Tuesday, January 10, 2012

မြန်မာပြည်ရဲ့ မီးဘေး

မြန်မာနိုင်ငံ တောင်ပိုင်း ရှိ အောက် မြန်မာပြည်မှ ၂၀၁၁ ခုနှစ် အတွင်း ပြည်နယ်နှင့် တိုင်း ဒေသကြီး အသီးသီးမှာ တစ်နှစ်တာ အတွင်း မီးလောင်မှု အကြိမ် ၄၀၀ကျော် ဖြစ်ပွား ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့ ၊ အောက်မြန်မာပြည် ဦးစီး ဌာနရှိ ညွှန် ကြားရေးမှူး ဦးသင်းဌေးရွှေရဲ့ ပြောပြချက် အရ သိရှိရပါတယ်။ အောက်မြန် မာပြည် ဌာန အတွင်း ရန်ကုန် ၊ ဧရာဝတီ ၊ ပဲခူးနဲ့ တနင်္သာရီ စတဲ့ တိုင်းဒေသကြီးနဲ့ ကရင် ပြည်နယ် ၊ မွန် ပြည်နယ်နဲ့ ရခိုင် ပြည်နယ်တို့မှာ မီးလောင်မှု အကြိမ် ၄၂၃ ကြိမ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ရခိုင် ပြည်နယ်မှာ အကြိမ် ၅၀ မီးလောင်ခဲ့ပြီး ခန့်မှန်း တန်ဖိုး ကျပ်သိန်း တစ်သောင်း တစ်ထောင့်တစ်ရာ့ငါးဆယ်ကျော်နဲ့ ဆုံးရှုံးမှု တန်ဖိုး အများဆုံး ဖြစ်ခဲ့ပါတယ်။ ရန်ကုန်တိုင်း ဒေသ ကြီးမှာတော့ ၁၇၇ ကြိမ် မီးလောင်ခဲ့ပြီး တစ်နှစ်တာ အတွင်း မီးလောင်မှု အ ကြိမ်ရေ အများဆုံး ဖြစ်ပွားခဲ့ပါတယ်။ ဆုံးရှုံးမှု တန်ဖိုးကတော့ ခန့်မှန်း တန်ဖိုးကျပ် ၁၃၃၆ သိန်းေ ကျာ် ဖြစ်ပြီး မီးလောင်မှုကြောင့် ဒုတိယ အများဆုံး ဆုံးရှုံးမှု ရှိခဲ့ပါတယ်။ ဧရာဝတီတိုင်း ဒေသကြီးမှာ စုစုပေါင်း ၅၂ ကြိမ် ဖြစ်ပွားခဲ့ကာ ခန့်မှန်း တန်ဖိုးကျပ် ၃၈၂ သိန်းကျော် ဆုံးရှုံးခဲ့ပါတယ်။ တနင်္သာရီ တိုင်း ဒေသကြီးမှာ  စုစုပေါင်း ၁၃ ကြိမ် ဖြစ်ပွားကာ ခန့်မှန်း တန်ဖိုးကျပ် ၂၁၇ သိန်းကျော် ဆုံးရှုံး ခဲ့ရပါတယ်။

ဆက်လက်ပြီး ပဲခူးတိုင်း ဒေသကြီးမှာလည်း မီးဖိုမီးကြောင့် ၂၁ ကြိမ် ၊ ပေါ့ဆမီးကြောင့် ၂၈ ကြိမ် ၊ အလိုအလျှောက် မီးကြောင့် ၂ ကြိမ် ၊ လျှပ်စစ်မီးကြောင့် ၅ ကြိမ်နဲ့ မသမာသူ ရှို့မီး ၆ ကြိမ် စုစုပေါင်း ၆၂ ကြိမ် ဖြစ်ပွားခဲ့ကာ ခန့်မှန်း တန်ဖိုးကျပ် ၂၇၈ သိန်းကျော် ဆုံးရှုံးခဲ့ တယ်လို့ သိရပါတယ်။ ဒါ့ အပြင် မွန် ပြည်နယ်မှာလည်း မီးလောင်တဲ့ အကြိမ် ၅၆ ကြိမ်မြောက် ဖြစ်ပွားခဲ့ပြီး ခန့်မှန်း တန်ဖိုး ကျပ် ၂၂၀ သိန်းကျော် ဆုံးရှုံးခဲ့ပါတယ်။ အဆိုပါ မီးလောင်မှု များထဲမှာ ပေါ့ဆမီးကြောင့် မီးလောင်မှု မှာ အများဆုံး ဖြစ်ပွားလျက် ရှိတယ်လို့ သတင်း ရရှိပါတယ်

No comments:

Post a Comment