Tuesday, February 28, 2012

ပြည်ပရောက်မိန်းကလေးများ ကိုပြောပြချင်တယ်


ပြောပြရမှာ ၀န်လေးမိတယ်။ အဖြစ်အပျက်တွေက ကြောက်စရာကောင်းလား
ရှက်စရာကောင်းသလားတော့ မကဲ့ရဲ့ချင်ဘူး။ လောလောဆယ်တော့ နားထောင်မိတာနဲ့တင်
မျက်နှာပျက်နေရပြီ....ဟီးဟီး.... ဒီနိုင်ငံသား လုပ်ဖော်ကိုင်ဖက်တစ်ယောက်ရဲ့
ဇနီးမယားက ဆေးခန်းတစ်ခုမှာ ကောင်တာထိုင်တယ်လေ။ ဆေးပေးဆေးယူ
လူခေါ်ငွေရှင်း အစုံလုပ်တာပေါ့။ သူ့အိမ်သွားလည်မိတာနဲ့ စကားဖောင်ဖွဲ့ပြီ အတင်းတွေ
တုတ်ပါလေရော။ မလေးမဆိုတော့ စကားကလည်း ခပ်များများနဲ့
အားမနာစတမ်းပြောချလိုက်တာ မြန်မာသတင်းတွေပဲ။ မြန်မာမှန်းသိလို့ မြန်မာသတင်းကို ပြောပြတာပေါ့။
သိထားသင့်တယ်ထင်လို့တဲ့။ နောက်ပြီ သူက ပြောသေးတယ် လူပျိုကြီးတွေ သတိထားတဲ့။
ဟဲဟဲ လို့ရယ်ချင်ပေမယ့် မျက်နှာပျက်နေရတော့ ပြုံးပြုံးလေးနဲ့ အရှက်ဖြေရတာပေါ့။ မြန်မာပြည်က
မိဘတွေကို သနားမိတယ်။ သမီးတစ်ကောင်နွားတစ်ထောင်အလား စိတ်မှပူမိကြရဲ့လား။ စိတ်ချလက်ချနဲ့
နိုင်ငံရပ်ခြားကို ပညာသင်ဖို့ ပို့လိုက်ပါတယ် ဇာတ်လမ်းတွေစုံလို့ဗျာ့။ ကျောင်းတက်တဲ့အရွယ်ဆိုတော့
၂၀ ၀န်းကျင်၊ မိဘအရိပ်အောက်မှာ မဟုတ်တော့ လွတ်လပ်မှုအပြည့်၊ နိုင်ငံရပ်ခြားမှာ နေရတော့
မိမိကိုကိုယ် ယုံကြည်တာလွန်ကဲ၊ အသက်အရွယ်က ငယ်သေးတော့ အတွေ့အကြုံကနည်း
အထွေထွေဗဟုသုတက မရှိ၊ ဖြစ်လာတော့ အရှက်ကွဲ အကျိုးနည်းတွေပေါ့ဗျာ။
ဟိုတလောက ကျောင်းသူတစ်ယောက် ကျောင်းပြီလို့ အလုပ်လျှောက်၊ အလုပ်ရတော့
ဆေးစစ်ရ၊ အဖြေထွက်တော့ ကိုယ်ဝန်နှစ်လတဲ့။ တော်သေးတာပေါ့ အလုပ်ရခါစ
အလုပ်မပြုတ်သွားတာ။ CV မှာ Single လို့လည်း ပြောသေး ဗိုက်ကြီးနဲ့ပါလားလို့
အထင်သေးတာ ခံရတော့မလို့။ ကိုယ်တိုင်ဆေးစစ်တော့ အဖြေသိသိချင်း ရှင်းလိုက်ရတာပေါ့။
အလုပ်ရှင်တောင်မသိလိုက်ဘူး။ ဒါပေမယ့် ဆေးခန်းကတော့ သိတာပေါ့...ဟဲဟဲ..... သြော်.....
