Monday, February 13, 2012

ကိုရီးယားတွင် မြန်မာအလုပ်သမားကွယ်လွန်

ဂေါ်ဂျယ်မြို့၊ဒေဝူးသင်္ဘောကျင်းတွင်အလုပ်လုပ်ကိုင်နေသော ကိုသစ်လွင်အသက် ၃၀ နှစ်သည်၈.၂.၂၀၁၂(ဗုဒ္ဓဟူးနေ့)တွင် ဂေါ်ဂျယ်မြို့၌ ယာဉ်တိုက်မှုဖြစ်ပွားရာမှ ဆေးရုံသို့တင်ပို့ခဲ့ရာ ၉.၂.၂၀၁၂ (ကြာသပတေးနေ့) နံနက် ၅း၂၀ အချိန်တွင် ကွယ်လွန်သွားပါသည် ။ ၁၃.၂.၂၀၁၂ တနင်္လာနေ့ နံနက်၉း၀၀ နာရီတွင် ဂေါ်ဂျယ်မြို့ ဒေဝူးဆေးရုံမှ စတင်ထွက်ခွာ၍ နံနက် ၁၀း ၃၀ နာရီတွင် ထုံးရောင်းသုဿာန်၌ မီးသဂြိုဟ်ပါမည် ။
၁၅. ၂.၂၀၁၂ ဗုဒ္ဓဟူးနေ့တွင် ဘူဆန်မြို့ ပြည်တော်ဦးမြန်မာဘုန်းတော်ကြီးကျောင်းတွင် ရက်လည်ဆွမ်းကျွေးပြုလုပ်မည်ဖြစ်ပါသည်။
ကွယ်လွန်သူ၏လိပ်စာ
မောင်သစ်လွင် ၊တရုတ်စုကျေးရွာ၊ထန်းတပင်မြို့နယ် ၊ရန်ကုန်တိုင်း

No comments:

Post a Comment