုန်းလိုင်းမကြည်လို့ "သီးခံပါခင် ဗျား" ဆိုပီး ကျနော်တို့ ဆက်လက် ဆင်ခြေပေးနေလို့မရတော့။ "ဒီသတင်းနဲ့ပါတ်သက်ပီး အစိုးရတာ ၀န်ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်းမရှိပါဘူးခင်ဗျား" ဆိုပီးလဲ ကျနော်တို့ ဆက်လက် ဆင်ခြေပေးမနေသင့်တော့ပါ။


နောက်တခါ ၂၀၀၇ ရွေဝါရောင်တော်လှန်ရေးခေါတ် ကလို လုံခြုံရေးအကြောင်းပြပီး "လုံခြုံရေး အခြေနေအရ ပုံတွေကိုခိုးရိုက်ရလို့ တုန်-မှုန်ခြင်း သီးခံပါခင်ဗျား" ဆိုပီး ကျနော်တို့ ဆက်လက် ဆင် ခြေပေးနေရင်လဲ ပရိတ်သတ်က လက်ခံမှာမဟုတ်တော့။ အင်တာနက်နှေးလို့ပါလို့ အကြောင်းပြပီး ကိုယ်သတင်းထောက်ဆီကပုံမရဘဲ့ Face book ပေါ်က ပုံတွေချည်းစွတ်တင်ပြသနေတာမျိုးကိုလဲ ပရိ သတ်က လက်ခံမှာမဟုတ်တော့။ ကျနော်တို့အားလုံး သတင်းထောက်ပီပီ ကွင်းထဲဆင်းပီး အလုပ်လုပ် ကြ ရပါတော့မယ်။

ပြည်တွင်း ပြည်ပ ဝေးကွာမှု။ ဆက်သွယ်ရေးအားနဲမှု။ နည်းပညာအားနဲမှု။ လုံခြုံရေးစိတ်မချရမှု စသဖြင့် စသဖြင့် အယင်ကရှိခဲ့ဖူးတဲ့ အကန့်အသတ်တွေကို ကျနော်တို့ ကျော်ဖြတ်ဖို့အချိန်ရောက်နေပါ ပီ။ ဒီအတွက် ကျနော်တို့ မီဒီယာ သမားတွေအားလုံး အလုပ်ကျိုးစားရပါလိမ့်မယ်။

တနာရီစာ သတင်းပြည့်ရေး။ နာရီဝက်စာ သတင်းပြည့်ရေးကို ဦးစားပေးခဲ့တဲ့ ခေတ်က နေ အဲ ဒီတနာရီစာလွင့်တဲ့သတင်းတွေက ပရိတ်သတ်အတွက် ဘယ်လောက်အကျိုးရှိနိုင်သလဲ။ လွင့်တဲ့သ တင်းတွေအားလုံး စံချိန-စံညွန်းမှီရဲ့လား။ သတင်းကျင့်ဝတ်နဲ့ညီရဲ့လား။ စသဖြင့် အရေတွက်ခေတ်က အရည်ချင်းခေတ်ကို ကျနော်တို့ပြောင်းရပါလိမ့်မယ်။ တက်လှမ်းရပါလိမ့်မယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံက လွတ်လပ်တဲ့ မီဒီယာတွေလိုမျီုးဖြစ်လာအောင် ကျနော်တို့ မီဒီယာသမားတွေ ကြိုးစားရပါလိမ့်မယ်။ နိုင် ငံတကာနဲ့ယှဉ်နိုင်တဲ့သတင်းတင်ပြမှုတွေဖြစ်လာအောင် ကျနော်တို့ ကျိုးစားရပါလိမ့်မယ်။

ဒါတွေ ဒါတွေဟာ ဒီနေ့ပြောင်းလဲဖြစ်ပေါ်နေတဲ့ မီဒီယာ ရေစီးကြောင်းအပေါ် ရှုမြင်ချက်ဖြစ်ပါ တယ်။ တချိန်တည်းမှာဘဲ့ လက်ရှိတိုးတက်ဖြစ်ထွန်းနေတဲ့ နိုင်ငံရေးလမ်းကြောင်းကနေ နောက်ပြန်ကျ မသွားအောင်။ လူသုံးများနေတဲ့စကားလုံအရဆိုရင်တော့ "နောက်ပြန်ဆုတ်လို့မရတော့တဲ့ ခိုင်မာတဲ့ အ ပြောင်းလဲ" ဖြစ်သွားအောင် ကျနော်တို့အားလုံး ၀ိုင်းဝန်းကျိုးပန်းဖို့ အချိန်ရောက်နေပီဖြစ်ကြောင်း တင် ပြလိုက်ရပါတယ်။

