Sunday, January 8, 2012

EPS ကိုရီးယား စနစ်ဖြင့် အလုပ်သမားများ ယခင်လမှအဆက်

လူတွေကပြောကြပါတယ် ကိုရီးယားမှာဆိုတော့ ငြိမ်းပြီပေါ့ သူဌေးပေါ့ ဟုတ်မှာပါ ၁၀၀ မှာ ၁ယောက်ပေါ့  အိုနဲ့နေတဲ့သူတွေလေ မှောင်ခိုပေါ့ ဘာလို့လဲဆိုတော့ ဒီကိုရီးယားမှာက eps နဲ့လာတဲ့ သူတွေအားလုံးဟာ ကိုရီယားမှာ အာမခံ ထားရတာက ပိုများပါတယ် ကျန်းမာရေးအားမခံဆို တလကို ၀မ်  ၅သောင်းနီးပါးပေးရတယ် ပြီးတော့ နိုင်ငံသားအခွန်၊ ၀င်ငွေအခွန် စသဖြင့်ပေါ့ တလကို အနည်းဆုံး ၀မ် တသိန်းလောက်ကတော့ ကိုရီးယား ကိုပြန်လုပ်ပေးနေရသိလုပါဘဲ ကန်သေးတယ်လာပြီ သူဌေးက အိမ်ဘဲပေးတယ် မီးဖိုးရေဖိုး ဂတ်စ်ဖိုး မပေးဘူးဆိုရင်တော့ လာပြီဟေး အနည်းဆုံး ၀မ် ၇ သောင်းကတော့ အသာလေးပါ အေးတော့ heater ကဖွင့်ရတယ်လေ တက်ပြီပေါ့မီတာ ကဘာတွေကျန်သေးလဲဖြတ်တာ စားစရိတ် စက်ရုံကမကျွေးဘူးဆိုရင်တော့ ကုန်ပေတော့ တနပ်ကို တသောင်း ဟဟဟဟ စိတ်ညစ်ပြီလား ရတဲ့လစာကလဲရှိပါသေးတယ် အခုဆို ကိုရီးယားမှာ အလုပ်လက်မဲ့မြန်မာတွေများနေတယ်လေ ဘာလို့လဲဆိုတော့ ကိုရီးယားကိုရောက်ချင်တာဘဲသိတာ ဒီရောက်တော့ ဒီကအလုပ်ကိုမလုပ်နိုင်ကြတာများပါတယ် ကိုရီးယားမှာက ရသလောက်ပင်ပမ်းပါတယ် သက်သာပါတယ်ဆိုတဲ့သူတွေက နည်းပါတယ် ဒီမှာက မြန်မာတွေအားလုံးဟာ ကာယာ လုပ်သားတွေပါ ဒီကိုရောက်တဲ့ သူတွေက အလုပ်ကို ခဏခဏပြောင်းတော့ မြန်မာနိုင်ငံမှာ စာမေးပွဲဖြေပြီးကျန်နေတဲ့သူတွေအတွက် အားနာဖို့တော့ကောင်းပါတယ် ရောက်လာတဲ့သူတွေကလဲ သက်သာတဲ့အလုပ်တော့ ရချင်ကြတာပေါ့ နောက်တခုပြောချင်ပေါသေးတယ် ကိုရီးယာကိုလာပြီးသာ လူတွအတွက်ပေါ့ ဒီလိုပါ တချို့ ကိုရီယားကို လာပြီး ပြန်သွားတယ် မြန်မာပြည်ကနေ နောက်passport နဲ့ လာတဲ့သူတွေလေ လေဆိပ်မှာ ကိုရီးယားလိုပြောလိုက်ရင်တော့ မြန်မာပြည်ပြန်ရမှာသေချာပါတယ် ဒီတော့ လေဆိပ် လ၀က မှာ ကိုရီးယားလိုတတ်သည်ဖြစ်စေ မတတ်သည်ဖြစ်စေ မပြောတာကောင်းပါတယ် ပြောလိုက်လို့ ကတော့ စစ်တော့တာဘဲဗျာ အေး အလုပ်ထဲရောက်ရင်တော့ပြောရမယ်လေ ကိုရီးယားတွေက သူတို့ ကိုရီးယားတွေက english လိုပြောတာကို မကြိုက်ကြဘူးလေ မတတ်တာလဲဟုတ်ပါတယ် တတ်တဲ့သူတွေကလဲ မပြောချင်ကြဘူး ကိုရီးယားကိုလာမယ်ဆိုရင်တော့ ကိုရီးယားဘာသာစကားတတ်ထားတာက အကောင်ဆုံးပါ  တို့ မြန်မာတွေက အလုပ်တွေ ခဏခဏပြောင်းလို့လား ဒါမှ မဟုတ် ပြင်းလို့လား ဟဟဟ သူများနိုင်ငံသားတွေဆို တလကို အနည်းဆုံး အယောက် ၅၀လောက် ကောလင်းတွေ ကျတယ်လေ တချို့ဆိုရင်  စာမေးပွဲဖြေပြီး ကောလင်းမကြလာလို့စောင့်နေရတာ ၁ နှစ် ၂ နှစ်ကြာတယ်လေ ရောက်လာတဲ့သူတွေကတော့ လစာ အနည်းဆုံး ၀မ် ၁၀ ကတော့ ကျန်ကြပါတယ် မြန်မာငွေနဲ့ဆိုရင်  ၆ သိန်းပေါ့  ဒီတော့ ကို၇ီးယားကို ရင်ခုန်နေတဲ့ သူုတွေအတွက် ရောက်လာမှ လစာကနည်း အလုပ်ကပမ်းဆိုရင်တော့ ပြောင်းကြတယ် မှောင်ခိုနေကြတယ်လေ  ဒါကမဆန်းပါဘူး  ကိုရီးယားရောက်ရင်တော့ အလုပ်က ဆက်တိုက်လုပ်ရမှာနော်  ဟုတ်သားဘဲ ကိုရီးယားက အလုပ်မရှိရင် မွဲသွားမှာပေါ့  တို့နိုင်ငံလို သရံဇာတာမှ မရှိတာ တို့နိုင်ငံက ဘာဖြစ်လို့ တွင်းထွက် သရံဇာတတွေ ပေါနေပါရက်နဲ့ ဘာလို့ သူများနိုင်ငံမှာ့ကျွန်လာခံနေ၇တာလဲ လူတိုင်းက ခံစားမိမှာပါ တနေ့တနေ့တော့ ဖြစ်လာတော့မှာပါ  ကို၇ီးက တကယ်တော့ IT နိုင်ငံလေ စက်မှုနဲ့ဘဲ တိုးတက်တယ် အလုပ်ကြိုးစားတယ် စည်းကမ်းရှိတယ် ကဲနောက်အပတ်မှ ဆက်လက်ဖတ်ရန်

No comments:

Post a Comment