Thursday, February 16, 2012

ကိုရီးယားအီးပီ အလုပ်သမားအတွက် ဒုတိယပတ်ခွဲတမ်းများကို ပထမအပတ်စဉ်အတိုင်းချမှတ်ထား ၂၀၁၂ အတွက်

ဆောအူးလ် ၊ ဖေဖေါ်ဝါရီ ၁၄
၂၀၁၂ခုနှစ် ဒုတိယ ၆ လပတ်အတွက် အီးပီစနစ်ဖြင့် ကိုရီးယားနိုင်ငံသို့ ခေါ်ယူမည့် နိုင်ငံခြားသား အလုပ်သမားအရေ အတွက်မှာ ပထမ ၆ လပတ်အတိုင်း ဖြစ်ကြောင်း နိုင်ငံခြားသား အလုပ်သမား မူဝါဒကော်မတီက ဖေဖေါ်ဝါရီ ၉ ရက်နေ့က ထုတ်ပြန်ကြေညာပါသည် ။
၂၀၁၂ ခုနှစ် ဒုတိယ ၆ လပတ် လုပ်သားခွဲတမ်းမှာ ၊ အောက်ပါအတိုင်း ဖြစ်ပါသည် -
- စုစုပေါင်း ခေါ်ယူမည့်အလုပ်သမား = ၁၆,၃၀၀
- ကုန်ထုတ်လုပ်ငန်း = ၁၄,၁၀၀
- စိုက်ပျိုးမွေးမြူရေးလုပ်ငန်း = ၁,၁၅၀
- ဆောက်လုပ်ရေးလုပ်ငန်း = ၃၀၀
- ငါးလုပ်ငန်း = ၇၂၀
- ဝန်ဆောင်မှုလုပ်ငန်း = ၃၀
အသေးစိတ်သိလိုပါက ၊ အလုပ်သမားဝန်ကြီးဌာန အတိုင်ပင်ခံဌာန 1350 သို့မဟုတ် 1544-1350 ထံ မေးမြန်းနိုင်ကြောင်း သိရသည် ။
ကိုရီးယားအီးပီစနစ်ဖြင့် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ခေါ်ယူလျက်ရှိကြောင်း ၊ မည်သည့်နိုင်ငံမှ အလုပ်သမားဦးရေ မည်မျှခေါ်ယူမည်ဟု ကြိုတင် သတ်မှတ်ထားခြင်းမရှိဘဲ ၊ ကိုရီးယား လုပ်ငန်းရှင်များ ဆန္ဒအရ ရွေးချယ်ခေါ်ယူနေခြင်းဖြစ်ကြောင်း ၊ ကိုရီးယား အလုပ်ရှင်အကြိုက်များသော နိုင်ငံသားများ အများဆုံးခေါ်ယူဖွယ်ရှိကြောင်းလည်း သိရသည် ။
သတင်းအခြေအမြစ်-
- http://www.eps.go.kr/
- http://www.moel.go.kr/

No comments:

Post a Comment