Sunday, January 29, 2012

လူသားက အရာသာရှိတယ်ဆိုဘဲ

ဖိလစ်ပိုင်နိုင်ငံသူအမျိုးသမီးတစ်ဦးသည် လူသားစားခြင်းကို အင်မတန်ခုံမင်သူဖြစ်ပြီး လူပေါင်း ၃၁ ဦးကို သတ်ဖြတ်စား သုံးခဲ့ပြီး ဖြစ်သည်။
သူမသတ်ဖြတ်ထားသော လူအစိတ်အပိုင်းများကို ရေခဲသေတ္တာ တွင် သိမ်းဆည်းထားသည်ကို ရဲများ လက်ပူးလက်ကြပ် ဖမ်းမိခဲ့သည်။
ခင်ပွန်းကိုပါ သတ်ဖြတ်စားသုံးခဲ့ပြီး အိမ်နီးဝန်းကျင်ရှိ မိတ်ဆွေများကိုပင် ချက်ပြုတ်ကျွေးမွေးလိုက်သေးသည်။
အလွန်အရာသာရှိသော်လည်း မည်သည့် အသားမှန်းမသိ စားသုံးနေကြသည့် လူများသည် သံသယဝင်ကာ ရဲများသို့တိုင်ကြားခဲ့ရာ ယခုကဲ့သို့ စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရေခဲသေတ္တာထဲမှာ လူးသားလေးတွေ တွေ့လား:P

အမေ စု ထားဝယ်ကိုသွားပြီ




ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်တွင် ထားဝယ်မြို့ခံ ပြည်သူသိန်းချီက လမ်းဘေးဝဲယာတလျှောက် ကြိုဆိုနှုတ်ဆက်နေကြသည်။
 လမ်းပိတ်ဆို့မှုများဖြစ်ပွားလျက်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်ယာဉ်တန်းသည် လောင်းလုံမြို့နယ် သို့ထွက်ခွာလျက်ရှိသည်။
 ဒေါ်အောင်ဆန်းစုကြည်၏ယာဉ်တန်းနောက်မှ တိုက်ရိုက်သတင်းပေးပို့နေပါသည်။
 ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်တွင် ထားဝယ်မြို့ခံ ပြည်သူသိန်းချီက လမ်းဘေးဝဲယာတလျှောက် ကြိုဆိုနှုတ်ဆက်နေကြသည်။
 ဒေါ်အောင်ဆန်းစုကြည်ယာဉ်တန်းဖြတ်သန်းရာ လမ်းမတလျှောက်လုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလံတော်များ ဝှေ့ယမ်းကြိုဆိုနေကြသည်။
  ကျမကို ထောက်ခံတာနဲ့ တန်အာင် ကျမတို့က အလုပ်လုပ်မယ်
  ဒေါ်အောင်ဆန်းစုကြည်ယာဉ်တန်းတွင် ယာဉ်စီးရေ စုစုပေါင်း ၆၀ ကျော် လိုက်ပါနေပြီး ဆိုင်ကယ် အရေအတွက်မှာ မရေမတွက်နိုင်အောင် များပြားလှသည်။
  လူတိုင်း၏လက်ထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခွပ်ဒေါင်းအလံငယ်များ ကိုင်ဆောင် ဝှေ့ယမ်းနေကြသည်။
  ထားဝယ်မြို့ခံအချို့က ဒေါ်အောင်ဆန်းစုကြည်၏ ကားတန်းကို လက်ပြရင်း မျက်ရည်များ ကျကာ အော်ဟစ်ငိုကြွေးနေကြသည်။
  လောင်းလုံမြို့သို့ သွားနေစဉ် အင်တာနက် ခေတ္တပြတ်တောက်နိုင်ပါသည်။ ထို့ကြောင်း နောက်ဆုံးသတင်းများတင်ပေး၇န် မဖြစ်နိုင်သေးပါ။