ကိုယ့်ကိုကိုယ် ယုံကြည်လွန်းတာလည်း လွန်လွန်းပါတယ် ကိုယ့်ဗိုက်ထဲ ကလေးရောက်နေတာတောင်
မရိပ်မိပါလားနော်။ စကားမပြတ် ဖြတ်ချတဲ့အကြောင်းဘက် ရောက်သွားပြန်ရော။
သူတို့နိုင်ငံသားတွေကတော့ မရှက်ဘူးပေါ့ တည့်တည့်ချည်းကို ပြောချတာပေါ့။ ဒါကြောင့်ထင်တယ်
သူတို့နိုင်ငံက ဆရာဝန်တွေ အကျင့်ဖြစ်နေပြီ။ မိန်းကလေးတွေ ရက်ကျော်သွားလို့
ကျန်းမာရေးဖောက်လာလို့ ဆေးခန်းလာပြရင် ရည်းစားရှိလားလို့ တည့်တည့်မေးရော။
တော်သေးတာပေါ့ ဒီထက်ပိုပြီ တည့်တည့်မေးရင်တော့ ခက်ပြီ။ ရည်းစား ရှိတယ်ဆိုရင်
သံသယဖြစ်ပြီ ဆီးစစ်ခိုင်းရော။ ရှိရင် ဖြတ်ပေးမယ့် သဘောပေါ့။ အာရှနိုင်ငံတွေ
အနောက်နိုင်ငံလိုမှမဟုတ်ဘဲ အိမ်ထောင်မရှိဘဲ ကလေးယူလို့ဘယ်ရမလဲ။ သိပ်ပြီ
ယုံကြည်လွန်းတဲ့သူတွေကတော့ ပူပေါင်းကြီး ထွက်လာမှ လျှပ်တပြတ် မင်္ဂလာဆောင်ရတာပေါ့။
ဒါကြောင့်ထင်တယ် မိတ်ဆွေထဲက သူတွေ ဘာမပြော ညာမပြောဘဲ ရွာပြန်သွားပြီ မင်္ဂလာပြန်ဆောင်တယ်
ကြားကြားနေတာကိုး။ ပူပေါင်းကြီးက လွင့်လာပြီ ချစ်သူက အိမ်ထောင်သည်ဆိုရင် သေပြီဆရာ။ 
သဘာဝတရားကို ဘယ်သူတွေ ထိန်းနိုင်လို့တုန်း။ ဒါတွေက အပြစ်မဟုတ်ပါဘူး ကိုယ့်ကိုကိုယ်
ဒုက္ခမရောင်အောင် မကာကွယ်နိုင်တာအပြစ်ပါ။ ဒါကလည်း အထွေထွေဗဟုသုတနည်းလို့ထင်ပါရဲ့။
မြန်မာအသိုင်းအ၀ိုင်းဆိုတော့ လိင်အကြောင်းပြောရင် နားရှက်တယ် နားမထောင်ရဲကြတော့
ဘာမှနားမလည်တာ မထူးဆန်းပါဘူး။ နားမထောင်ရဲရင် စာအုပ်ဖတ်မလားဆိုတော့ စာအုပ်မ၀ယ်ရဲ။
ဒါကြောင့် ဘာမှမသိပေ။ သူတို့သိတာတစ်ခုတော့ရှိတယ် တားဆေးရှာဝယ်တတ်တယ်။
စင်္ကာပူက မြန်မာနိုင်ငံလို လမ်းဘေးဆေးဆိုင်တွေမရှိတော့ တော်တော်ခက်ခက်ခဲခဲရှာရတယ်။ တချို့
မိန်းကလေးတွေဆိုရင် Peninsula Plaza က မြန်မာဈေးဆိုင်တွေမှာတောင် လာမေးရဲသေး။
အခုနောက်ပိုင်းတော့ ဈေးရောင်းသူတွေကလည်း လာမေးတဲ့သူတွေများလာပြီဆိုတော့
မြန်မာပြည်က မှာပြီ ရောင်းနိုင်နေပြီပေါ့။ ဒီလောက်ပဲ သိကြတော့ ခက်တာပေါ့။
တခြားရောဂါတွေကိုရော ဘယ်လိုစဉ်းစားမလဲ။ မယုံမရှိနဲ့ မြန်မာကျောင်းသူတစ်ယောက်
ကျောင်းပြီလို့ အလုပ်ရတော့ ဆေးစစ်တာ HIV Positive တွေ့တယ်တဲ့။ ဘယ်လိုလုပ်မလဲ။
ဆေးခန်းက အဖြေကို သေချာတိကျအောင် အထပ်ထပ်အခါခါ စစ်တာ၊ အားမရသေးလို့
တခြားဓါတ်ခွဲခန်းတွေဆီပို့ပြီ ထပ်စစ်လည်း အဖြေက ဒါပဲ။ ပုံပြင်မဟုတ်ဘူး ဟိုအရင်တွေတုန်းကလည်း
အဲလိုတွေ့ခဲ့ဖူးတာပဲ။ တိုက်ရိုက်လာတဲ့သူတွေက ရွာမှာစစ်ခဲ့ကြတယ်ဆိုတော့ တွေ့ခဲတာပေါ့။
ဒီမှာနေတာကြာလာတော့ ထင်တိုင်းကျဲကြတယ်လေ။ ကလပ်လေးတက်လိုက် ဘားလေးထိုင်လိုက်
အဖြူကောင်တွေ တွေ့ရင် ၀င်စိလိုက်နဲ့ အကြောင်းတူရင် ခေါင်းဖြူနေပါစေ ဆွဲစိပြီသားပဲ။ ဒါတွေပြောနေရင် အေးအေးဆေးဆေးနေတဲ့ ကျောင်းသူတွေကို ထိခိုက်နေအုံးမယ်။
နောက်ထပ် ကျန်သေးတယ် စင်္ကာပူမြောက်ပိုင်းမှာ လုပ်စားနေတဲ့ ဇာတ်လမ်းတွေ အများကြီးပဲ။
လူနေကျဲတဲ့နေရာတွေလည်းဖြစ်၊ သာမန်အလုပ်သမားတွေ အမြောက်အမြားနေတတ်တဲ့နေရာလည်းဖြစ်တော့ ဈေးကွက်ကကောင်းနေတာပေါ့။
သူများပြောတာ ကြားဖူးသလိုပဲ ရန်ကုန်မြို့ပေါ် ပန်းခြံတွေကနေ အတုခိုးတာတဲ့။
အခင်းလေးတစ်ခုယူလာရုံနဲ့ ဘယ်ဟိုတယ်မှ မလိုဘူးတဲ့။ စင်္ကာပူမြောက်ပိုင်းမှာဆိုတော့ လူနေကျဲသလို
ချူံတွေကလည်းများတော့ ဟန်ကျတာပေါ့။ နေရာကိုတော့ တိတိကျကျမပြောပြချင်ဘူး ဟိုကျောင်းနဲ့နီးတယ်
ဒီကျောင်းနဲ့နီးတယ်ဆိုပြီ ၀ိုင်းနာနေကြအုံးမယ်။ ငွေဆိုတာ လူတိုင်းနဲ့တည့်တယ်လေ။ ' ၀ ' မရှိဘဲ ' ၀ိ '
လုပ်ချင်ရင်တော့ ' စ 'ကိုအဖျက်ခံရမှာပေါ့။ တစ်မျိုးမထင်နဲ့နော် စ လုံးကို အဆံဖြတ်လိုက်ရင် ၀ ရပြီလေ....ဟဲဟဲ.....