အော် မီးကိုတော်တော်ချစ်နေကြတာဘဲ


ရမည်းသင်းခရိုင်-ပျော်ဘွယ်မြို့
နယ်..ရှိအမှတ်(၁)စက်မှုဝန်ကြီးဌာနပိုင်-ချည်မျှင်စက်ရုံတွင်
(28-1-2012)နေ့  နေ့လည်(2း15)တွင်မီးလောင်မှုဖြစ်ပွားကျော်သာဆောက်လုပ်ရေးဝန်ထမ်းတန်းလျား(၁)လုံးနှင့်ရှင်းလင်းဆောင်တစ်ခုလုံးမီးလောင်ခဲ့ပီးပျက်စီးခဲ့ပါသည်။ 


ဆုံးရှုံးမှုတန်ဖိုးမှာသိန်း(100)ကျော်ရှိခဲ့သည်.၄င်းမီးလောင်မှုဖြစ်ရခြင်းမှာပေါ့ဆမီးကြောင့်
ဖြစ်နိုင်ကြောင်းသိရှိရပြီး၊  ညနေ(53း5)မိခန့်မှာမီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။

သဆုံး ဒဏ်ရာရသူမရှိကြောင်း ဆက်လက် စုံစမ်းသိရှိရပါသည်။

Monday, January 23, 2012

မိန်းကလေးတွေများ အင်တာနက်မှာ သတိထားစေချင်

ကျာက်မဲမြို့က န၀မတန်း ကျောင်းသူလေးတွေ အင်တာနက် မှာတွေ့တဲ့ သူတစ်ယောက်ဆီကို မိဘတွေ မသိအောင် တိတ်တိတ်လေး သွားခဲ့တဲ့ အဖြစ်အပျက်ကတော့ အံသြထိတ်လန့်စရာပါ။ သူတို့လေးတွေ ကံကြီးပေလို့သာပေါ့။
ဖြစ်ပုံကတော့ ကျောက်မဲမြို့ အထက (--- ) မှ န၀မတန်းကျောင်းသူလေး သုံးယောက်ဟာ  အင်တာနက်ဆိုင်တွေမှာ chatting ထိုင်ရင်း ရန်ကုန်မှာနေတဲ့ ကို ------- ( Ph No. ------)   နဲ့ ခင်မင်မိကြပါသတဲ့။ ဖုန်းအဆက်အသွယ်လည်း ရှိတယ်လို့ဆိုပါတယ်။ online chatting တို့သဘာဝအတိုင်း အပြင် မှာ တွေ့ကြရအောင် ဘာညာပေါ့လေ။ နောက် chatting ခဏခဏ လုပ်ကြရင်း ကျောင်းသူလေးတွေက ရန်ကုန်လိုက်သွားဖို့ စိတ်ဝင်စား လာကြပါတယ်။
ကျောက်မဲက ရန်ကုန်ကို သွားချင်ရင် လွယ်လွယ်လေးရယ်လေ၊  ကျောက်မဲကို နေ့လည် ၂ နာရီခွဲလောက်မှာ ဆိုက်တဲ့ လားရှိုး-ရန်ကုန် Bus ကားတွေနဲ့ လိုက်သွားရင် နောက်နေ့မနက် ၄ နာရီဆို ရန်ကုန်ရောက်ပြီပေါ့။ ကားခက တစ်သောင်းခွဲလောက် ပေးရတယ်လေ။ အဲဒါကို မချောတို့ အချင်းချင်း တိုင်ပင် ကြပြီး မိဘဆင်ထားတဲ့ ရွှေဆွဲကြိုးကို ရောင်းပြီး 15.1.2012  (တနင်္ဂနွေနေ့) က ရန်ကုန်ကို လိုက်သွားခဲ့ ကြပါတယ်။ လိပ်စာလည်း မသိပဲလိုက် သွားခဲ့ ကြတာနော်။ ရန်ကုန်ရောက်တော့ ကားဂိတ်ကနေပြီး- ကို ……….. ဆီကို  ဖုန်းဆက်ခေါ်ပြီး လဘက်ရည်ဆိုင်ကနေ စောင့်နေခဲ့ကြပါတယ်တဲ့။ အဲဒီကို ……... ဆိုတာက လူပျိုကြီး (over 30) တဲ့။ နောက်အဲဒီလူ- ကို ……… လည်းရောက်လာရော သူထင်ထားတာက အရွယ်ရောက်ပြီး မိန်းကလေး အခု တွေ့လိုက် ရတာက ၁၅ နှစ် ၀န်းကျင် ၉ တန်း ကျောင်းသူလေးတွေဆိုတော့ တွေ့တွေ့ပြီးချင်း သူပြောတဲ့စကားက " ကလေးတွေပဲ " တဲ့လေ။ အဲဒါနဲ့ ကို ……… လည်း ကောင်မလေးတွေကို အိမ်ကို ခေါ်သွားရတော့တာပေါ့လေ။
ကျောက်မဲမှာကလည်း မိဘတွေက ညရောက်လို့ ပြန်မလာတဲ့ သမီးတွေကို စိတ်ပူပြီး လိုက်ရှာကြတဲ့အခါ ရန်ကုန်ကားနဲ့ လိုက်သွားတဲ့ အကြောင်းသိရ ပါတယ်။ နောက်သူတို့ သုံးယောက်နဲ့ ရန်ကုန်လိုက်မယ် လုပ်ပြီးမှ မလိုက်ဖြစ်တဲ့ ကောင်မလေးဆီ သတင်းစုံစမ်းတဲ့အခါ ကောင်မလေးက ပထမပိုင်းမှာ သူမသိဘူး ပြောတာတဲ့။ အဲဒါဆိုရင် နင်အဖမ်းခံရမယ် ဘာညာပြောမှ ကို ………… ရဲ့ ဖုန်းနံပတ်ကိုရတာ။ အဲဒါ ကျောက်မဲ ရဲစခန်းကတဆင့် ရန်ကုန်  ရဲစခန်းကို လှမ်းကြောင်းကြားလို့ ရန်ကုန်ကရဲတွေ ကို………. ရဲ့ အိမ်ကို  ရောက်သွားတဲ့အခါ ကျောင်းသူလေး သုံးယောက်ကို အဲဒီအိမ်က ကလေးတွေနဲ့ ကစားနေတာတွေ့ ရတယ်တဲ့။ (ကလေးစိတ်မပျောက်၊ လူကြီးစိတ်မရောက်နဲ့ ဒါကြောင့် မနူးမနပ်အရွယ်လို့ ခေါ်တာထင်ပါရဲ့) ရန်ကုန် ရဲစခန်းရဲ့အကြောင်း ကြားချက်အရ  ကျောက်မဲက မိဘများက ရန်ကုန်ကို လိုက်သွားပြီး ပြန်ခေါ်လာခဲ့ကြတယ်တဲ့။
ဒီကျောင်းသူလေး သုံးယောက်ဟာ လူကောင်းတစ်ယောက်ဆီ ရောက်သွားလို့ ကောင်းကောင်းမွန်မွန် ထိန်းသိမ်း စောင့်ရှောက်ထားတာကို ခံခဲ့ရတာနော်။ မသူတော် စားဖားတွေနဲ့များ တွေ့သွားရင် ဘ၀ပျက် ရောင်းစားခံရမှာ။
ကဲ chatting မင်းသား/မင်းသမီး ကိုကိုQ ၊ မမQ တို့ရေ  Q တာလဲ Q ပါ၊  ဒါပေမယ့်။ တဘက်က သူဟာ ဘယ်အရွယ်လဲ၊ ဘယ်လိုလူများလဲ ဆိုတာ သေချာမသိရပဲနဲ့ တွေ့ဖို့ မကြိုးစားစေချင်ပါဘူး။ မိန်းကလေးတွေဆို ဘ၀ပျက်သွားနိုင်ပြီး၊ ယောက်ျားလေးတွေဆို  အရွယ်မရောက်သေးသူကို သွေးဆောင် ဖျားယောင်းမှုနဲ့ တရားစွဲခံရမှာက သေချာတယ်ေ

အချိန်နဲ့ တပြေးညီ သတင်းများ IT နည်းပညာများ ရုပ်ရှင်များ ကို စိတ်ဝင်စားစွာ

အောက်ပါ link များကိုသာ click ပါနော်http://www.thithtoolwin.com/
http://drlunswe.blogspot.com/
 http://www.yeyintnge.com/
http://htainlin2008.blogspot.com/(movice)နေ့စဉ်ရုပ်ရှင်
http://www.voiceofdaegu.org/
http://mwtv-burma.blogspot.com/
http://www.burmatoday.net/
http://www.shwedream.com
http://burma.irrawaddy.org/
http://ahuntphonemyat.wordpress.com/
http://moemaka.blogspot.com/
http://www.myanmarmobileapp.comမိုဘိုင်းပညာများ
http://myanmar-n-others-bloggers.blogspot.com/ နည်းပညာ
http://www.nyinaymin.org/ နည်းပညာများ
 http://neronnight.multiply.com/tag/gtalk နည်းပညာ...... ဆက်လက်ပြီးဖေါ်ပြပါမည်

ဆိုးလ်တာဝါသို့

























လာပြန်ပြီမီးတဲ့

w717f1
w717f2

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အမှတ် ၆ ရပ်ကွက် ကုန်းမြင့်ရိပ်သာလမ်း အမှတ် ၆ ရှိ စိန်မောင်ရုပ်ရှင် စတူဒီယိုဟောင်းတစ်ခု ဇန်န၀ါရီလ ၂၃ ရက်နေ့ နံနက် ၂ နာရီ ၁၅ မိနစ် အချိန်ခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။
အဆိုပါ စိန်မောင်ရုပ်ရှင်စတူဒီယိုကို လက်ရှိတွင် ဇာထိုးပန်းထိုး လုပ်ငန်းတစ်ခုအား ငှားရမ်းထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။

မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ "ကျွန်တော်က ဒီခြံနားက High Land Lodge Hotel ပိုင်ရှင်ပါ။ ကျွန်တော်တစ်ရေးနိုးတော့ အုန်းအုန်းဆိုတဲ့ အသံတွေကြားလို့ ကြည့်လိုက်တော့ မီးလောင်နေတာ ဖြစ်နေတယ်။ ဒါနဲ့ဖုန်းဆက်အကြောင်းကြားပေမယ့် ဆက်သွယ်လို့ မရတာနဲ့ ဂိုဒေါင်က လူတွေကားနဲ့သွားပြီး အကြောင်းကြားရတယ်။ အရင်က ရုပ်ရှင်စတူဒီယိုဟောင်းကြီးပါ။ အခုတော့ ဇာထိုး ပန်းထိုးလုပ်ငန်းကို ငှားထားတာပါ။ ရုပ်ရှင်စက်ပစ္စည်းအဟောင်းတွေနဲ့ လက်ရှိလုပ်ကိုင်နေတဲ့ စက်ပစ္စည်း တွေရှိပါတယ်။ အသံလုံဖို့အတွက် အသုံးပြုထားတဲ့စပါးခွံတွေလည်း ရှိသေးတယ်။ စက်ရုံတစ်ခုလုံးတော့ အားလုံးလောင်ကျွမ်းသွားတယ်"ဟု စိန်မောင်ရုပ်ရှင် စတူဒီယိုဟောင်း ပိုင်ရှင်၏သားဖြစ်သူ ဦးတင်ထွဋ်က ပြောပါသည်။

အဆိုပါမီးလောင်ကျွမ်းမှုကို မီးသတ်ယာဉ် ၃၃ စီး၊ အုပ်ချုပ်မှုယာဉ်သုံးစီးတို့ လာရောက်မီးငြှိမ်းသတ်ခဲ့ပြီး ၂ နာရီ ၅၀ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၃ နာရီ ၁၀ မိနစ် အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
EMG

Saturday, January 14, 2012

မိတ်ဆွေတို့ လောက တွင် အေးချမ်းသောနေရာကား

မြန်မာပြည်တွင် google sever ထားတော့မှာလား

ဂူဂဲလ်ဆာဗာကို ပြည်တွင်းမှာ လာထားမယ်ဆိုရင် အိုင်တီနဲ့ ပတ်သက်တဲ့ နည်းပညာသမား တွေ အခွင့်အလမ်းတွေ ပိုများလာနိုင်သလို ပိုပြီးကြိုးစားဖို့လည်း လိုအပ်တယ်လို့ သိရတယ်။