မိဘက ထောက်ပံ့နိုင်လားမနိုင်ဘူးလား မသိ၊ အမေ ကျောင်းစရိတ်ရှိရင်ရပြီ နေစရိတ် စားစရိတ်က
အချိန်ပိုင်းအလုပ်လုပ်လို့ရတယ်ဆိုပြီ အလွယ်လေးပြောဆိုခဲ့တာပဲ။ မိဘကတော့ အေလေ ငါ့သမီးက
တော်ပြီသားပါ ရုပ်ရည်ကလည်းရှိတယ်ဆိုတော့
အလုပ်တစ်ခုခုတော့ ရမှာပါလေ ဆိုပြီ စိတ်အေးလက်အေးနေကြတာပေါ့။ လိုက်ကြွားချင်ရင်လည်း
လိုက်ကြွားနေမှာပေါ့လေ။  ဒီရောက်တော့ ထင်သလိုမလွယ်ပါဘူး နေရာတိုင်း ပိုက်ဆံ ပိုက်ဆံ၊
တွေ့တဲ့အရာတိုင်း ၀ယ်ချင် ၀တ်ချင် လှချင် ပချင်ဆိုတော့ ဟဲဟဲ ကောင်းလိုက်တဲ့ အချိန်ပိုင်းအလုပ်
တစ်နာရီလုံး မတ်တပ်ရပ်နေရပြီ ဈေးရောင်းတာတောင် ၄ ဒေါ်လာမပေးချင်ကြဘူး။ ပန်းကန်ဆေးမလား
စားပွဲထိုးမလား ၈ ဒေါ်လာထက်မပို မတန်ပါဘူးလေ။ ပေးဈေးကိုက နည်းလွန်းတယ်။ နည်းမှာပေါ့
ပညာမတတ်တဲ့သူတွေရဲ့အလုပ်ကို ပညာသင်နေတဲ့သူတွေ သွားလုပ်နေတော့ အဲလိုပဲ ထင်မိမှာပေါ့။
အဲဒါဆို ဘာလုပ်ရမှာလဲ။ စပွန်ဆာရှာပြီပေါ့။ ရုပ်ရည်ကလည်း ချူချာနေရင် ဘယ်သူစပွန်ဆာပေးမလဲ။
မထူးပါဘူး ရရာဆွဲစိတော့။ ဒီနဲ့ပဲ မိဘတွေရဲ့ နောက်ကွယ်မှာ ထင်တိုင်းကျဲတော့တာပေါ့။
အဆင်အပြေရင် အိမ်ပြန်ပါလား ဆိုတော့ မပြန်နိုင်ပါဘူး ရည်ရွယ်ချက်ကပြင်းထန်လွန်းလို့လေ....ဟဲဟဲ......ဟုတ်ဘူး
ပတ်ဝန်းကျင်ကို ရှက်လို့လေ။ ဖြစ်ချင်တာဖြစ်ပေါ့ ကျောင်းပြီလို့  ဒီမှာ အလုပ်ရရင် ဒီအဖြစ်အပျက်တွေ
ပုံပြင်အဖြစ်ကျန်ခဲ့မှာပဲလေ။ နောင်ခါလာ နောင်ခါဈေးပေါ့ ရောမကိုရောက်ရင် ရောမလိုကျင့်ပေါ့။
မိဘတွေက အပြည့်အ၀ ထောက်ပံ့နိုင်ရင်တော့ ပြဿနာမရှိပါဘူး။ ဟိုခေတ်တွေတုန်းကဆို
မိဘက အရမ်းချမ်းသာမှ၊ သားသမီးကလည်း စာတော်မှ နိုင်ငံရပ်ခြားလွှတ်ပြီ ပညာသင်ခိုင်းကြတာလေ။
အခုတော့ တော်တော်တိုးတက်လာကြပါပြီ သာမန်လူလည်း နိုင်ငံရပ်ခြားမှာ ပညာသင်နေနိုင်ပါပြီ။
ဘယ်သူ့ထောက်ပံ့မှုမှ မလိုပါဘူး။ မိမိကိုယ်သာ ကိုးကွယ်ရာ ဆိုသလို ကိုယ့်အားကိုယ်ကိုးပြီ
ကျောင်းပြီးအောင်တော့ တက်နိုင်နေကြပါပြီ။ ဘယ်ရမလဲ မြန်မာလူမျိုးပဲ ကြံရည်ဖန်ရည်ရှိကြပါတယ်ကွာ။
ကိုယ်ကောင်းရင် ခေါင်းမရွေ့ပါဘူး မရွှေ့မိရင်ပေါ့။ ကိုယ့်လိပ်ပြာ ကိုယ်လုံရင် နုတ်ဆိတ်နေပြီ ဂုဏ်ယူလိုက်စမ်းပါ   အားလုံးအဆင်ပြေကြပါစေ... တခြားသော ဘလောက်မှ  ယောမြေ ရဲ့ လက်တွေ့တွေမပြောပြချင်သေးပါဘူး

No comments:

Post a Comment