သည်ရက်ပိုင်းမှာ ဂူဂဲလ်ဆာဗာကို ပြည်တွင်းမှာ လာထားမယ်ဆိုပြီး သတင်းတွေကြားနေရပါ တယ်။ လာထားမယ်ဆိုရင် ဂူဂဲလ်က ရုံးခန်းလောက်ပဲ လာဖွင့်နိုင်တယ်လို့ ပြောတဲ့သူရှိတယ်လို့ ဆိုသူလဲ ရှိပါ တယ်။ ဂူဂဲလ်ဆိုတာ နည်းပညာလောကကို ဦးဆောင်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့အတွက် ပြည်တွင်းမှာ ဂူဂဲလ် ဆိုတာနည်းပညာလောကကို ဦးဆောင်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ အတွက် ပြည်တွင်းမှာ ဂူဂဲလ်ဆာဗာပဲ လာ ထားထား၊ ရုံးခန်းပဲလာထားထား အိုင်တီနည်းပညာသမားတွေအခွင့်အလမ်းတွေ ပိုတိုးလာနိုင်မှာဖြစ်တယ်လို့ သိရတယ်။

Fairway Web မှ ကိုအိမောင်က ' ဂူဂဲလ်ကိုကုမ္ပဏီကြီးက ပြည်တွင်းမှာ သူရဲ့ဆာဗာကို လာ ထားရင်တော့ ပိုကောင်းတာပေါ့။ ဂူဂဲလ်မှာ အလုပ်လုပ်ခွင့်ရဖို့ဆိုတာ နည်းပညာသမားတွေရဲ့ အိပ်မက်ပဲလေ၊ တခြားနိုင်ငံတွေမှာ အလုပ်သွားလုပ်ဖို့ဆိုတာ မလွယ်ကူဘူး၊ ပြည်တွင်းမှာ ဂူဂဲလ်ဆာဗာလာထားရင်တော့ ပိုပြီး ကြိုးစားခွင့်တွေရှိလာမယ်၊ ဂူဂဲလ်ကလဲ အလုပ်ခန့်မယ်ဆို အတော်ဆုံးတွေကိုပဲ ရွေးခန့်မှာပဲ' လို့ပြောပါတယ်။

တချို့နိုင်ငံတွေမှာတော့ ဂူဂဲလ်ရုံးခန်းလောက်ပဲ ဖွင့်ထားပြီး ဆာဗာကိုတော့ တခြားမှာထားလေ့ ရှိပါတယ်။ ဂူဂဲလ်ဆာဗာထားဖို့အတွက် လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေရှိရမှာဖြစ်သလို အချက်အလက် စင်တာတွေထားဖို့ အေးတဲ့ရသီဥတုလည်း ရှိရမှာပါ။ ဂူဂဲလ်က နည်းပညာဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံအချို့မှာ သူ့ရဲ့ ဆာဗာတွေထားပြီး နက်ဝပ်ခ်ချဲ့လေ့ရှိပါတယ်။ ဂူဂဲလ်က သူချမှတ်ထားတဲ့ ဂိုက်လိင်းတွေနဲ့ ပြည့်မီတဲ့နိုင်ငံတွေ မှာ ဒေတာစင်ဘာတွေ ထားလေ့ရှိပါတယ်။

အိုင်တီကျွမ်းကျင်သူတစ်ဦးက ' ဂူဂဲလ်ကဒီမှာ ရုံးခန်းလာဖွင့်မယ်ဆိုရင် ဂူဂဲလ်မှာ မြန်မာဘာသာနဲ့ လော့ဂ်အင်ဝင်လို့ရလာမယ်၊ ဂူဂဲလ်ဝန်ဆောင်မှုတွေက အရင်ကထက်ပိုပြီး မြန်လာမယ်၊ သူတို့ ရဲ့ အပလီကေးရှင်းတွေကိုလဲ မားကတ်တင်းဆင်းမှာပဲ' လို့ပြောပါတယ်။

စီးပွားရေးပိတ်ဆို့မှုရှိနေသေးတာကြောင့် ဂူဂဲလ်ဆာဗာပြည်တွင်းမှာတ လာထားမယ်ဆိုတာ ခုချိန်မှာ မဖြစ်နိုင်သေးပေမဲ့နောက်ပိုင်းမှာတော့ ဖြစ်လာနိုင်ခြေတွေရှိတယ်လို့ သိရတယ်။

Friday, January 13, 2012

ဦးခင်ညွန့် လွတ်လာပြီး အမေဒေါ်စုအားထောက်ခံအားပေး

ယနေ့လွတ်မြောက်လာသည့် ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း) အား ရန်ကုန်မြို့ရှိ ၄င်း၏ နေအိမ်တွင် တွေ့ရစဉ်
" နေကောင်းပါတယ်။ ကျန်းမာရေးလည်းကောင်းပါတယ်။ ပျော်တော့ပျော်တာပေါ့။ မိသားစုလည်းပျော်တယ်၊ လွတ်ပေမယ့်လည်း ကျန်တဲ့ တပည့်တွေရှိနေသေးတယ်။ ဟိုမှာ မလွတ်သေးတာပေါ့ကွယ်။ ကျန်တဲ့ တချို့လွတ်သင့်လွတ်ထိုက်တဲ့လူတွေလည်း ရှိနေသေး တယ်။ အားလုံးလွတ်ရင်တော့ ပိုကောင်းတာပေါ့။ အားလုံးမိသားစုတွေနဲ့ ဆုံကြတဲ့အချိန်မှာ ပိုကောင်းတာပေါ့။ သူတို့ကြီးပဲ ဒီလို လွတ်မြောက်လာတာ တစ်ကိုယ်ကောင်းဆန်တယ်လို့တော့ စိတ်ထဲမှာ ဖြစ်မိတယ်။ အားလုံးလွတ်ရင်ကောင်းမယ်။ လွတ်ပါစေလို့ပဲ ဆုတောင်းတယ်။ အချိန်ကာလတစ်ခုမှာ လွတ်လိမ့်မယ်လို့ ထင်ပါတယ်။ လက်ရှိအစိုးရကလည်း တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်နေမှာဆိုတော့ လွတ်လိမ့်မယ်လို့ ထင်ပါတယ်" ဟု ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း) က မီဒီယာများသို့ ပြောကြားခဲ့သည်။

ကို မင်းကိုနိုင်လွတ်လာပြီဟေး

သရက်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသော ကိုမင်းကိုနိုင်အား တွေ့ရစဉ်

ဒီမိုကရေစီလှုပ်ရှားမှုတွင် ဒေါ်အောင်ဆန်းစုကြည်နောက် ဒုတိယအထင်ရှားဆုံး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်အား သရက်နှင့်အောင်လံရှိ ထောင်နှင့်ချီသောပြည်သူများက ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိပါသည်။
ယနေ့ နံနက်ပိုင်းတွင် သရက်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသော ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် သရက်မြို့မှ ဧရာဝတီမြစ်ကို ကူးကာ အောင်လံမှတစ်ဆင့် ရန်ကုန်မြို့သို့ ပြန်လာနေကြောင်း သတင်းရရှိပါသည်။ သရက်မြို့မှ ထွက်ခွာလာသော ကိုမင်းကိုနိုင်အား ဧရာဝတီမြစ်ကမ်းဘေးတွင် ထောင်နှင့်ချီသော ပြည်သူများက ကမ်းလုံးပြည့်မျှ ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။ ထို့အပြင် ပြည်သူအချို့သည် ဧရာဝတီမြစ်အတွင်း စက်လှေများဖြင့် ကြိုဆိုခဲ့ကြကြောင်းလည်း သိရသည်။
“ကျွန်တော်တို့ တိုင်းပြည်မှာ အခြေအနေတွေအများကြီး ပြောင်းလဲလာပြီး လူတွေ ပျော်ပျော်ရွှင်ရွှင် ရဲရဲဝင့်ဝင့်နဲ့ ကြိုဆိုနေကြတာကို တွေ့ရပါတယ်။ လွတ်လွတ်လပ်လပ်နဲ့ တိုင်းပြည်အတွက် အများကြီး လုပ်နိုင်မှာပါ” ဟု ထောင်ချီသော ပြည်သူများ၏ ကြိုဆိုမှုကို မြင်တွေ့ရပြီးနောက် ကိုမင်းကိုနိုင်က ပြောကြားခဲ့ခြင်းဖြစ်ပါသည်။
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် သရက်ထောင်မှ လွတ်မြောက်ပြီး မီဒီယာများနှင့် တွေ့ဆုံစဉ်ကလည်း "ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့မှာပါ။ တွေ့ဖြစ်အောင် တွေ့မှာပါ။ သူရဲ့အလုပ်တွေကိုလည်း ကျွန်တော်ဝိုင်းကူလုပ်မှာပါ။ ရှေ့ဆက်လုပ်ကြမယ့် အလုပ်တွေကို လက်တွဲဆောင်ရွက်ကြဖို့ပါပဲ။ ကျွန်တော်တို့ သမိုင်းကိုတော့ အတတ်နိုင်ဆုံး အလှဆုံးဖြစ်အောင် နောက်ပြီး ကျွန်တော်တို့မျိုးဆက်ရဲ့ ဂုဏ်သိက္ခာလည်း ရှိအောင် ကျွန်တော်တို့ အတတ်နိုင်ဆုံးရေးခဲ့ပြီ ကျွန်တော်တို့ ကိုယ်ကောင်းစိတ်ဓါတ် အကျင့်ကောင်းတွေကို နောက်လူငယ်တွေကို ပြန်ပြီးတော့ မျှဝေခဲ့မယ်။ အခုပြန်လာတာဟာ ဒေါင်းတွေက အိုးဝေသံပေးပြီး ပြန်လာတာပါ။ ရှေ့ဆက်ပြီး ဒီမိုကရေစီ အရေးတွေကို အားနဲ့ ခွန်နဲ့ ဆက်လုပ်သွားမှာပါ။ အခု ကျွန်တော်ဘုရာဖူးဦးမှာပါ။ ပါတီအနေနဲ့တော့ ကျွန်တော်မစဉ်စားထားပါဘူး၊ သို့သော်လည်း ပါတီလုပ်မှ နိုင်ငံရေး လုပ်တာမဟုတ်ပါဘူး။ ဘယ်ကပဲလုပ်လုပ်ပါ၊ အပြင်ကလုပ်လို့လည်း ရပါတယ်။ ကျွန်တော်တို့ အရင်ကတည်းက ပါတီအနေနဲ့ လုပ်တာမဟုတ်ဘူး။ အဲဒီအတွက်တော့ အစီအစဉ်မရှိဘူး။သို့သော် ဒီမိုကရေစီ အရေးအတွက်တော့ ရှိသမျှအားနဲ့ ကျွန်တော် အလုပ်လုပ်သွားမှာ ဖြစ်ပါတယ်။ NLDနဲ့ကတော့ အရင်လိုပါပဲ။ လက်တွဲတော့မပျက်ပါဘူး။ ဒါပေမယ့် ကျွန်တော် ၀င်ဖို့ မ၀င်ဖို့သာ ရှိပါတယ်။ ဂျာနယ်တွေအနေနဲ့ လူကြီးတွေကို ပြန်ပြောပေးကြပါ။ ကျွန်တော်တို့ ဂျာနယ်တွေ ဖတ်ပါတယ်လို့။ Eleven ကရော ပါလားမသိဘူး။ ဒေါက်တာ သန်းထွဋ်အောင်ကို ပြောပေးပါဗျာ ကျွန်တော်တို့် ၁ ခြောက်လုံး အခွေကြည့်ရတယ်လို့ Congratulation လုပ်လိုက်ပါနော်။  Appreciate လုပ်ပါတယ်လို့ " ဟု ပြောကြားခဲ့ပါသည်။
သရက်မြို့မှ ပြန်လည်ထွက်ခွာလာသော ကိုမင်းကိုနိုင်သည် ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ရှိ နေအိမ်(အမှတ်-၄၇၂/ခ၊ ဇာနည် (၁၃) လမ်းအထက်၊ ၉ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်)သို့ ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်းသိရသည်။ ကိုမင်းကိုနိုင်လွတ်မြောက်မှုကို စောင့်မျှော်ခဲ့ကြသော ပြည်သူများနှင့် မိတ်ဆွေများသည်  ၎င်း၏နေအိမ်ရှေ့တွင် သွားရောက်စောင့်ဆိုင်း ကြိုဆိုကြရန် ပြင်ဆင်နေကြကြောင်းလည်း သိရှိရသည်။